08 August

စံပယ်တောင်၊ ကြေးစင်တောင်သတ္တုတွင်း (S&K Mine) သည်မြန်မာနိုင်ငံစစ်ကိုင်းတိုင်း၊ မုံရွာခရိုင်တွင် တည်ရှိသော ပင်မကြေးနီသတ္တုသိုက် (၂)ခု၏ဟင်းလင်းပွင့်နည်းစနစ်ဖြင့် တူးဖော်သောကြေးနီသတ္တုတွင်းတစ်ခုဖြစ်ပါသည်။ ၂၀ရာစုစောစောပိုင်းကာလတွင်တည်ထောင်ခဲ့ပြီး ချင်းတွင်းမြစ်၏အနောက်ဖက်ကမ်းတွင်ရှိပါသည်။ သတ္တုတွင်းသို့ မုံရွာမြို့မှကားလမ်းဖြင့်မိနစ်(၄၀)ခန့်သွားနိုင်ပြီးလူဦးရေ(၅)သိန်းနီးပါး လူနေထူထပ်သောဒေသအတွင်းတည်ရှိပါ သည်။ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လုံးမိုးရေချိန် (၇၀၀) မီလီ မီတာခန့်ရှိ၍ တောင်ကုန်းများ တစ်လျောက်ချုံပုပ်များဖုံးလွှမ်းနေပြီးထန်းပင်များအစီအရီပေါက်သောအညာဒေသမြင်ကွင်းဖြစ်ပါသည်။
 
ဤသတ္တုတွင်းသည် (၁၇) ရာစုအစောပိုင်းကာလကပင် ဒေသတွင်းလက်ယက်တွင်းအနေနှင့် စတင်ခဲ့သည့် သတ္တုတွင်းအမွေအနှစ် တစ်ခုဖြစ်ပါသည်။ စံပယ်တောင်၊ ကြေးစင်တောင်သတ္တုသိုက်များကို ၁၉၅၀ခုနှစ်တွင် စတင်၍အကြီးအကျယ်ရှာဖွေရေးပြုလုပ်ခဲ့ပြီးယနေ့တွင် ဖွံ့ဖြိုးတိုးတက်ပြီးသောသတ္တုတွင်းလုပ်ငန်းကြီးတစ်ခု ဖြစ်နေ ပါသည်။ S&K မိုင်းသည် လယ်ယာစိုက်ပျိုးရေးတွင် အကျိုးရလဒ်ဖြစ် ထွန်းနေသော လူမှုအဖွဲ့အစည်းတစ်ရပ်နှင့် ယှဉ်တွဲလျက်ဒေသန္တရအုပ်ချုပ် မှုစနစ်အောက်တွင်ရှိသောသတ္တုတွင်းမြို့တစ်မြို့အဖြစ်တစ်စစပြောင်းလဲခဲ့ပါသည်။
 
နိုင်ငံတကာကုမ္ပဏီများသည် ခေတ်အတန်ကြာဤသတ္တုတွင်းထူထောင်မှုလုပ်ငန်းများတွင် ပိုင်ရှင်မျာအဖြစ်လုပ်ကိုင်ခဲ့ကြပါသည်။ ကြေးစင်တောင် ဟင်းလင်းပွင့်ကျင်း၏ အသင့်တော်ဆုံးဒီဇိုင်းပုံစံကို ၂၀၀၀ခုနှစ်က ရေးဆွဲခဲ့ပြီး စံပယ်တောင်နှင့် စံပယ်တောင် (တောင်)သတ္တုသိုက်တို့ ဟင်းလင်းပွင့်တူးဖော်နေခြင်းအားအသင့်တော်ဆုံးအနေအထားဖြစ်အောင်ပြန်လည်ချိန်ညှိမှုကိုဩစတေးလျနိုင်ငံ GRD Minproc မှအကြံပေး အဖွဲ့သည် ၂၀၀၆ခုနှစ်တွင် အပြီးသတ်ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ S&K စီမံကိန်း၏လုပ်ငန်းစဉ်များနှင့် အကြံညာဏ်မျှဝေခြင်းများကို အခြားအဖွဲ့အစည်းများ ဖြစ်ကြသော Knight Pie'sold Pty Limited, Coffee Partners International Pty Ltd., The World Bank, Westec (Welsh Engineering Science & Technology, Inc.) Haskoning (Royal Dutch Consulting Engineers and Architects), Golder Associates, Ivanhoe နှင့်China Nerin Engineering Co. Ltd. တို့သည်လည်းအရေးပါသောကမ္ဘာအဆင့်အတန်းမီ အမည်နာမ များဖြစ်ကြပါသည်။
 
ယခုအချိန်တွင် Wanbao Mining Limited သည် Myanmar Yang Tse Copper Limited (MYTCL)အမည်ဖြင့် S&K စီမံကိန်းကို တာဝန်ယူ လုပ်ကိုင်နေကာ ပြည်တွင်းပြည်ပမှ သတ္တုတွင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့်လက်တွဲလျက် အပြည်ပြည်ဆိုင်ရာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် မူဝါဒများကိုအခြေခံပြီး Wanbao Mining သည်ကမ္ဘာအနှံမှသတ္တုတွင်းထွက်များကို အရည်အသွေးမြှင့် တင်သည့် လုပ်ငန်းများလုပ်ဆောင်နေပါသည်။
 
သတ္တုတွင်းဒေသခံလူမှုအဖွဲ့အစည်းများ၏ စုပေါင်းလုပ်အားမှရရှိလာသော အရည်အသွေးမှီထုတ်ကုန်များဖြစ်လာစေရန် MYTCL သည် ငွေကြေး တည်ငြိမ်မှု၊ချီးမြှင့်မြှောက်စားမှုနှင့် မရှိမဖြစ်လိုအပ်သောတန်ဖိုးထားမှုများကို ထင်သာ မြင်သာ အောင်တည်ထောင်ထားခဲ့ပါသည်။ MYTCL ၏ဝန်ထမ်းတစ်ဦးအနေဖြင့် ကျွန်ုပ်တို့သည်တာဝန်အရမဖြစ် မနေ ဆောင်ရွက်ပေးရမည့် လူမှုအဖွဲ့အစည်း၏ တစ်စိတ် တစ်ပိုင်း အဖြစ် အောင်မြင်အောင်ဆောင်ရွက်ခဲ့ပါသည်။ကျွန်ုပ်တို့၏ လုပ်ငန်းပိုင်း တာဝန်များကို ပွင့်လင်းမြင်သာစေပြီး ဒေသခံနှင့် လူမျိုးအချင်းချင်း ဆက်ဆံရေး တည်ဆောက်ရန်၊ မျှတသည့် စီးပွားရေးအခွင့်အလမ်းများပံ့ပိုးရန်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအား စဉ်းစားဖော်ထုတ်ရန်တို့အား ကိစ္စရပ်တိုင်းတွင်ဆောင်ရွက်ရပါမည်။ ကမ္ဘာတစ်လွှားရှိနိုင်ငံတကာ ဂေဟစနစ်ကဏ္ဍနှင့် သဘာဝ အတိုင်း ဖြစ်ပေါ်တည်ရှိနေစေခြင်း ကဏ္ဍတို့ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် အဓိက ဦးတည်ထားပါသည်။
 
