မဟာဗျူဟာကျကျသဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု
အလားအလာကောင်းသော မျှတချင့်ချိန်နိုင်သည့် စီးပွားရေးဆိုင်ရာအောင်မြင်မှု၊ ...
ပတ်ဝန်းကျင်နှင့် လူမှုတာဝန်ရှိမှု
ရာသက်ပန်တည်ရှိသောအဆောက်အအုံသည် အနာဂတ်မျိုးဆက်တို့၏စွမ်းပကားအတွက် ...
စဉ်ဆက်မပြတ် သတ္တုထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု
စွန့်စားသည့် စီမံခန့်ခွဲမှုဖြင့် အကူအညီထောက်ပံ့မှုသည် ကောင်းမွန်သောစီမံခန့်ခွဲမှု ...
လူသားအရင်းအမြစ်အတွက် မြှပ်နှံခြင်း
ကွဲပြားခြားနားခြင်းနှင့် တူညီသောအခွင့်အလမ်းများသည် မရှိမဖြစ်အလွန်အ ...

မြန်မာယန်စီကော့ပါးလီမီတက်မှ ကြိုဆိုပါသည်။

မြန်မာနိုင်ငံ၏ နံပါတ် တစ် ကြေးနီသတ္တုတွင်းတစ်ခု၏ သမိုင်းအချက်အလက်များ၊ လက်ရှိဖြစ်ပျက်နေသော သတင်းများ နှင့်တကွ ကျွန်ုပ်တို့၏ ၂၀၁၇ − ၂၀၁၈ ခုနှစ်အတွက် Sustainability Report နှင့်အတူ ၂၀၁၉ − ၂၀၂၀ ခုနှစ်အတွက် နိုင်ငံတကာ စံချိန်၊ စံညွှန်းများ နှင့်အညီ ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် အစီအစဉ်များကို တင်ဆက်ဖော်ပြသွားမည် ဖြစ်ပါသည်။ MYTCL သည် သတ္တု တူးဖော်၊ ထုတ်လုပ်မှုလုပ်ကိုင်သော အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစုကြီးတစ်ခု ဖြစ်ပြီး ဒေသခံမြန်မာဝန်ထမ်းများ၏ အကျိုးစီပွား၊ အမျိုးသား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကတိကဝတ်များ၊ ဒေသခံလူ့အဖွဲ့အစည်းများ နှင့် ယဉ်ကျေးမှုဓလေ့စရိုက်များ စသည်တို့၏ ရေရှည်တည်တံ့ခိုင်မြဲမှုကို အစဉ်အလေးထား လုပ်ဆောင်လျက်ရှိပါသည်။

ကျွန်ုပ်တို့ မြန်မာယန်စီကော့ပါးလီမီတက်၏ တိုးမြှင့်ပြုပြင်ထားသော ဝက်ဆိုက်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ မုံရွာဒေသ၏ နံပါတ် တစ် ကြေးနီသတ္တုတွင်း မှ ကြေးနီသတ္တုရိုင်းများအား ကြေးနီသတ္တု သန့်စင်ထုတ်လုပ်မှု လုပ်ဆောင်နေသည့် စက်မှုလုပ်ငန်းတစ်ခုအဖြစ် ကျွန်ုပ်တို့ ပူးပေါင်းပါဝင်လုပ်ဆောင်နေသော တိုင်းပြည်၏ အလှတရားများကို မျှဝေရန် နှင့် တာဝန်ယူမှုရှိသော သတ္တုတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခု အနေဖြင့် လူမှုရေးဆိုင်ရာ နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို ကာကွယ်ထိန်းသိမ်းလုပ်ဆောင်နေမှုများအား အလေးပေးဖော်ပြရန်မှာ ကျွန်ုပ်တို့ကြိုးစားအားထုတ်မှု၏ ရည်ရွယ်ချက်ပင် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများ၊ လုပ်ဆောင်မှုအစီအစဉ်များ၊ အနာဂတ်စီမံကိန်းအစီအစဉ်များ နှင့်ပတ်သက်၍ သင်တို့၏ အတွေးအမြင်များ၊ ထင်မြင်ချက်များ (သို့မဟုတ်) မှတ်ချက်များကို မျှဝေပေးရန်အတွက် နိုင်ငံတကာမှ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုဝင်များ နှင့် ဝေဖန်အကဲဖြတ်သူများကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ MYTCL သည် ကျွန်ုပ်တို့၏ ဝန်ထမ်းများအတွက် သာမက ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းများအတွက်ပါ တံခါးဖွင့်မူဝါဒ ကို ကျင့်သုံးလျက် ရှိပါသည်။... ဆက်ဖတ်ရန်

