နောက်ဆုံးရသတင်းများ

healthtalk4ကြေးစင်တောင် နှင့် စံပယ်တောင် မိုင်း တည်ရှိသည့် လွန်ခဲ့သော နှစ် နှစ်ဆယ်ကျော်ကတည်းက မိုင်းအဖွဲ့အစည်းသည် လူမှု့အဖွဲ့အစည်းတွင် တက်ကြွစွာပါဝင်သည့် အဖွဲ့ဝင်တစ်ခုဖြစ်လာခဲ့ပါသည်။ ပရဟိတလုပ်ငန်းများကို အိုင်ဗင်ဟိုး ခတ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။
လူမှု့အဖွဲ့အစည်းများသို့ လှူဒါန်းမှုများ နှင့် ပညာရေးဆိုင်ရာ ဟောပြောပွဲများ ၊ ဤဒေသအတွင်းရှိ ကျောင်းများ ကို စတင်ဖွဲ့စည်း တည် ထောင်ပေးခဲ့သည်။

A Heart to Heart Interview with Managing Director & General Manager Mr. Geng Yiskynet1

မေး-ပထမဦးစွာမြန်မာနိုင်ငံရှိအမှတ်(၁)ကြေးနီသတ္တုတွင်းစီမံကိန်းအား
ဝမ်ပေါင်ကုမ္ပဏီအနေဖြင့်မည်သို့လုပ်ကိုင်ခွင့် ရရှိခဲ့သလဲသိပါရစေ။
ဖြေ-ခင်ဗျားကသမိုင်းကြောင်းကိုသိချင်တာလား။
မေး-ဟုတ်ကဲ့၊ဤစီမံကိန်းလုပ်ကိုင်ခွင့်ရရှိရန်မြန်မာဝမ်ပေါင်ကုမ္ပဏီ
အနေဖြင့်အခြေအနေဘယ်လိုရှိခဲ့သလဲ။
ဖြေ-စီမံကိန်း၊ကုမ္ပဏီနှင့်မိမိတို့အကြောင်းမိတ်ဆက်ပေးနိုင်သည့်
အခွင့်အရေးရရှိမှုအတွက်SkyNetရုပ်သံလိုင်းအားအရင်ဆုံးကျေးဇူးတင်ကြောင်းပြောပါရစေ။
ထို့ကြောင့်သင်၏ပထမမေးခွန်းအတွက်စီမံကိန်းသမိုင်းကြောင်းကိုအနည်းငယ်ရှင်းပြပါရစေ။အမှန်တကယ်တော့(၂၀၀၇)ခုနှစ်မှ(၂၀၁၀)ခုနှစ်တိုင်တိုင်
လနှစ်နီးပါးမှာယခင်လုပ်ကိုင်သူထံမှလုပ်ကိုင်ခွင့်ရရှိရန်ချိတ်ဆက်ဆဲကာလဖြစ်သည်။၄င်းမှာကနေဒါနိုင်ငံအခြေစိုက်အိုင်ဗင်ဟိုးကုမ္ပဏီပင်ဖြစ်သည်။
ထိုလေးနှစ်တာကာလအတွင်းမိမိတို့မှာသတ္တုတွင်းစီမံကိန်းလုပ်ကိုင်ခွင့်ရရှိရန်အစိုးရ၊ယခင်ရှယ်ယာဝင်များနှင့်စ့စပ်ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်မှုမျိုးကိုမိမိတို့ကုမ္ပဏီသာလုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါ။ကိုရီးယား၊ရုရှားနှင့်တရုတ်နိုင်ငံမှအခြားကုမ္ပဏီများလည်းပါဝင်ချဉ်းကပ်ခဲ့ဖူးသည်။
ဝမ်ပေါင်ကုမ္ပဏီအနေဖြင့်စီမံကိန်းရရှိနိုင်သည့်နာက်ဆုံးအချက်မှာအစိုးရနှင့်ယခင်ရှယ်ယာဝင်များသို့သဘောကျလက်ခံနိုင်သည့်အချက်
များပေးစွမ်းနိုင်ခြင်းကြောင့်ဖြစ်သည်။နောက်ဆုံးတော့(၂၀၁၀)ခုနှစ်တွင်ကျွနု်ပ်တို့လုပ်ကိုင်ခွင့်ရခဲ့သည်ဟုပြောနိုင်သည်။ဒါဟာကျွန်ုပ်တို့သမိုင်းကြောင်းပါပဲ
 