ကျွန်ုပ်တို့ပန်းတိုင်သည်စက်မှုလုပ်ငန်းဦးဆောင်ဦးရွက်ပြုသူတစ်ဦးအနေဖြင့် ကျွန်ုပ်တို့အဖွဲ့အစည်းကိုပြုစု ပျိုးထောင်ရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စနစ်များကို အမြင့်ဆုံး အထိမြှင့်တင် ထားရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ လူပုဂ္ဂိုလ်အားလုံးအတွက် ပညာရပ်ပိုင်းဆိုင်ရာလက်တွဲဖော်အဖြစ် ကျွန်ုပ်တို့၏ကျွမ်းကျင်မှု များကိုမျှဝေပေးရန်ဖြစ်ပါသည်။

WANBAO MINING LIMITED သည် မတ်လ ၁၆ရက် ၂၀၀၅ခုနှစ် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွင့်ပြုချက် နှင့် ရင်းနှီးမြှပ်နှံမှုမတည်ငွေ ယွမ် ၃၀၀,၀၀၀,၀၀၀ ဖြင့် မှတ်ပုံတင်ထားသည့် သက်မွေးမှုလုပ်ငန်း အဖြစ်လုပ်ကိုင်သော သတ္တုတွင်း ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ရုံးချုပ်သည် ပီကင်းတွင် တည်ရှိပြီး နိုင်ငံရပ်ခြား ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ တာဝန်ယူလုပ်ကိုင်သောအတွက် လက်ခွဲ ကုမ္ပဏီ များလည်း ရှိပါသည်။
WANBAO MINING သည် နိုင်ငံရပ်ခြား သတ္တုတွင်းထွက် အရင်းအမြစ်များ ရှာဖွေတူးဖော်ထုတ်လုပ် ခြင်းလုပ်ငန်းများဖြစ်သည့် သတ္တုရိုင်းများ ကြိတ်ခွဲသန့်စင်ခြင်း၊ ကျိုချက်သန့်စင်ခြင်း၊ တွင်းထွက်သတု္တများ ကူးသန်းရောင်းဝယ်ခြင်း၊ သတ္တုသယံဇာတအရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ၄င်းနှင့်ဆက်စပ်နေသော စက်မှုလုပ်ငန်းများတွင် စမ်းသပ်ထုတ်လုပ် လုပ်ကိုင်လျက် ရှိသည်။ ယနေ့အချိန်တွင် WANBAO MINING သည် ကြေးနီ၊ ကိုဘော့၊ နီကယ်၊ ခရုမ်းအစရှိသော သတ္တုအရင်းအမြစ်များကို လုပ်ကိုင်လျက်ရှိပြီး Tantalum, Columbium, Plumbum, Zinc နှင့် တခြားသော အဖိုးတန် တွင်းထွက်သတ္တုများ ရှာဖွေတူးဖော်ခြင်းများတွင် လည်း ရင်းနှီးမြှပ်နှံရန် အစီအစဉ်များ ရှိသည်။
 