Strategy Report 2018-2019

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့၏ ကုမ္ပဏီ နှင့် ကျွန်ုပ်တို့၏ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များ

သမိုင်းကြောင်း
သမိုင်းကြောင်း
MYTCL တွင် နိုင်ငံတကာ လုပ်ဆောင်မှုအလေ့အကျင့်များ နှင့်အညီ လိမ္မာကျွမ်းကျင်စွာ စီမံလုပ်ဆောင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် ဂုဏ်ယူဖွယ်ရာ သမိုင်းကြောင်း တစ်ခု ရှိပါသည်။
မဟာဗျူဟာ
မဟာဗျူဟာ
S & K စီမံကိန်းတွင် ရှည်လျားသော ပိုင်ဆိုင်မှုဆိုင်ရာ သမိုင်းကြောင်းများ နှင့် သတ္တုတူးဖော်ထုတ်လုပ်မှု အလေ့အကျင့်များ ရှိပါသည်။
စီမံခန့်ခွဲမှု
စီမံခန့်ခွဲမှု
ပတ်ဝန်းကျင်လူမှုအဖွဲ့အစည်းထဲမှ ဝန်ထမ်းများ နှင့် ပေါင်းစပ်လုပ်ဆောင်မှုသည် MYTCL အောင်မြင်မှု၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။
၂၁ ရာစုခေတ်တွင် လူ့အဖွဲ့အစည်းများသည် လူနေမှုဘဝ၏ အကြောင်းကဏ္ဍတိုင်းတွင် သတ္တုအခြေခံထုတ်ကုန်များအပေါ် မှီခို အသုံးပြုနေကြရပါသည်။ ယခုအခါတွင် ဘူမိဗေဓဆိုင်ရာ သိပ္ပံပညာရှင်များ နှင့် အင်ဂျင်နီယာများသည် သတ္တုသိုက်နေရာများ ရှာဖွေဖော်ထုတ်ရန်အတွက် လိုအပ်လာပြီး ထိုနေရာများအားလုံးသည် လူမှုရေးဆိုင်ရာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ (သို့မဟုတ်) ပို့ဆောင်ထောက်ပံ့ရေးဆိုင်ရာကိစ္စများ စသည်တို့နှင့် လိုက်လျောညီထွေမှု မရှိနိုင်ပါ။ အဆိုပါအခြေအနေများသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများအား လက်ခံ ကိုင်တွယ်လုပ်ဆောင်ရခြင်း၊ ဒေသခံလူမှုအဖွဲ့အစည်းများ နှင့်အကြား ဆက်ဆံရေး၊ အစိုးရအဖွဲ့အစည်းများ နှင့် ပူးတွဲလုပ်ဆောင်၍ စွမ်းဆောင်ရည်တည်ဆောက်ရခြင်းတို့ကို တာဝန်ယူလုပ်ဆောင်ရမှုများ ပါဝင်သည့် သတ္တုတူးဖော်မှုလုပ်ငန်း၏ ခေတ်သစ်ဆီသို့ ခေါ်ဆောင်သွားပြီး MYTCL အား လူ ပထမဦးစားပေးမူဝါဒ၏အကျိုးအကျေးဇူးများကို ရယူရန်အတွက် တွန်းအားဖြစ်လာစေပါသည်။

နောက်ဆုံးရ သတင်းများ နှင့် လူမှုရေးဆိုင်ရာလုပ်ဆောင်မှုများ

MYTCL worker

ကျွန်ုပ်တို့၏ ချဉ်းကပ်မှု နည်းစနစ်များ

ကျွန်ုပ်တို့၏ လူမှုရေးဆိုင်ရာ နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပါဝင်လုပ်ဆောင်မှုများက ဘာတွေလဲ။