67th-indenpendent-day01(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မြန်မာယန်စီနှင့် မြန်မာဝမ်ပေါင်မှ အထိမ်းအမှတ်အားကစားပွဲများ နှစ်စဉ်ကျင်းပပေးခဲ့ပါသည်။ယခုနှစ် တွင်လည်း အစဉ်အလာမပျက် ကျင်းပရန်အတွက် ၁၃.၁၂.၂၀၁၄ တွင် အခမ်းအနားဖွင့်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ဖွင့်ပွဲတွင် မြန်မာယန်စီမှ အထွေထွေမန်နေဂျာ မစ္စတာ Gong Quigguo မှ အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲအပြီးတွင် မြန်မာယန်စီ နှင့် မြန်မာဝမ်ပေါင်တို့မှ ချစ်ကြည်ရေးဘောလုံးကစားခဲ့ကြပါသည်။ အထိမ်းအမှတ်ကစားပွဲများကို ဆက်လက်ကျင်းပလျှက်ရှိပါသည်။အားကားစားနည်းများမှာ ဘောလုံး၊ဘော်လီဘော၊ပိုက်ကျော်ခြင်း၊ကြက်တောင်၊ပြေးခုန်ပစ်၊ဂေါက်ရိုက်ကစားခြင်းများ စသည်ဖြင့် မျိုးစုံပါဝင်ပါသည်။လာမည့် ၂၀၁၅ ဇန်နဝါရီ(၄)ရက်နေ့တွင် ပိတ်ပွဲ နှင့် အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများ ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

jakarta-blo-visit01

MYTCL၏ကြေးနီသတ္တုတွင်း
အလုပ်သမားအဖွဲ့အစည်း
ဦးဆောင်မှုနှင့်အတူ
ဂျကာတာမြို့တွင်ကျင်းပသော
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲ

MYTCLကြေးနီ သတ္တုတွင်းအလုပ်သမားအဖွဲ့အစည်းအဖွဲ့ဝင်များအားအမျိုးသားရေးတာဝန်ရှိမှုများတာဝန်ပေးအပ်ခြင်း
 
မြန်မာယန်စီကော့ပါးလီမိတက်(MYTCL)သည် သတ္တုတွင်းလုပ်ငန်းများကို တာဝန်သိသော သတ္တုတူးဖော် ရေးဆာင်ပုဒ်နှင့် အညီရရှည်တည်တံ့နိုင်သော ၄င်း၏ ပူးပေါင်း ဆောင်ရွက်မှုဆိုင် ရာမူဝါဒများဖြင့်တစိုက်မတ်မတ်လုပ်ကိုင်လာသည်မှာ (၂၀၁၁ခုနှစ်)ကတည်းကပင်ဖြစ်သည်။
MYTCLသည် အပြည်ပြည်ဆိုင်ရာစံသတ်မှတ်ချက်များနှင့်ထာက်ခံမှုများပါရှိသည့်ပေါင်းစပ် စီမံခန့် ခွဲမှုစနစ် (IMS)ကိုအသုံးပြုလျက်ကုမ္ပဏီအဖွဲ့အစည်း၏အကြမ်းဖျင်းပင်မတန်ဖိုး၊ လုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေး၊ သင့်တင့်လျော်ညီသော ခန့်အပ်ငှားရမ်းမှုဆိုင်ရာ အစီ အမံ များ၊ကုမ္ပဏီဝန်ထမ်းများအတွက် တန်းတူညီမျှသောအခွင့်အလမ်းများကို ပွင့်လင်းမြင်သာမှု ရှိရှိဖော်ဆောင်ခြင်းအားဖြင့်မြန်မာနိုင်ငံတွင်အမျိုးသားရေးဥပမာသဖွယ်ရှိနေပေသည်။ အမှန်တကယ် အားဖြင့်(MYTCL)မှလုပ်ကိုင်နေသောစပါယ်တောင်နှင့်ကြးစင်တောင်စီမံကိန်းသည်အမျိုးမျိုးသောထောက်ခံချက်လက်မှတ်များကို ထိန်းသိမ်းလာသည်မှာ လွန်ခဲ့သော (၁၅)နှစ်ကျော်ကျော် ကပင်ဖြစ်ပြီး၊ (ISO9001,ISO14001&OHSA18001)စသည့်လုပ်ငန်းအတွက်မရှိမဖြစ်လိုအပ်သည့် ထောက်ခံ ချက်လက်မှတ်များကိုဆွစ်ဇာလန်နိုင်ငံ၏(SGS)စီမံခန့်ခွဲမှုစနစ်အောက်တွင်(၃)နှစ်တစ်ကြိမ်ပြန်လည် စီစစ်ထောက်ခံ၍ယနေ့ထက်တိုင် ဆက်လက်ထိန်းသိမ်းထားသည်။
 