wanbao-limited-mainmyanmar-yang-tse-copper-limitedmyanmar wanbao mining copper limited   mwmcl
WANBAO MINING သည် နိုင်ငံရပ်ခြား သတ္တုအရင်းအမြစ်များစွာကိုလည်း ပိုင်ဆိုင်ထားပါသည်။ အာဖရိကနှင့်အရှေ့တောင်အာရှနိုင်ငံ များတွင်တွင်းထွက် အရင်း အမြစ်များကို ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်သည့် အခြေခံမူများနှင့် တည်ဆောက်ထားပြီး် copper-cobalt, nickel နှင့် chromite သတ္တုတွင်းများ၏ သတ္တုတွင်း လုပ်ပိုင်ခွင့်နှင့် အလားအလာများ လည်း ထိန်းထားပါသည်။ ယင်းကုမ္ပဏီ၏ လက်အောက်တွင် ရှိသော တွင်းထွက်အရင်းအမြစ်များ၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း တစ်ရာထိ ရှိပါသည်။ Wanbao Mining ကုမ္ပဏီသည် နိုင်ငံရပ်ခြား သတ္တုတွင်းလုပ်ငန်းများ တိုးခဲျ့တည်ဆောက်ခြင်း၊ ပြည်တွင်းပြည်ပ ရှိ ထိပ်တန်း အဆင့်ဝင် သတ္တုတွင်းလုပ်ငန်းကြီးများ မှ အဆင့်မြင့် လုပ်ငန်းအတွေ့ အကြုံများ ရယူခြင်းဖြင့် ပထမတန်းစား အုပ်ချုပ်စီမံမှုနှင့် အဆင့်မြင့်နည်းပညာများဖြင့် သတ္တုရှာဖွေခြင်း၊ သတ္တုတူးဖော်ခြင်း၊ သတ္တုအရည် အသွေးမြှင့်ခြင်း၊ ကျိုချက်သန့်စင်ခြင်း များ ပြုလုပ်သော နိုင်ငံတကာ အဆင့်မီ ခေတ်မီသတ္တုတွင်း လုပ်ငန်းကြီး တစ်ခုအဖြစ် တဖြည်းဖြည်းတိုးသွားရန် ရည်ရွယ်ထားပါသည်။
Wanbao Mining သည် အစုရှယ်ယာရှင်များ၊ အလုပ်သမားများ၊ ဖောက်သည်များ နှင့် လူမှုဝန်းကျင်ကို တာဝန်ယူသည့်အနေဖြင့် လိုက်လျောညီထွေရှိသော ဝန်းကျင်တစ်ခုပေါ် ပေါက်လာစေရန် လူသားအချင်းချင်း သဘောတူညီမှု ရယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ နှစ်ဦးနှစ်ဖက် အကျိုးရှိစွာ ပူးပေါင်းလုပ်ကိုင်ခြင်းနှင့် အကောင်းဆုံးလမ်းစဉ်များကို အစဉ်တစိုက်ကျင့်သုံးပါသည်။ ကျွန်ုပ်တို့သည် လုပ်ငန်းစီးပွားဖလှယ်ခြင်း ကိုတိုး ချဲ့ ပြီး ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု တည်ဆောက်ရန် ကမ္ဘာအနှံ့မှာ ရှိ သော မိတ်ဆွေ အားလုံးနှင့် အတူအကွ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ပါသည်။
ဒေသန္တရနှင့်ဒေသဆိုင်ရာအဆင့်ဆင့်တွင် ပတ်ဝန်းကျင်ဆိုင်ရာဆက်နွယ်မှုများသည် အရေးကြီးသည့် အချက်ဖြစ်ကြောင်း မီးမောင်းထိုးပြထားသည်ဖြစ်၍ မုံရွာကြေးနီ သတ္တုတွင်းစီမံကိန်း နှင့် MYTCL သည် ပူးပေါင်းဆောင်ရွက်ခြင်း၊ အများသဘောထား ရယူခြင်း၊ မူဝါဒများချမှတ်ရာတွင် နိုင်ငံတကာ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့ခွဲများနှင့် ဆက်သွယ် လုပ်ဆောင်ခြင်း များအပေါ် ယုံကြည်မှုထားရှိပါသည်။ ထိန်းထားနိုင်သော ဖွံ့ဖြိုးတိုးတက်မှုတွင် လူမှုပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာတို့သည် စဉ်ဆက်မပြတ် သပ္ပာယဖြစ်စေရန် လိုအပ်ပါသည်။ စီးပွားရေးဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ နှစ်ဘက်လုံးတွင် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် စိုးရိမ်ပူပန်စရာများကို ပိုမိုကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်သော ချိန်ညှိနိုင်သည့် နည်းလမ်းကောင်းကိုလည်း လိုအပ်ပါသည်။ စီးပွားရေးတိုးတက်မှုသည် လူမှုရေးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်တဲ့နည်းနှင့် လုပ်ဖို့မလို အပ်သေးသော်လည်း ချိန်ညှိထားနိုင်သည်များ ပို၍ ပို၍ ရှိရပါမည်။
သတ္တုအရင်းအမြစ်များသည် မြန့်မာနိုင်ငံ၏စီးပွားရေးတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း၊ နိုင်ငံဝင်ငွေ နှင့် စက်မှုပိုင်းဆိုင် ရာ လုပ်ငန်းများအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ရရှိလာသော ရလာဒ်များနှင့် ကျွနု်ပ်တို့၏ အတွေ့အကြုံများမှ ရရှိ လာသော သင်ခန်းစာများကို အခြေခံ၍ တိကျခိုင်မာသော မူဝါဒလုပ်ဆောင်ချက်များ၊ လက်ရှိလူမှုရေးစိန်ခေါ်မှုများ ကို လျှော့ပါးစေနိုင် သော အတိုင်းအတာနှင့်ကြိုတင်ထိန်းထားနိုင်သော ဖွံ့ဖြိုးတိုးတက်မှုများကို ကျွန်ုပ်တို့သည် စီးပွားရေးနှင့်လူ မှုရေးဆိုင်ရာ အဓိကအာဘော်များအဖြစ် သတ်မှတ်ပါသည်။ ၁၀နှစ်တာ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်း အစီအစဉ်များ တိုးမြှင့်လာမှုသည် MYTCL ၏ စီမံခန့်ခွဲမှုဖြင့် နှစ်စဉ် လုပ်ငန်းတိုးတက်မှုအား ကောင်းစွားဆန်းစစ်လေ့လာပေါင်းစပ်မှု ပြုပေးမည့် မှတ်ကျောက်တစ်ခု ဖြစ်ပါသည်။
ထိန်းထားနိုင်သော ဖွံ့ဖြိုးတိုးတက်မှု၏ အနှစ်ချုပ်သည် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်လာမှုဖြစ် သည်ဆိုတာကို ကျွန်ုပ်တို့ မေ့မထားသင့်ပါ။ ဘ၀ တန်ဖိုးတိုးတက်လာခြင်း၊ ဒေသတွင်းဆိုင်ရာ နှင့် သဘာ၀ အရင်းအမြစ်များကို အသုံးပြုခြင်း နှင့် ကျန်းမာသန်စွမ်းသော ပတ်ဝန်းကျင် တစ်ခုဖြစ်လာအောင် ကြိုးပမ်းခြင်း ဖြင့်ကျွန်ုပ်တို့သည် လက်ရှိနှင့် အနာဂတ် မျိုးဆက်သစ်များအတွက် ကမ္ဘာမြေ သက်တမ်းမြှင့်တင်ရေး စနစ်ကို အောင်မြင်စွာ ထိန်းထားနိုင်ပါလိမ့်မည်။
 

 

သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်

ရေရှည်တည်တံ့သော မိုင်းပိတ်သိမ်းခြင်းအတွက် မဟာဗျူဟာကျသော နည်းလမ်းဘောင်တစ်ရပ်

DSC00762

MYTCL မှ လည်ပတ်လုပ်ဆောင်ခဲ့သော S&K စီမံကိန်း၏ အနာဂတ်သည် ထားရစ်ခဲ့သော လုပ်ငန်းအမွေအနှစ် ပေါ်တွင် မူတည်ပါသည်။ အကယ်၍ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းဆောင်တာများကို သင့်တော်ထိရောက်စွာ မလုပ်ခဲ့မှု ကြောင့် ထွက်ပေါ်လာသော ရေရှည် ထိခိုက်နစ်နာစေမှုများ ရှိခဲ့လျှင် ကျွန်တော်များ၏ နာမည်ဂုဏ်သတင်းကို ဆိုးကျိုး ဖြစ်စေပါမည်။ MYTCL သည် မိမိလည်ပတ် လုပ်ကိုင်နေသော ဝန်းကျင်မှ လူမှုအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် S&K စီမံကိန်းကို ထိထိရောက်ရောက် ပိတ်သိမ်းနိုင်ရန် ယ္ခုနေအခါ ကျွန်တော်များ လုပ်ဆောင်ပြရမည်ကို လိုအပ်ပါကြောင်း အသိအမှတ်ပြု လက်ခံထားပါသည်။ သတ္တုတူးဖော်ရေး လုပ်ငန်းများပြီးစီးပြီးနောက် (သို့) စီမံကိန်းတစ်စိတ်တစ်ပိုင်း သည် ဆက်လက်လည်ပတ်ရန် အကျိုးဖြစ်ထွန်းနိုင်ခြေ အလားအလာမကောင်းလာပါက မိုင်းလည်ပတ်မှု အရာအားလုံး ကိုရပ်ဆိုင်းပစ်ပြီး မိုင်းပိတ်သိမ်းခြင်းကိုလုပ်သွားရပါမည်။ စိတ်ကူးဖြင့်ပုံဖော်ထားသောမိုင်းပိတ်သိမ်းခြင်း အစီအမံ တစ်ရပ်ကို လည်ပတ်ထုတ်လုပ်သည့်စီမံခန့်ခွဲသူများက ပြုစုတည်ထောင်ပြီး ဥပဒေပြဋ္ဌာန်းချက်များ အပါအဝင် တစ်မူ ထူးခြားသည့်ပတ်ဝန်းကျင်၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ လုပ်ငန်းလည်ပတ်မှု၊ ဝိသေသထူးများ ထည့်သွင်းထားသော စဉ်ဆက်မပြတ် မိုင်းပိတ်သိမ်းခြင်း အစီအမံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံထားရပါမည်။ ဤစိတ်ကူးဖြင့် ပုံဖော်ထားသော အစီအမံသည် လုပ်ငန်းနယ်ပယ်တစ်ခုချင်းစီ၏ တစ်စစ တိုးတက်လာပြီး အသေးစိတ် အကောင်အထည်ဖော်သည့် ကဏ္ဍတစ်ရပ် ပြီးဆုံးချိန်တွင် ပေါင်းစုမိုင်းပိတ်သိမ်းခြင်း အစီအမံတစ်ရပ်အဖြစ် ပုံပေါ်လာပါမည်။ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် အကောင်းဆုံး အလေ့အကျင့်များအတိုင်း၊ ရင်ဘောင်တန်း လုပ်ဆောက်လျက် MYTCLသည် S&K စီမံကိန်းကို စိတ်ကူးဖြင့် ပုံဖော်ထားသော မိုင်းပိတ်သိမ်းခြင်း အစီအမံတစ်ရပ်အနေနှင့် မိုင်းဒီဇိုင်းနှင့် မိုင်းပိတ်သိမ်းမည့် လုပ်ငန်းများကို ထပ်မံဖော်ထုတ်သွားရန် Knight Pie'sold အကြံအပေးအဖွဲ့နှင့် ပူးတွဲဆောက်ရွက်ခဲ့ပါသည်။ ယ္ခုအခါတွင် စံပယ်တောင်ဟင်းလင်းပွင့်ကျင်းနှင့်ယှဉ်၍ အနီးကပ်ရှိသော သီးသန့်ဧရိယာများတွင် မိုင်းပိတ်သိမ်းခြင်း အဆင့်များကိုလည်း စတင် လုပ်ဆောင်နေပါသည်။ MYTCLသည် Knight Pie'sold အဖွဲ့နှင့်ပူးပေါင်း၍ စံပယ်တောင် ၏လက်ရှိလက္ခဏာသွင်ပြင်များတွင် မိုင်းပိတ်သိမ်းခြင်း အသေးစိတ် အစီအမံတစ်ရပ်ကိုလည်း ဖော်ထုတ်ခဲ့ပြီးဖြစ်ပါ သည်။
 
မြန်မာယန်စီကြေးနီကုမ္ပဏီလီမိတက်၏ သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်တွင် အောက်ပါအတိုင်း အဓိကအကျိုးသက်ရောက်မည့် အချက်(၄)ချက် ပါဝင်မည်ဖြစ်ပြီး ဤစီမံကိန်း၏ ထုတ်လုပ်ရေး ကဏ္ဍကာလနှင့် မိုင်းပိတ်သိမ်းရေး ကာလများတွင်ဆောင်ရွက် အကာင်အထည် ဖော်ရန် မျှော်မှန်းထားပါသည်။
 
• ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အများပြည်သူတို့၏ ကျန်းမာရေးနှင့် သက်ဆိုင်သော ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို ပိတ်သိမ်းရေး ကျင့်ထုံးနည်းလမ်းက ကာကွယ်စောင့်ရှောက်ရန်။
 
• ပတ်ဝန်းကျင်အား ထိခိုက်သည့် အကျိုးသက်ရောက်မှုများကို သတ္တုတွင်း ပိတ်သိမ်းရပ်စဲသည့် လုပ်ငန်းများ၌ အနည်းဆုံး (သို့မဟုတ်) လုံးဝမပါရှိစေရန်။
 
• ပတ်ဝန်းကျင်မြေ အနေအထား တည်ရှိပုံတို့ကို ကြိုတင်မျှော်မှန်း တွက်ဆထားသည့် မြေအသုံးချရေး ရည်မှန်း ချက်နှင့် ကိုက်ညီသည့် အတိုင်း ဖြစ်ပေါ်လာစေရန်။
 
• ထိခိုက်ပျက်စီးမှု ရှိသော ဒေသအတွင်း ရေရှည်စောင့်ကြည့်လေ့လာ၍ ပြုပြင်ထိန်းသိမ်းနေရမှုများကို လျော့ချ နိုင်ရေးအတွက် ကနဦးကပင် ရုပ်ပိုင်းဆိုင်ရာနှင့် ဓါတုဗေဒဆိုင်ရာ တည်ငြိမ် သက်ရောက်မှု ရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ရန်။
သတ္တုတွင်းပိတ်သိမ်းရေး စီမံချက်အရ လေနှင့်ရေ စသောရာသီဥတုတိုက်စားမှုများကို ခံနိုင်ပြီး အန္တရာယ်ကင်း၍ ခိုင်ခံ့သောမြေပြင်အခြေအနေကို သတ္တုတွင်းပိုင် ဂရန်ဧရိယာအတွင်း ဦးတည်ချက်ထားကာ အကောင်အထည်ဖော်ရန် ဖြစ်ပြီး စိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးလုပ်နိုင်သော လုပ်ကွက်တစ်ခုအဖြစ် ဖော်ဆောင်ပေးရန်ဖြစ်သည်။ တည်ငြိမ်ခိုင်ခံ့သောမြေ အနေအထား သို့ရာက်ရှိလာစေရေး အတွက် အောက်ပါ လုပ်ငန်းများကိုပြီး မြောက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။
 