မဟာဗျူဟာကျ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူလုပ်ဆောင်မှု
မဟာဗျူဟာကျ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူလုပ်ဆောင်မှု
ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း တီထွင်လုပ်ဆောင်မှုများ နှင့်အတူ တာဝန်ယူမှုရှိသော ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်ခြင်းအားဖြင့် ရင်ဆိုင်ဖြေရှင်းလျက် ရှိပါသည်။
အုပ်ချုပ်မှုစနစ် နှင့်် ကြုံတွေ့လာနိုင်သောဆိုးကျိုး စီမံခန့်ခွဲမှု
အုပ်ချုပ်မှုစနစ် နှင့်် ကြုံတွေ့လာနိုင်သောဆိုးကျိုး စီမံခန့်ခွဲမှု
ကျွန်ုပ်တို့သည် အဖွဲ့အစည်းနှစ်ဘက်လုံးအတွက် အကျိုးစီးပွားများ ရရှိလာစေရန် လုပ်ဆောင်ပေးခြင်းဖြင့် ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း နှင့်အကြားတွင် အပြန်အလှန် ယုံကြည်မှုရှိပြီး ပွင့်လင်းမြင်သာသော ဆက်ဆံရေးကို တည်ဆောက်လျက် ရှိပါသည်။
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု
ကျွန်ုပ်တို့သည် မိုင်းပိတ်သိမ်းပြီးနောက်ပိုင်း ရေရှည်တည်တံ့ခိုင်မာသော လူနေမှုအခြေခံများ တဆင့်ခြင်းပြောင်းလဲဖြစ်ပေါ်လာစေရန်အတွက် လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ နှင့် SME စီမံကိန်းများအား ပတ်ဝန်းကျင်ဒေသကျေးရွာများတွင် ပါဝင်လုပ်ဆောင်လျက် ရှိပါသည်။

ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်

ကျွန်ုပ်တို့ ကိုယ်စီကိုယ်စီ၏ ဘဝများတွင် အလှဲ့အပြောင်းများ တစ်ကြိမ် (သို့မဟုတ်) တစ်ကြိမ်မက ကြုံတွေ့ရမည်မှာ မလွဲဧကန်ဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
 
အသေးစိတ်အမြင်အရ အလှဲ့အပြောင်းအခြေအနေအပေါ် ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ တုံ့ပြန်မှုများသည် ကျွန်ုပ်တို့ကိုယ်တိုင်၊ မိသားစုများ၊ မိတ်ဆွေးပေါင်းအသင်းများ နှင့်် ကျွန်ုပ်တို့အလုပ်လုပ်နေသော MYTCL အဖွဲ့အစည်းအပေါ် တိုက်ရိုက်သက်ရောက်မှုများ ရှိမည် ဖြစ်သည်။
 
ခြုံငုံကြည့်ရှုသည့်အမြင်အရမူ စီမံခန့်ခွဲမှုခေါင်းဆောင်များ၊ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ စသည့်သူများ၏ အလှဲ့အပြောင်းအခြေအနေအတွင်း ဆုံးဖြတ်ချက်များသည် ကျွန်ုပ်တို့နှင့် ပတ်သက်ဆက်နွယ်သောသူများ အားလုံးအပေါ် သက်ရောက်မှုများရှိမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် တချို့ပြင်းထန်သော ကိစ္စများတွင် အသက်ရှင်သန်ရေး စသည်တို့အပေါ် တိုက်ရိုက်သက်ရောက် နိုင်ပါသည်။
 

ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း

CSR နှင့် ဖွံ့ဖြိုးတိုးတက်မှု

စုစုပေါင်း ၂၅၂၅ ဟက်တာ

အနက် ၁၀၀၂.၃၅ ဟက်တာ
 
 

37.77%

တစ်ဆင့်ခြင်း တိုးမြှင့်လုပ်ဆောင်လျက်ရှိသော ရေရှည်တည်တံ့ခိုင်မြဲသည့် မိုင်းပိတ်သိမ်းမှု

သတ္တုတူးဖော်မှုအတွက် မလိုအပ်သော မြေနေရာများ၏ ဂေဟစနစ်ကို ထိန်းသိမ်းထားခြင်း၊ သတ္တုတူးဖော်မှုပြီးစီးသွားသော မြေနေရာများတွင် ပြန်လည်ပြုပြင်ကုစားမှုများ လုပ်ဆောင်ခြင်း စသည်တို့သည် MYTCL ၏ တစ်ဆင့်ခြင်း တိုးမြှင့်လုပ်ဆောင်လျက်ရှိသော မိုင်းပိတ်သိမ်းမှု မဟာဗျူဟာပင် ဖြစ်ပါသည်။

 

CSR အကောင်အထည်ဖော်လုပ်ဆောင်ခြင်း

စုစုပေါင်း ရံပုံငွေ USD ၇၀၀,၀၀၀
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ နှင့် ပတ်ဝန်းကျင်လူအဖွဲ့အစည်းများအကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေး ရရှိနိုင်စေရန်သာမက မြန်မာနိုင်ငံရှိလူများအတွက် ပိုမိုအားကောင်းသော လူ့အဖွဲ့အစည်းများ တည်ဆောက်နိုင်ရန် ရည်ရွယ်ပြီး MEHL နှင့် ပူးပေါင်းကာ ကျေးရွာတစ်ရွာချင်းစီအတွက် CSR ရံပုံငွေများ သတ်မှတ်ခွဲဝေခြင်းများ နှင့် လူ့အဖွဲ့အစည်း ပြုပြင်တည်ဆောက်ရေး စီမံကိန်းများကို လူမှုဝန်ထမ်း လုပ်ဆောင်ပေးလျက် ရှိပါသည်။
 

