နောက်ဆုံးရသတင်းများ

environmentaldonation 01

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ခရိုင်နှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများတွင် ခန့်ထားနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်အတွင်း ဒုတိယလက်ထောက်ဦးစီးမှူး(၃၀)ဦး၊ အငယ်တန်းစာရေး(၆)ဦးနှင့် စာရင်းကိုင်-၄(၄)ဦးတို့အား ပြင်ပမှခေါ်ယူခန့်ထားပြီး ရေးဖြေစာမေးပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

yinmarbin donation 01

ယင်းမာပင်ခရိုင်၊ယင်းမာပင်မြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အရှိန်အဟုန်မြင့်တင်ဆောင်ရွက်လျက်ရှိရာ ပြည်ပမှ မိမိနေရပ်သို့ပြန်လည်ရောက်ရှိလာသူများအား ယင်းမာပင်မြို့နယ်(ခ)ရပ်ကွက်၊ အမျိုးသမီးအိမ်တွင်း သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့တွင် Community Based Facility Quarantine (၂၁)ရက်ထားရှိ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွန်ကြားချက်နှင့်အညီ ဓါတ်ခွဲစစ်ဆေးလျက်ရှိပါသည်။

donation to sagaing01

စစ်ကိုင်းတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများတွင် ကွင်းဆင်းလေ့လာခြင်း ၊ MsMe လုပ်ငန်းကိစ္စများ ကွင်းဆင်းဆောင်ရွက်ခြင်းတို့တွင် COVID-19 ရောဂါကာကွယ်ရန်အတွက် ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် အကူအညီတောင်းခံလာပါသည်။

 

wedmytcln01မြန်မာယန်စီမှ ထိပ်တန်းစီမံခန့်ခွဲသူများဖြစ်သော မန်နေဂျင်းဒါရိုက်တာ Mr.Wang Zhentang နှင့် အင်ဂျင်နီယာချုပ် Mr.Sheng Ruguo၊ ဒုတိယတာဝန်ခံမန်နေဂျာနှင့် အိုင်တီဒါရိုက်တာဖြစ်သော Mr.Du Suzhong၊ ဒုတိယတာဝန်ခံမန်နေဂျာနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဒါရိုက်တာ Mr.Liu Jingzhi၊ ပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဒါရိုက်တာနှင့် Operation မန်နေဂျာဖြစ်သော Mr.Wallis နှင့် ပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာနတို့မှ ပူးပေါင်းဦးစီးကာ ဇွန်လ ၅ရက်နေ့ နေ့လည်၂နာရီခွဲတွင် S & K ဧရိယာအတွင်းတွင် ငါးမျိုးရင်းထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်း၁ခု ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို မန်နေဂျာများမှ ငါးပေါက်လေးများကို ရေစီးဆင်းရာရေမြောင်းထဲသို့ လွတ်လိုက်ခြင်းအားဖြင့် အခမ်းအနားကို ပြီးစီးစေခဲ့ပါသည်။

စီမံကိန်းသည် သတ္တုတွင်းလုပ်ငန်းပြီးဆုံးသည်နှင့်တစ်ပြိုင်နက် သတ္တုတွင်းငှားရမ်းခွင့်မြေများကို ဆက်လက်ထိန်းသိမ်းရန် မြန်မာယန်စီမှ ထိန်းသိမ်းစောင့်ရှောက်ကြိုးပမ်းမှုများကို ပြုလုပ်ထားခြင်းဖြစ်သည်။မဟာဗျုဟာကျသော ထိုစီမံကိန်းသည်  မြန်မာယန်စီ၏အလယ်တွင်ရှိပြီး မတူညီသော တောရိုင်းတိရစာ္ဆန်နှင့် ရေနေသတ္တဝါများနေထိုင်သည်။ စီမံကိန်း၏ရည်ရွယ်ချက်မှာ ငါးများကိုကြီးထွားလာအောင်မွေးမြူပြီး အနီးနားရှိ ယမားချောင်းနှင့် ချင်းတွင်းမြစ်အတွင်းသို့ထုတ်လွတ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ရေလမ်းကြောင်းဆိုင်ရာဇီဝမျိုးများပြန်လည် ကောင်းမွန်လာမည်ဖြစ်သည်။

ထိုစီမံကိန်းကို ပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာနမှ ဦးဝင်းမြင့်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရာရှိဦးအောင်သက်ဆွေတို့မှ နာရီပေါင်းများစွာပြုလုပ်ခဲ့ကြပါသည်။မြန်မာယန်စီ၏ စီမံခန့်ခွဲမှုသည် သူတို့၏ကြိုးစားအားထုတ်မှုနှင့် ပတ်ဝန်းကျင်ကို ကယ်တင်ခြင်းအတွက် ISO အသိအမှတ်ပြုမှု 14001:2015 အတွက် ထူးချွန်သောခေါင်းဆောင်အဖြစ် အလွန်ဂုဏ်ယူလျက်ရှိပါသည်။

wedmytcln02wedmytcln03wedmytcl01wedmytcl05

wed 01

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဇွန်လ ၅ ရက်နေ့တွင် နှစ်စဉ်ကျင်းပသည်။ ၎င်းသည်ကုလသမဂ္ဂ၏ ကမ္ဘာပတ်ဝန်းကျင်ဆိုင်ရာအသိပညာနှင့် ပတ်ဝန်းကျင်ကိုမြှင့်တင်ပေးသည့်နေ့ဖြစ်သည်။ နှစ်စဉ်တစ်လျှောက်ပတ်ဝန်းကျင် ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံမှုအတွက် ကမ္ဘာ့အကြီးဆုံးစင်မြင့် ဖြစ်လာခဲ့ပြီးနိုင်ငံပေါင်း ၁၀၀ ကျော်မှ လူသန်းပေါင်းများစွာမှ ကျင်းပလေ့ရှိကြပါသည်။

labor 01

မေလ ၁၃ရက်နေ့ မြန်မာယန်စီတွင် အလုပ်သမားဥပဒေနှင့် စက်ရုံစုံစမ်းစစ်ဆေးရေးဌာနမှ အရာရှိများနှင့် မြန်မာယန်စီမှ အရာရှိဝန်ထမ်းများဖြစ်သော ဦးအုန်းလွင်မြင့်၊ ဦးသန်းနိုင်စိုး၊ ဦးသိန်းစိုး၊ ဦးလွင်မျိုးအောင်၊ ဦးကျော်ဝေနှင့် operation မန်နေဂျာ Mr.Wallis တို့နှင့် တွေ့ဆုံ၍ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါသည်။ ဆားလင်းကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဒေါက်တာသိန်းနိုင် နှင့် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်တို့လဲ ပူးပေါင်းပါဝင်ခဲ့ပါသည်။

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.