•သတ္တုတွင်းပိုင် ဂရန်ဧရိယာအတွင်းရှိလွန်တွင်းနေရာများ၊ တူးဖော်ထားသော တွင်းဟောင်းများကို မြေပြန်လည်ဖို့ပေး ပြီး မြေအနေအထားကို ပြန်လည် ထူထောင်ပေးခြင်း (သို့မဟုတ်) တည်ငြိမ် သွားအောင်ပြုပြင် ထိန်းသိမ်းပေးခြင်းတို့ကိုဆောင်ရွက်ရန်။
 
•စွန့်ပစ်ကျောက်အပုံများနှင့် သတ္တုရိုင်းများစုပုံ၍ ထုတ်လုပ်မှုဆောင်ရွက်ပြီးသော အပုံများကို စနစ်တကျ ဖိကြိတ် မြေညှိပြီး ဒေသပေါက်သစ်ပင်များ ပြန်လည်စိုက်ပျိုးထူထောင်နိုင်ရေးအတွက် သဲ(သို့မဟုတ်)အပေါ်ယံ မြေသားတို့ဖြင့်ဖုံးအုပ်ပေးရန်။
 
• ကျန်ရှိနေသောဖောက်ခွဲရေးယမ်းဘီလူးများ၊ ဓါတ်ဆေးများနှင့် စက်သုံးဆီများအားလုံးကိုသတ္တုတွင်းဒေသ အတွင်းမှဖယ်ရှားပေးရန်။
 
• အဆောက်အအုံများနှင့် အခြားအထောက်အကူပြု လုပ်ငန်းအတွက် တည်ဆောက်ထားသော အမိုး၊ အကာ စသည်များ အားလုံးတို့ကိုလည်း သုံးစွဲမှုရပ်စဲ၍ သတ္တုတွင်းဒေသ အတွင်းမှ ရှင်းလင်းဖယ်ရှားပြီး ကင်းလွတ် သွားသည့် အဆိုပါနေရာများကို ပြန်လည်ထူထောင်ပေးရန်။
 
• ရေရှည်ထိန်းသိမ်းရန်မလိုအပ်တော့သည့် မြေပေါ်မြေအောက်လျှပ်စစ်ဓါတ်အားပေးလိုင်းများကို ဖြုတ်ယူဖယ် ရှားပေးရန်။
 
• လုပ်ငန်းမှ လက်ကျန်အကျိုးအပဲ့များ၊ အမှိုက်အစအနများအားလုံးကိုသတ္တုတွင်းဒေသမှဖယ်ရှားပေးရန်။
 
မိုင်းပိတ်သိမ်းခြင်း အစီအမံသည် သက်ဝင်လှုပ်ရှားနေရမည့် မှတ်တမ်းမှတ်ရာ တစ်ခုဖြစ်ပြီး မိုင်းသက်တမ်းကာလ တလျောက် စဉ်ဆက်မပြတ် စီစစ်သုံးသပ်ပြီး ပြန်လည်ပြင်ဆင်ပြုစုသွားရပါမည်။ မိုင်းပိတ်သိမ်းခြင်းမှ ကြုံတွေ့လာရမည့် မိုင်းအစီအမံနှင့် စိတ်ကြိုက်လုပ်ဆောင်ချက်များတွင် ဖော်ထုတ်သွားရမည့် ထူးခြားသော လုပ်ငန်းဆောင်တာများ အပေါ်မှ ရရှိလာမည့် ဗဟုသုတနှင့် မိုင်းလုပ်ငန်း အတွေ့ အကြုံရင့်ကျက်မှုများအရ အသေးစိတ်လုပ်ရမည့် အဆင့်များ ပြောင်းလဲသွားပါမည်။
မိုင်သက်တမ်းတလျောက် မိုင်းပိတ်သိမ်းခြင်း မဟာဗျူဟာကို ပုံမှန်စီစစ်သုံးသပ်သွားခြင်းဖြင့် လုပ်ငန်းဆောင်တာများ သင့်တော်မှုရှိခြင်း၊ မိုင်းပိတ်သိမ်းခြင်းအတွက် အဓိကလုပ်ငန်းဆောင်တာများဖော်ထုတ်ခြင်း၊ လူမှုအဖွဲ့အစည်းတို့မျှော်မှန်းချက်များ၊ စည်းမျဉ်း စည်းကမ်းပြဋ္ဌာန်းချက်များ၊ လုပ်ငန်းတိုးချဲ့ခြင်းများ၊ ဟင်းလင်းပွင့် ကျင်းအသစ်များ၏ စီမံခန့်ခွဲမှုစနစ် အပြောင်းအလဲတစ်စိတ်တစ်ပိုင်းကြောင့် မိုင်းလည်ပတ်ထုတ်လုပ်မှုစီမံချက် ပြောင်းလဲခြင်းများ၊ လုပ်ငန်းတိုးချဲ့ခြင်းများ၊ ဟင်းလင်းပွင့်ကျင်းအသစ်များ၊ စွန့်ပစ်ကျောက်ပုံများနှင့်လုပ်ငန်းလည်ပတ် မှုနည်းစဉ်အပြောင်းအလဲများသည် မိုင်းပိတ် သိမ်းခြင်းအန္တရာယ်နှင့်အစီအမံတစ်ရပ်အဖြစ် အစပျိုးလုပ်ဆောင်သွားရပါ မည်။စီးပွားရေးလုပ်ငန်းနှင့် မိုင်းပိတ်သိမ်းခြင်းတို့အပေါ်အခြေခံသော အန္တရာယ်များကို စီစစ်သုံးသပ်ချက်တစ်ရပ်အား အန္တရာယ်အခြေပြု လုပ်ကိုင်ဇြေရှင်းနည်းကို အသုံးပြု၍ ပုံမှန် အရေးယူဆောင်ရွက်သွားခြင်းဖြင့် ထိန်းချုပ်လုပ်ဆောင်မှုများ လုံလုံလောက်လောက်ရှိကြောင်းနှင့် အန္တရာယ်ကြုံတွေ့ရမှုသည် ယခင်နောက်ဆုံး စီစစ်သုံးသပ်ချက်နှင့် အနေအထားအရ မပြောင်းလဲကြောင်း သေချာသွားစေပါသည်။ စောင့်ကြည့်စစ်ဆေးမည့် အစီအစဉ်များ၊ သင့်တော် တိကျသောအချက်အလက်များကို စုဆောင်းခြင်းသည် ဤ လုပ်ငန်းစဉ်အတွက် အလွန်အရေးပါပါသည်။