electricityprojectစစ်ကိုင်းတိုင်းဒေသကြီး၊ဆားလင်းကြီး မြို့နယ် ကျောက်ဖြူတိုင်ကျေးရွာရှိ ရွာသူ ရွာသား များသည် ယခင်ကာလ များကဲ့သို့ အလင်းမဲ့နေ့ရက်များ ကို မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ လျှပ်စစ်မီး ရရှိရေးစီမံချက် ကျေးဇူးဖြင့်ကျော်ဖြတ် နိုင်ခဲ့ပြီး ကျောက်ဖြူတိုင်ကျေးရွာကို လျှပ်စစ်မီးလှူဒါန်းပွဲကို ကျင်းပနိုင်ခဲ့ပါပြီ။
ကုမ္ပဏီမှလှုဒါန်းသောကျပ်သိန်း(၄၀)သိန်းကုန်ကျသောစာကြည့်တိုက်နှင့်ကျပ်သိန်း (၅၂၂)သိန်းကုန်ကျသောလျှပ်စစ်မီးလင်းရေးတို့အတွက် ဖွင့်ပွဲကို ၃.၁၂.၁၃ နေ့ရက်တွင် ကျင်းပနိုင်ခဲ့ပြီး ကျေးရွာလူထု (၁၀၀၀)ကျော်ကို အကျိုးခံစားနိုင်စေခဲ့ပြီးဖြစ်ပါသည်။.

 tailingMYTCL မပေါ်ပေါက်မီ ရှေ့ပြေး လုပ်ဆောင်ခဲ့သော အစောပိုင်း သတ္တုတွင်း လုပ်ငန်းကြောင့် ယခုလက်ရှိ သတ္တုတွင်း လုပ်ကွက်၏ အရှေ့ဖက်မြေ ၁၅၀ ဟက်တာပေါ်တွင် အမြှုပ်ဖော် သတ္တု သန့်စင်စက်ရုံမှ နောက်ဆုံး စွန့်ထုတ်လိုက်သော သတ္တုရည်များသည် သတ္တုစွန့်ပစ်ကန် အဖြစ် တည်ရှိနေကာ ယင်းမှ ဒေသခံတို့သည် ကိုယ်ပိုင်ကြေးချက် လုပ်ငန်းဖြင့် ဝမ်းစာရေး ရှာဖွေကြပါသည်။

အဆိုပါဒေသ အတော်များများသည် ဒေသမြန်မာ အာဏာပိုင်တို့၏ စီမံကွပ်ကဲမှုအောက်တွင် ရှိပါသည်။ MYTCL သည် ISO 14001 အသိအမှတ်ပြု လက်မှတ်အတွက်၎င်း၊ မိမိငှားရမ်း အသုံးပြုရမည့် မြေဧရိ ယာပြင်ပ တစ်စိတ်တစ်ပိုင်းကို ကူညီရှင်းသန့်ပေးရန် လိုလိုလားလား စိတ်ထားဖြင့်၎င်း၊ အငှားမြေ ဧရိယာအတွင်းရှိ ကျန်ရစ်ခဲ့သော စွန့်ပစ်ယိုဖိတ်ထားသော သတ္တုအနှစ်များကို ရှင်းထုတ်ရန် ခွင့်ပြုပါက တာဝန်သိသိ လုပ်ဆောင်သွားရန် ခံယူထားပါသည်။

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.