USD ၈၁၇,၄၄၈,၇၄၉

အနက် USD ၃၈၆,၀၇၄,၃၁၁

47.23%

ပြည်တွင်း

52.77%

ပြည်ပ

ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းအတွက် ထောက်ပံ့ပေးမှု

MYTCL စီမံခန့်ခွဲမှုဆိုင်ရာ ထိပ်ဆုံးပိုင်းမှ သူများသည် ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုများ ငှားရမ်းဝယ်ယူရာတွင် ဖြစ်နိုင်သမျှ ပြည်တွင်း စက်ရုံများ၊ စက်မှုလုပ်ငန်းများ နှင့် ကန်ထရိုက်တာများ ထံမှ ရယူရန်အတွက် ဆက်လက်အလေးအနက်ထား လုပ်ဆောင်လျက်ရှိပါသည်။

 

လက်တလော CSR ဆိုင်ရာ သတင်းများ နှင့် လူမှုအဖွဲ့အစည်းများသို့ လှူဒါန်းမှုများ

သက်သေခံပြောကြားမှုများ

ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းများ ကျွန်ုပ်တို့အကြောင်း ဘာတွေပြောနေလဲ။

ဆရာတော် ဦးကောဝိဒ
ဆရာတော် ဦးကောဝိဒ
ထနောင်းကုန်းရွာ

"MYTCL ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် ကိုယ်တော်တို့ ဒေသရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တာဝန်ယူမှုရှိစွာ လုပ်ဆောင်ပေးနေပါတယ်။

ဦးမြင့်သန်းဆွေ
ဦးမြင့်သန်းဆွေ
ကံကုန်းရွာ

"ကျွန်တော်တို့ MYTCL နှင့် ပူးပေါင်း လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး အားလုံးအတွက် ကောင်းစေမယ့်အရာတွေ ကို လုပ်နေတယ်ဆိုတာကို ကျွန်တော် ယုံကြည်မှုအပြည့်ရှိပါတယ်။

ဦးကျော်မိုး
ဦးကျော်မိုး
ရေကြည်ပင်ရွာ

"အရင်တုန်းက လျှပ်စစ်မီး ရဖို့ဆိုတာ စိတ်ကူးတောင်မယဉ်နိုင်ခဲ့ပါဘူး။ MYTCL ဟာ ကျွန်တော်တို့အတွက် ရေရှည်တည့်တံ့တဲ့ စွမ်းအင်ကို ယူဆောင်လာပေးပြီး ယခင်က အမှောင်ဖုန်းနေတဲ့ အချိန်တွေမှ လွတ်မြောက်စေခဲ့ပါတယ်။

 
ကျွန်ုပ်တို့၏ကြေးနီသတ္တုထုတ်လုပ်ခြင်း လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသည့် မည်သည့်မကောင်းသော သက်ရောက်မှုကိုမဆို လျော့ချခြင်း နှင့်အတူ စီပွားရေးဆိုင်ရာ နှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာစေရန် မှာ ကျွန်ုပ်တို့၏ ရည်မှန်းချက်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဒေသခံလူ့အဖွဲ့အစည်းများအတွက် အလုပ်အကိုင်များ၊ နည်းပညာ၊ ကန်ထရိုက်တာလုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ နှင့် လူမှုရေးဆိုင်ရာ ရင်းနှီးမြှပ်နှံမှုများ စသည့် အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးပါသည်။ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းများ၏ ယဉ်ကျေးမှုဆိုင်ရာ၊ အသက်မွေးဝမ်း​ကျောင်းဆိုင်ရာ၊ လူနေမှုဘဝဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မည်သည့် မကောင်းသောထိခိုက်မှုကို မဆို စီမံထိန်းချုပ်နိုင်အောင် လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ ထိုသို့ ရရှိနိုင်ရန်အတွက်လည်း ကျွန်ုပ်တို့၏ဆုံးဖြတ်ချက် ချမှတ်မှုများတွင် စီးပွားရေး၊ လူမှုရေး နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စများကို ညီညီမျှမျှ ထည့်သွင်းစဉ်းစားသွားရန် နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုသည် ကျွန်ုပ်တို့ MYTCL သတ္တုတူးဖော်မှုလုပ်ငန်းများအတွင်း နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်ပါဝင်မှု သေချာနေရန် လိုအပ်ပါသည်။

MYTCL Logo Footter

Please publish modules in offcanvas position.