 

အထူးတာဝန်

နိုင်ငံရပ်ခြားသတ္တုတွင်းထွက်အရင်းအမြစ်များကို မြှင့်တင်ရန်နှင့် စီးပွားရေး နှင့် လူမှုရေး အကျိုးစီးပွားများပေါ်ထွန်းလာရန်

ကျင့်ဝတ်များ

လူသားများအတွက် စောင်းပေးလုပ်ကိုင်ခြင်း၊ နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း နှင့် ဆန်းသစ်ပြောင်းလဲခြင်း၊ ထူးချွန်ပြောင်မြောက် အောင် ဆက်လက်လုပ်ဆောင်ခြင်း၊

သဘောတရားခံယူချက်

ဈေးကွက်လိုအပ်ချက်ကို အခြေခံ၍အရင်းအမြစ်များအကျိုးရလာဒ်ကို ဖော်ထုတ်ခြင်း၊ စက်မှုလုပ်ငန်း ၏မရှိမဖြစ်လိုအပ်ချက်ကို မှတ်သားထားခြင်း နှင့် ဟန်ချက်ညီတိုးတက်ဖြစ်ထွန်းစေခြင်း၊
 

ကျွန်ုပ်တို့သဘောထားအမြင်

ရည်မှန်းချက်များသည် ပြည်တွင်းပြည်ပရှိ အဆင့်မြင့်တွင်းထက်လုပ်ငန်းများမှ တိုးတက်သော အတွေ့အကြုံ ရယူပြီး နိုင်ငံရပ်ခြားတွင် သတ္တုတွင်း အခြေအမြစ်များ ပိုမိုတည်ထောင်ရန်၊ ကိုယ်ပိုင်သတ္တုတွင်းများ၊ သတ္တုရှာဖွေတူးဖော်ရေး၊ အရည်အသွေးမြှင့်ခြင်းနှင့် သတ္တုကျိုချက်ရေးတို့တွင် အဆင့်မြင့်နည်းပညာသုံးပြီး ပထမတန်းစား စီမံခန့်ခွဲမှု နည်းစနစ်တို့ နှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အပြည်ပြည်ဆိုင်ရာ တွင်းထွက်သယံဇာ လုပ်ငန်းကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပေါ်ထွန်းလာရန်

ကျွန်ုပ်တို့ဆောင်ပုဒ်

တာဝန်ယူမှုသည် နိုးကြားတက်ကြွစေသည်။
အပြန်အလှန်ဆက်ဆံရေးသည် လူ့တန်ဖိုးကို ဖော်ဆောင်ပေးသည်။
တိုးတက်လာခြင်းသည် ကံတရားမျက်နှာသာပေးခြင်းပင်။
ပူးပေါင်းဆောင်ရွက်ခြင်းသည် ဖွံ့ဖြိုးတိုးတက်စေပါသည်။
 

ကျွန်တော်များ၏စီမံခန့်ခွဲမှု

အောင်မြင်ပြီးတာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်ပတ်ရန် စုဆောင်းအားဖြည့်တင်းခြင်းနှင့်ပင်ကိုယ် စွမ်းရည် ထိန်းထားခြင်းစသော MYTCL ၏လုပ်ထုံးလုပ်နည်းများတွင် စီမံခန့်ခွဲမှုအားဦးဆောင်ဦးရွက်ပြုရာ၌ ရင်းနှီးမြုပ်နှံခြင်းသည် Myanmar Yang Tse Copper Limited ၏အနှစ်သာရဖြစ်ပါသည်။ ကျွန်တော်များကုမ္ပဏီ၏ အောင်မြင်မှုသည်ကျွန်တော်တို့ ဝန်ထမ်းများ၏ပင်ကိုယ်စွမ်းရည်၊ ကျွမ်းကျင်မှုများနှင့် တိုက်ရိုက်ဆက်နွယ်နေပါသည်။ အမှန်တကယ်ဘဲ MYTCL တွင်ကျွန်တော်များ၏ စီးပွားရေး ပုံစံငယ်ထဲတွင်ပေါင်းစုထားသော အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရှိနေပါသည်။ ဤဒဿနအားတိုးတက်အောင်မြင်အောင် ကျွန်တော်များလုပ်ဆောင်ရပါမည်။

ကျွန်တော်များသည်အမြဲလက်တွေ့စမ်းသပ်လုပ်ဆောင်နေသလိုပုံမှန်လည်းလေ့လာသင်ယူနေပါသည်။ ကျွန်တော်များ တွင်မဖြစ်နိုင်တာကို အပြုံးမပျက်အသိအမှတ်မပြုနိုင်သလိုအရာအားလုံးကို အမြဲပြုလုပ်ပြီးပြီ ဟုစွဲမြဲထားပါသည်။ ကျွန်တော်များ၏ပြည်သူများ ဖွံ့ဖြိုးတိုးတက်မှု ရှိသွားစေမည့် ကုန်ကျတန်ဖိုးကိုလည်း ကျွန်တော်များစဉ်းစား ထားပါသည်။

မဟာဗျူဟာနှင့် ချဉ်းကပ်လုပ်ဆောင်နည်း

ကျွန်ုပ်တို့ကုမ္ပဏီ၏မဟာဗျူဟာသည် ထုတ်ကုန်ပစ္စည်းထုတ်လုပ်ရာတွင်ကြုံတွေ့ရသော စိန်ခေါ်မှုများအား နည်းစနစ်မှန်မှန်နှင့် စည်းကမ်းဘောင်အတွင်းမှနေ့စဉ်လှုပ်ရှားရုန်းကန်မှုများတွင်တာဝန်သိသိဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်သာ ဒေသတွင်းရှိ လူများအားစုဆောင်း အားဖြည့်တင်းရန်၊ ဌားရမ်းသုံးရန်၊ ပျိုးထောင်ပေးရန်စသည်တို့ဖြစ်ပါသည်။ MYTCL ၏ အသက်မွေးမှုလုပ်ငန်းနှင့် ဆက်နွယ်နေသော စိန်ခေါ်မှုများကို အခြားသောကုမ္ပဏီများနှင့် စက်မှုလုပ်ငန်း အများစုတွင်မြင်တွေ့နိုင်မည်မဟုတ်ဟုယုံကြည်ပါသည်။

