နောက်ဆုံးရသတင်းများ

sam 2887MYTCLနှင့် MWMCL သည်ပြန်လည်နေရာချထားပေး ထားသော ရွာများနှင့် ၄င်းတို့၏ လယ်ယာမြေများ ဆုံးရှုံးသွားသူများအား အထူး အခွင့်အရေး ပေးသည့်အနေဖြင့် ၄င်းတို့အတွက် အလုပ်အကိုင် မူဝါဒများ စတင်မိတ်ဆက်ကျင့်သုံးခဲ့ပါသည်။ ၂၀၁၂ တွင်ပြဌာန်းထားသော ၄င်း ပေါ်လစီအရ မြန်မာယန်စီနှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီများ၏ ဌာန အသီးသီးတွင် ဝန်ထမ်းပေါင်း ၅၁၀ ခန့်ထားခဲ့ပါသည်။ ယခုအချိန်တွင် ယင်း ကုမ္ပဏီနှစ်ခုလုံးမှ ဒေသခံ ဝန်ထမ်းစုစုပေါင်း ၂၀၀၀ ကျော်ခန့် ထားပြီးဖြစ်သည်။ မြန်မာဝမ်ပေါင် ကုမ္ပဏီတွင် အရည်စစ်ထုတ်စက်ရုံနှင့် လျှစ်စစ်ဖြတ် စီးစနစ် စက်ရုံတို့တည်ဆောက်ပြီးပါက ဒေသခံလူများ အတွက် အလုပ်အကိုင်အခွင့်အလမ်း များ ၃သုံးဆ တိုးလာမည်ဖြစ်သည်။

ESIA – မြန်မာဝမ်ပေါင်သည် လူမှု့ပတ်ဝန်းကျင်တွင် အကျိုး သက်ရောက်မှု လေ့လာဆန်းစစ် ချက်များကို စတင်လုပ်ကိုင်နေ သည်။

149656 112630212226851 270034528 n

ESIA ကို မြန်မာဝမ်ပေါင်သတ္တုတွင်းကုမ္ပဏီ တွင်ပဏာမ အစီအစဉ်အနေဖြင့် စတင်ပြုလုပ်ရန် တရားဝင် ထုတ်ပြန် ထားပါသည်။ ဩစတြေးလျသတ္တုတွင်း ကုမ္ပဏီတစ်ခု ဖြစ်သော Knight Piésold သည် ESIA ၏ တိုက်ရိုက် ပါဝင်ပက်သက်ခြင်းမရှိသည့် ကြားခံဖြစ်သောမြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်း သိမ်းရေး ကုမ္ပဏီ EMC မှ ဒေါက်တာဝင်းမောင် နှင့်တွဲ့ဖက်ပြီး လုပ်ငန်းစဉ် တလျောက် အတူတကွလုပ်ကိုင်ကြပါသည်။
 
၁၉၉၆-၉၇ တွင် MICCL နှင့် စာချုပ်ချုပ်ဆိုထားသော Muir ကုမ္ပဏီမှ လုပ်ဆောင်ခဲ့သော ESIA ကို ပြန်လည်မွမ်းမံရန် ရာသီသုံးပါးလုံးတွင် အချက် အလက်များကို ကောက်ယူစုဆောင်းခြင်းများ ပြုလုပ်ပါမည်။ ပတ်ဝန်းကျင်အားဖြင့် ယခင်ပြီးမြောက် ခဲ့သော ESIA ၏ စစ်ဆေးချက်များ နှင့် အနည်းငယ်ကွဲလွဲမှုများ ရှိနေပါသည်။ စစ်မှန်သော အကျိုး သက်ရောက်မှုတိုင်းတာချက်များသည် လက်ရှိလူမှု့ရေး နှင့် နိုင်ငံရေး အခြေအနေများကို လေ့လာမှတ်ယူပါသည်။
 

wbworking

ကျွန်တော်တို့ဝမ်ပေါင်ကုမ္ပဏီသည် ဒေသခံပြည်သူများ၏ အကျိုးစီးပွား အပြင်မြန်မာနိုင်ငံပြည်သူလူထုများအတွက်ပါ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ ထိထိရောက်ရောက် စဉ်ဆက်မပြတ် ဆောင်ရွက်အကျိုးပြုသွားမည်ဟု ကျွန်တော်တို့မှ အလေးအနက် ပြောကြားကတိပြုပါသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လက်ပတောင်းစီမံကိန်း အစီရင်ခံစာကို ကျွန်တော်တို့ကုမ္ပဏီမှဝမ်းပမ်းတသာဖြင့်ကြိုဆိုပါသည်။


