နောက်ဆုံးရသတင်းများ

letpadaungESIA ၏ အစီရင်ခံစာ မူကြမ်း ရေးဆွဲပြီး ဖြစ်၍ ဒေသခံ အဖွဲ့အစည်းများနှင့် အစုရှယ်ယာ ဝင်များကို မျှဝေရန် စီစဉ် ဆောင်ရွက် နေပါသည်။ အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်သည့် ESIA တစ်ရပ်၏ ပေါင်းစုထားသော နည်းလမ်း၏ တစိတ်တပိုင်း အဖြစ် ခေတ်နှင့်လျော် ညီအောင် ပြန် လည်ဆန်းစစ် ရပါမည်။၄င်း ESIA အစီရင်ခံစာကို ၂၀၁၂ (၆) လပိုင်းတွင် စတင် ရေးဆွဲခဲ့ပါသည်။ ၂၀၁၃ (၁၁) လပိုင်း ၂၃ ရက်နေ့တွင် ၄င်းအစီရင်ခံစာမူကြမ်းကို မြန်မာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနသို့ တရားဝင် တင်ပြပြီး ဖြစ်ပါသည်။

Myanmar Yang Tse Mine Townလူထုဝန်းကျင်ဆိုင်ရာ ပညာပေးဟောပြောပွဲကို MYTCL ဝန်ထမ်းများ နှင့် ကျောင်းသားကျောင်းသူများ၊ ကျောင်းဆရာ၊ဆရာမများမှ ဦးဆောင်ကာ (၃၀-၁-၂၀၁၄)ရက်နေ့ (၁၄) နာရီအချိန် အ.ထ.က(ကြေးနီ)၌ ကျင်းပပြုလုပ်ခဲ့သည်။ တက်ရောက်သူများမှာ ဆရာ၊ဆရာမ(၃၀)ယောက်၊ ကျောင်းသားကျောင်းသူ(၇၂၀)ယောက် စုစုပေါင်းမှာ အယောက်(၇၅၀)ဖြစ်သည်။

2014-water-festival-of-mine-town01

မိုင်းမြို့တော် မဟာသင်္ကြန်သည် နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပခဲ့ရာ ယခု၂၀၁၄ ခုနှစ်တွင်လည်း ယမန်နှစ်များကဲ့သို့ မိုင်းသူမိုင်းသားများ၊ သတ္တုတွင်းဝန်ထမ်းများ၊ မြန်မာယန်စီဝန်ထမ်း၊မြန်မာဝမ်ဘောင်ဝန်ထမ်းများနှင့်အတူ မိုင်းမြို့အနီးမှပတ်ဝန်းကျင်ရွာများမှာ ရွာသူရွာသားများလည်းပျော်ရွှင်စွာပါဝင်ဆင်နွှဲကြကာ မြန်မာတို့၏ နှစ်သစ်ကူးသင်္ကြန်အား လှိုက်လှဲပျော်ရွှင်စွာကြိုဆိုခဲ့ကြပါသည်။

11

ဒီတစ်ကြိမ်လည်း မီဒီယာတွင် မမှန်ကန်သည့် သတင်းများ ရှိနေပြန်ပါပြီ။
သို့သော် ကျွန်ုပ်တို့သည် မည်သို့ဆိုစေ ၄င်းတို့ကို အလေးထားပါသည်။
သတင်းအမှန်ရရှိရန်အတွက် ကျွနု်ပ်တို့၏ ပြည်သူ့ဆက်ဆံရေးဌာနတွင် ကျွန်တော်တို့ ပေးနိုင်သောသတင်းအချက်အလက်အသေးစိတ်ကို ရယူပါရန် လေးစားစွာ အကြံပြုအပ်ပါသည်။
၄င်းတို့၏ (Web Site) နှင့် ချိတ်ဆက်ထားသောဆောင်းပါးတွင်လည်း မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။အောက်ပါအချက်များမှာ ၄င်းတို့မှပြည်သူလူထုထံဖော်ပြသော သတင်းအမှားများကို အမှန်သိရှိစေရန်ဖော်ပြခြင်းဖြစ်သည်။

 

csd-members-environmental-training01

မြန်မာယန်စီ၏ လူမှု့ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း (CSD) အဖွဲဝင်များသည် သဘာဝပတ်ဝန်ကျင်များကို စစ်ဆေးကြည့်ရှု့ရန် အတွက် ကြေးစင်တောင် နှင့် စံပယ်တောင် မိုင်းဆိုက်သို့ အလည်အပတ်သွားရောက် ခဲ့ကြသည်။ ထို CSD အဖွဲ့ဝင်များ သည် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲသည့် အစီစဉ်နှင့် ပတ်သတ်သည့် သင်တန်းတက် ရောက်သင်ကြားနေဆဲဖြစ်သည်။

csr-water-sampling01ကြေးစင်တောင်နှင့် စံပယ်တောင် မိုင်းဆိုက် နှင့် တိုက်ရိုက် ပတ်သက်ဆက်နွယ်သော သဘာဝပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းများ အပေါ် ထိခိုက်မှုများကို ပွင့်လင်းမြင်သာစွာဖြင့် သေချာ စောင့်ကြည့်၊တိုင်းတာမှုများကို လူမှုပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း၏တာဝန်ယူမှု (Corporate Social Responsibility) အနေဖြင့် စတင်ဆောင်ရွက်ခဲ့သည်။ စံပယ်တောင် ကျင်းမှ မြေပေါ်ရေအချို့၏ ရေနမူနာများ စစ်ဆေးခြင်းကို မြန်မာယန်စီ Safety & Environment Department နှင့်မြန်မာ့ဦးပိုင်လီမိတက် တို့မှ ပူပေါင်းဆောင်ရွက် ခဲ့ကြသည်။

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.