လူသားအရင်းအနှီးအတွက်ရင်းနှီးမြုပ်နှံခြင်း

ရေရှည်တစ်ဦးချင်းဖွံ့ဖြိုးတိုးတက်မှုသည် ဖြစ်နိုင်ခြေရှိသောဝန်ထမ်း၏တာဝန်ရှိမှုအဖြစ် ရှိနေသေးပါသည်။ သို့သော်ကျွန်တော်များ MYTCL မှယုံကြည်သည်မှာဝန်ထမ်းတစ်ဦးကိုဌားရမ်းအသုံးပြုလိုက်သည်နှင့် ကျွန်တော်များအဖွဲ့အစည်း၏ တာဝန်ယူမှုသည်ဝန်ထမ်း၏ အသက် မွေးဝမ်းကျောင်းမှု ဖွံ့ဖြိုးတိုးတက်ရန်ပင်ဖြစ်ပါသည်။ ဝန်ထမ်းအား ဗဟုသုတကျွမ်းကျင်မှုနှင့် တက်စွမ်းနိုင်မှုတို့အရဌားရမ်းခဲ့သော်လည်း၊ အကယ်၍များ နေရာ၊ရာထူးအဆင့်အတန်းနှင့် တာဝန်ယူမှုပြောင်းလဲခဲ့လျှင်သော်လည်းကောင်း၊ ဝန်ထမ်းအနေနှင့် ဤသို့ ဖြစ်သွားခဲ့လျှင်သော် လည်းကောင်း၊ MYTCLသည် လူမှုရေးကူညီမှု တစ်ရပ်အဖြစ် ကျွန်တော်များ၏ လူသား အရင်းအနှီးတွင်ထိန်းသိမ်းမြှုပ်နှံပေးထားပါသည်။ MYTCLတွင် လုပ်သားဝန်ထမ်းများကို အလုပ်ချိန်နာရီရှည်ကြာစွာလုပ်ကိုင်ခြင်း၊ အပြောင်းအလဲဖြစ်နေသောလုပ်ငန်းများကို ကိုင်တွယ်လုပ်ကိုင်ခြင်းနှင့် တိုးပွားလာသောတာဝန်ယူမှုများကို အမှန်အကန် လက်ခံယူခြင်းတို့အားဖြင့်ရင်းနှီးထားပါသည်။ ထို့ကြောင့်ကျွန်တော်များသည် ကျွန်တော်တို့ကုမ္ပဏီနှင့် ကျွန်တော်များ ဝန်ထမ်းများ၏ အနာဂတ်နှစ်ခုစလုံး တို့အတွက် အရင်းအနှီးတစ်ရပ်အနေနှင့် လူသားအရင်းအနှီးအား လက်တွေ့တည်ဆောက်ပါသည်။ အသက်မွေးဝမ်း ကျောင်းမှုဖွံ့ဖြိုးတိုးတက်ခြင်း၊ ယဉ်ကျေးမှု၊ အသစ်အဆန်းပြုလုပ်ခြင်း၊ ဖန်တီးတည်ထွင်ခြင်းများ၏ စစ်မှန်သောတန်ဖိုး ကိုသိနားလည်သလို ကျွန်တော်များဝန်ထမ်း၏အခြေခံပညာရေးကိုစဉ်ဆက်မပြတ်တန်ဖိုးရှိမှုကိုလည်း အသိအမှတ် ပြုထားပါသည်။
ယနေ့ခေတ်လုပ်ငန်းအနေအထားအရ လျင်လျင်မြန်မြန်ပြောင်းလဲနေသောတောင်းဆိုချက်များကို သင့်လျော်အောင် အသုံးချသွားရန် ပိုမိုကောင်းမွန်သော ရာထူး အဆင့်အတန်းရရှိစေသောတစ်ဦးချင်း ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရမည် ကိုကျွန်တော်များအဖွဲ့အစည်း ကအသိအမှတ်ပြုလက်ခံပါသည်။ အားလုံးသောတစ်စုတစ်ပေါင်းတည်းသော မဟာဗျူဟာအတွင်း ပေါင်းစုဖွဲ့စည်းထားသော အသက်မွေးဝမ်းကျောင်းမှု ဖွံ့ဖြိုးမှုသည် ကျွန်တော်များမှ ဝန်ထမ်းအားလုံးအားပေးထားသည့်စိန်ခေါ်မှုဖြစ်ပါသည်။
 