တစ်ချိန်တည်းမှာပင် ကျွန်တော်တို့ ကုမ္ပဏီသည် ဒေသ၏စီးပွားရေးနှင့်လူမှု ရေးဖွံ့ဖြိုးတိုးတက်မှုအသီးသီးကို အလေးထားပါသည်။

 seedmasterသမိုင်းဝင်သစ်စေ့ကြဲပွဲတော်အား ၂၀၁၃ခုနှစ် မေလ ၁၄ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စံပါယ်တောင် ကြေးစင်တောင် ( S & K) သတ္တုတွင်းရှိ စံပါယ်တောင်စွန့်ပစ်မြေပုံတွင် သစ်တောဝန်ကြီးဌာန တိုင်းဒေသ ဝန်ကြီးမှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ပါသည်။ ၄င်းပွဲတော်တွင် တိုင်းဒေသ သတ္တုတွင်းဝန်ကြီးဌာနမှ (၅)ဦး၊ သစ်တောဦးစီးဌာနမှ (၅၅)ဦး နှင့် မြန်မာယန်စီမှ (၆၅)ဦး စုစုပေါင်း တက်ရောက်လူဦးရေ (၁၂၅) ဦး ရှိပါသည်။

 
ဘောစကိုင်းမျိုးစေ့တစ်ခြင်းနှင့် ကုက္ကိုမျိုးစေ့ တစ်ခြင်းတို့အား ( S & K) စီမံကိန်းရှိ စွန့်ပစ်မြေပုံများ၏ ဆင်ခြေလျှောတလျောက်တွင် ကြဲပက်စိုက်ပျိုးခြင်းမှာ မိုင်းပိတ်သိမ်းရေး စီမံချက်နှင့် ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ၏ တစိတ်တပိုင်း အစပျိုးခြင်းပင် ဖြစ်ပါသည်။
၄င်းလုပ်ငန်းများဖြစ်မြောက်ရေးတွင် လုပ်ငန်စီမံစိစစ်ရေးဌာန၊ ဓါတ်သတ္တုတူးဖော်ရေးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန တို့မှ အဓိကပါဝင်၍ မြန်မာယန်စီကော့ပါးလီမိတက်၏ ကျန်ဌာနများမှလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါသည်။

csd teamမြန်မာဝမ်ပေါင်ကုမ္ပဏီ မှ CSD team ဖွဲ့စည်း၍ ဒေသဖွံ့ဖြိုးရေးနှင့်လူမှုရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိ

မုံရွာ မေ ၂၇
မြန်မာဝမ်ပေါင်ကုမ္ပဏီသည် ပြည်သူ့လွတ်တော် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းစစ် ဆေးရေး ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များ အတိုင်း ဒေသဖွံ့ဖြိုးရေးနှင့် CSR (Corporate Social Responsibilities) လူမှုရေး လုပ်ငန်းများကို အကောင်အထည် ဖော်လျှက်ရှိသည်။
ကုမ္ပဏီ၏ CSR လုပ်ငန်းများကို ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ရန် အတွက် မြန်မာဝမ်ပေါင်ကုမ္ပဏီသည် CSD (Community Social Development) team ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိ သည်။ရှေးဦးစွာ မေလ ၂၁ရက်နေ့တွင် မိုးကြိုပြင် (တ)နှင့် မိုးကြိုပြင်(မ) ကျေးရွာများကိုသွားရောက်၍ ရဟန်းသံဃာများ၊ကျေးရွာဒေသခံများနှင့် တွေ့ဆုံပြီး CSD team ကိုဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်တာများကို ရှင်းပြခဲ့သည်။ဒေသခံအများစုကလည်း ဒေသ၏ လိုအပ်ချက်များကို CSD အဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်းသိရသည်။

 interview with mr.gengyiစစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ကြေးစင်တောင်၊ စံပယ်တောင်၊ စံပယ်တောင် (တောင်ပိုင်း) နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေးခုကို၊ "မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်" Myanmar Economics Holding Ltd. (MEHL) နဲ့ ဖက်စပ်လုပ်ကိုင်နေပြီး တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကတော့ "မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိတက်" Myanmar Wanbao Mining Copper Ltd. (MWMCL) ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၄)ရက်နေ့က၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ ဖိတ်ခေါ်ချက်နဲ့ ဒီ ကြေးနီစီမံကိန်း လေးခုထဲက အကြီးဆုံးဖြစ်တဲ့ လက်ပံတောင်းတောင်က ကြေးနီသတ္ထုတူး ဖေါ်ရေးနယ်မြေရုံးမှာ ဗွီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက သွားရောက်ပြီး ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi ကို သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။


Edited by Editor MYTCL

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.