ကျွန်တော်များသည် ပင်ကိုယ်အရည်အချင်းရှိ၍ ဦးဆောင်နိုင်သူများအားကျွန်တော်များဘာတွေလုပ်ကိုင် နေသည်နှင့်ဘယ်လိုလုပ်ကိုင်နေသည်တို့ကိုဦးတည်သွားသည့် အဆင့်(၄)ဆင့်အရ ပျိုးထောင်လေ့ကျင့်ပေးပါသည်။ ကျွန်တော်များ၏ချဉ်းကပ်လုပ်ဆောင်နည်းဗျူဟာ(၄)ဆင့်သည်-
(၁) ဦးဆောင်မှုအသိပညာနှင့် ကိုယ်ရည်ကိုယ်သွေးများအားသစ်လောင်းပေးခြင်း။
(၂) အလုပ်သမားများအတွင်း ဦးဆောင်မှုအမူအကျင့်များ အတည်ပြုပြဋ္ဌာန်းခြင်း။
(၃) ဦးဆောင်သူတို့၏တာဝန်များသင်ကြားပေးခြင်း။
(၄) ကျွန်ုပ်တို့၏လူများအားဦးဆောင်မှုစွမ်းရည်များတိုးတက်လာစေရန်အတွေ့အကြုံများလေ့ကျင့်ပျိုးထောင်ပေး ခြင်း။
ဤလုပ်ငန်းစဉ်သည် အဆင့်မြင့်လူများအားရွေးချယ်၊ ဌားရမ်း၍လေ့ကျင့်ပျိုးထောင်ပေးထားပြီး ကျွန်ုပ်တို့ကုမ္ပဏီအတွင်း စွမ်းဆောင်ရည် အပြည့်ရှိသော ဦးဆောင်သူများဖြစ်လာရန် အထောက်အကူပြုလိမ့်မည်ဟု ကျွန်ုပ်ယုံ ကြည်ပါသည်။ ဤလူမှုအဆောက်အအုံသည် အစဉ်အတိုင်း ကွဲပြားခြားနားခြင်းမရှိသည့် လုပ်ငန်းစဉ်တစ်ခုမဟုတ်ပါ။ သို့သော်လည်းလုပ်ငန်းစဉ်အတွင်း အချင်းချင်း အပြန်အလှန်ထိတွေ့ အကျိုးပြုစေပါသည်။
ကျွန်ုပ်တို့၏လူများ ပြောဆိုသည်ကိုနားစိုက်ထောင်ပေးခြင်း
ကျွန်ုပ်တို့၏လူများပြောဆိုသည်ကိုနားမထောင်ပဲ ၎င်းတို့ကိုပျိုးထောင်လေ့ကျင့်ပေးရန်မှာ မဖြစ်နိုင်ပေ။ ကျွန်ုပ်တို့သည်မြို့တော်ခန်းမများ၊ ဦးဆောင်မှုဆွေးနွေးပွဲများ၊ အာရုံစူးစိုက်မှုရှိသောအဖွဲ့ငယ်လေးများနှင့် သမရိုးကျ (သို့)သမရိုးကျ မဟုတ်သော လေ့လာတိုင်းတာချက်များ ပါဝင်သော ပုံစံအမျိုးမျိုးဖြင့် ကျွန်ုပ်တို့၏လူများအားစိတ်ဝင်စားလာ ရန်အရည်အသွေးနှင့် အနှောင့်အသွားမလွတ်သော ချဉ်းကပ် နည်းများ တမင်ရည်ရွယ်အသုံးပြုခဲ့သည်။
ကျွန်ုပ်တို့၏ တံခါးဖွင့်မူဝါဒအရ ဝန်ထမ်းများအား တောင်းဆိုချက်များနှင့် သက်ဆိုင်သည့်လိုက်လျော ပေးနိုင်သောအကြောင်းအရာ များအားတင်ပြနိုင်ရန်လည်း စီစဉ်ပေးထားပါသည်။ ဤနှစ်ဦး နှစ် ဖက်မြင်သာသည့်နည်းလမ်းသည် ကျွန်ုပ်တို့လူများ ဘာလိုအပ်နေသည်ကို ပိုမိုသိရှိနိုင်ပြီးဘေးကင်းလုံခြုံစိတ်ချရသော၊ ကျေနပ်အားရသော ထုတ်လုပ်မှုလုပ်ငန်းပတ်ဝန်းကျင်တစ်ခုသို့ ဦးတည်ရာတွင်များစွာ အကျိုး သက်ရောက်မှု ရှိပါသည်။
 

ကျွန်ုပ်တို့၏လူများ ပြောဆိုသည်ကိုနားစိုက်ထောင်ပေးခြင်း

ကျွန်ုပ်တို့၏လူများပြောဆိုသည်ကိုနားမထောင်ပဲ ၎င်းတို့ကိုပျိုးထောင်လေ့ကျင့်ပေးရန်မှာ မဖြစ်နိုင်ပေ။ ကျွန်ုပ် တို့သည်မြို့တော်ခန်းမများ၊ ဦးဆောင်မှုဆွေးနွေးပွဲများ၊ အာရုံစူးစိုက်မှုရှိသောအဖွဲ့ငယ်လေးများနှင့် သမရိုးကျ (သို့)သမရိုးကျ မဟုတ်သော လေ့လာတိုင်းတာချက်များ ပါဝင်သော ပုံစံအမျိုးမျိုးဖြင့် ကျွန်ုပ်တို့၏လူများအားစိတ်ဝင်စားလာ ရန်အရည်အသွေးနှင့် အနှောင့်အသွားမလွတ်သော ချဉ်းကပ် နည်းများ တမင်ရည်ရွယ်အသုံးပြုခဲ့သည်။
ကျွန်ုပ်တို့၏ တံခါးဖွင့်မူဝါဒအရ ဝန်ထမ်းများအား တောင်းဆိုချက်များနှင့် သက်ဆိုင်သည့်လိုက်လျော ပေးနိုင်သောအကြောင်းအရာ များအားတင်ပြနိုင်ရန်လည်း စီစဉ်ပေးထားပါသည်။ ဤနှစ်ဦး နှစ် ဖက်မြင်သာသည့်နည်းလမ်းသည်ကျွန်ုပ်တို့လူများ ဘာလိုအပ်နေသည်ကို ပိုမိုသိရှိနိုင်ပြီးဘေးကင်းလုံခြုံစိတ်ချရသော၊ ကျေနပ်အားရသော ထုတ်လုပ်မှုလုပ်ငန်းပတ်ဝန်းကျင်တစ်ခုသို့ ဦးတည်ရာတွင်များစွာ အကျိုး သက်ရောက်မှု ရှိပါသည်။
 

စိန်ခေါ်မှု၏အကျိုးကျေးဇူး

ကျွန်ုပ်တို့၏ဝန်ထမ်းများအကောင်းဆုံးဖြစ်အောင် အလုပ်လုပ်နိုင်သော လုပ်ငန်းခွင်တစ်ခုပေးနိုင်ခြင်း၊ ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် ချီးမြှင့်ပေးခြင်း၊ အလုပ်အကိုင် ဖွံ့ဖြိုး တိုးတက်မှုနှင့် အဆင့်မြင့် အခွင့်အရေးများ ရရှိခံစားစေနိုင်ခြင်း တို့အတွက်ကျွနု်ပ်တို့များစွာဂုဏ်ယူပါသည်။ ကျွန်ုပ်တို့၏ အဆင့်အသီးသီးရှိ ဝန်ထမ်းများအတွက် ၎င်းတို့၏ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုများဆိုင်ရာ အခွင့်အရေးများလည်းပေးထားပါသည်။
ကျွန်ုပ်တို့၏လူများ အား၎င်းတို့၏လုပ်ငန်းတွင်းနှင့် လုပ်ငန်းပြင်ပရှိ တိုးတက်မှုအခွင့်အရေးများ ရရှိစေနိုင်စေသော ပညာပေး အစီအစဉ်များ၊ နှီးနှောဖလှယ်ပွဲများနှင့် ဆွေးနွေးပွဲများတွင်လည်း တစ်တပ် တစ်အား ပါဝင်၍ ကုမ္ပဏီ၏အောင်မြင်မှုကို ဖြည့်ဆည်းပေး နိုင်ရန် အားပေးတိုက်တွန်းပါသည်။

 

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.