နောက်ဆုံးရသတင်းများ

Press Release

dscf1565၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သတ္တုတွင်း ဝန်ကြီးဌာန လက်အောက်ရှိ အမှတ်(၁) သတ္တုတွင်း လုပ်ငန်းသည် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် ဝမ်ပေါင် သတ္တုတူးဖော်ရေးတို့ နှင့် လက်ပံတောင်း ကြေးနီ သတ္တုတွင်း ဆိုင်ရာ ပြင်ဆင်မွမ်းမံထားသည့် Product Sharing Contract (အချိုးကျ ခွဲယူခြင်း)စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါပြင်ဆင်ချုပ်ဆိုသော စာချုပ်သည် လုပ်ငန်း အကျိုးအမြတ်မှ (၅၁) ရာခိုင်နှုန်းကို နိုင်ငံတော်အစိုးရမှ ရယူမည်ဖြစ်ပြီး ကျန်(၄၉) ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့်ဝမ်ပေါင်မှ အသီးသီး ရရှိမည်ဖြစ်ပါသည်။

after1၂ဝ၁၃ ခု စက်တင်ဘာလ (၂၈)ရက်နေ့တွင် ဝမ်ပေါင်သတ္တုတူးဖော်ရေး ဥက္ကဌ မစ္စတာချန်သယ်ဖန်းနှင့် အထွေထွေမန်နေဂျာ မစ္စတာဂန်းရီတို့ ဦးဆောင်သော ဝမ်ပေါင် ကိုယ်စားပြုအဖွဲ့ သည် လက်ပံတောင်း စီမံကိန်းနယ်မြေအတွင်းရှိ ဇီးတောရွာဟောင်းသို့ သွားရောက်ခဲ့ကြောင်းသိရသည်။ ယခုကဲ့သို့ သွားရောက်ခဲ့ခြင်းမှာ ဝမ်ပေါင် ကုမ္ပဏီ နှင့် ဒေသခံများအကြား လပေါင်းများစွာ ကြိုးစား တည်ဆောက် ခဲ့သော ဆက်ဆံရေး ၏ အောင်မြင်မှု အသီးအပွင့်ဖြစ်သည်။ မြန်မာ ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် ဒေသခံများနှင့် ရင်းနှီးသော ဤကဲ့သို့ ဆက်ဆံရေးသည် နောက်ကြောင်းပြန်လှည့်သွားစရာ မရှိဟု ယုံကြည်သည်။ တစ်ချိန်တည်းမှာပင် ကျွန်တော်တို့သည် ရှင်းလင်းပြီး ရိုးသားသော ဒိုင်ယာလော့ဂ်များမှ တစ်ဆင့် လက်ရှိကိစ္စအရပ်ရပ်ကို ဖြေရှင်းနိုင်လိမ့်မည်ဟုလည်း တထစ်ချ ယုံကြည်ပါသည်။

ဇီးတောရွာသည် ကျွန်တော်တို့၏ အဖိုးတန်သော ပတ်ဝန်းကျင် အသိုင်းအဝိုင်းဖြစ်သည်နှင့် အညီ မြေယာပြန်လည်ချထားရမည့် ကျေးရွာများမှ တစ်ရွာ အပါအဝင် လည်းဖြစ်သည်။ ထိုနည်းတူစွာ မီဒီယာတွင် ဖော်ပြထားချက်များအရ ဝမ်ပေါင်ကုမ္ပဏီအပေါ် အထင်လွဲမှု အများအပြားရှိသော ကျေးရွာတစ်ရွာလည်း ဖြစ်ပါသည်။ဇီးတောရွာရှိ အိမ်ထောင်စုအများစုမှာ ယခုအချိန်တွင် ပြန်လည်ချထားပေးသည့် ရွာသစ်ရှိ အိမ်သစ်များသို့ ပြောင်းရွှေ့နေထိုင်ခြင်း များရှိပြီး ဝမ်ပေါင်မှ ပေးအပ်သော မြေယာလျော်ကြေးများကိုလည်း ရရှိနိုင်ပြီဖြစ်သည်။

မြန်မာဝမ်ပေါင်ကြေးနီသတ္တု တူးဖော်ရေးလိမိတက်သည် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (ESIA)အရ ဦးစားပေးဆောင်ရွက်၍ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း တည်ဆောက်ရေး၏ ကနဦး ရှေ့ပြေး လုပ်ငန်းစဉ်များကို စတင်ရန် ရည်ရွယ်ထားပါသည် ။.

အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဧပြီလ ၁၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော အစည်းအဝေးတွင် ESIA အဆိုပြုချက်ကို နိုင်ငံတော်မှ လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း အကောင်အထည်ဖော်ရေးကော်မတီ နှင့်အတူ အကြီးတန်း နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ ဦးဆောင်သော လွတ်လပ်စွာ ကြီးကြပ်စောင့်ကြည့်သော အဖွဲ့ (Independent Monitoring Team) တို့နှင့် ဆွေးနွေးသဘောတူညီမှု ရယူခဲ့ပြီး ဖြစ်ပါသည်။

 onjobtrainingimg1၂ဝ၁၃ ခု အောက်တိုဘာလ (၂၈)ရက်တွင် မြန်မာ ဝမ်ပေါင်ကြေးနီသတ္တု တူးဖော်ရေး လိမိတက်သည် အဆင့်(နှစ်) အငယ်တန်းအော်ပရေတာ ရာထူးအတွက် ခေါ်ယူထားသော လုပ်ငန်းခွင် လက်တွေ့ကွင်းဆင်း သင်တန်းသားများ၏ သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး သစ်တောနှင့် သတ္တုတွင်းရေးရာ ဝန်ကြီး ဦးသန်းထိုက်၊မြန်မာဝမ်ပေါင်ကြေးနီသတ္တုတူးဖော်ရေးမှ ဒုတိယအထွေထွေမန်နေဂျာ မစ္စတာလော်သာ့ချင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်မှ လက်ပံတောင်းကြေးနီသတ္တု စီမံကိန်း တာဝန်ခံ ဦးလှစိန် တို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။

မြန်မာဝမ်ပေါင်ကြေးနီသတ္တုတူးဖော်ရေး၏ အဆင့်(နှစ်)အငယ်တန်းအော်ပရေတာ လက်တွေ့ကွင်းဆင်း လေ့ကျင့်ခြင်း အစီအစဉ်သည် စီမံကိန်းကြောင့် သက်ရောက်သော အနီးပတ်ဝန်းကျင် (၃၃)ရွာ မှ စာတွေ့ဖြေဆိုခြင်းနှင့် လူတွေ့စစ်ဆေးခြင်း အောင်မြင်ပြီးသည့် တက္ကသိုလ်ကျောင်းသား /ကျောင်းသူ စုစုပေါင်း(၂၃၆)ယောက်ကို အလုပ်ပြန်လည်ခန့်ထားခြင်းဖြစ်သည်။

67anniversary-independence01

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ပြေးခုန်ပစ်ပြိုင်ပွဲများကို မြန်မာယန်စီကုပ္မဏီမှ ၄.၁.၂၀၁၅ရက်နေ့တွင် ကျင်းပပေးခဲ့ရာ ဝန်ထမ်းများ၊ဝန်ထမ်းမိသားစုများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာသူကျေးရွာသားများ တပျော်တပါးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ပြိုင်ပွဲများပြီးသည့်နှင့်တပြိုင်နက် ဆုများကိုလည်း ဆုရသူများကို ချက်ချက်ပေးအပ်ခဲ့ပါသည်။ ညနေ (၄) နာရီတွင်လည်း မာရသွန်၊ကြက်ေေတာင်၊ဂေါက်၊ဘောလုံး၊ဘော်လီဘောပြိုင်ပွဲများမှ ဆုရသူများကို မိုင်းမြို့ အားကစားကွင်းတွင် မြန်မာယန်စီမှ တာဝန်ရှိသူမျာက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဝန်ထမ်းမိသားစုများ ပျော်ရွှင်စေရန်အတွက် ၃.၁.၂၀၁၅ နှင့် ၄.၁.၂၀၁၅နေ့ညများတွင် မန္တလေး ပြည်သူ့မေတ္တာ ရွှေရတနာအငြိမ့်ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီး ညနေပိုင်းနှင့်ညပိုင်းများမှာလည်း လွတ်လပ်ရေးပွဲဈေးတန်းကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ပါသည်။
 
 

vacinationproject01

နိုင်ငံတစ်ဝန်းဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း (၂၀၁၅) အား မိုင်းမြို့လုပ်သားဆေးရုံတွင် ၁၉.၂.၂၀၁၅တွင် ကလေးများအားထိုးနှံပြီးစီးပါသည်။
MYTCL နှင့် MEHL တို့မှပူးပေါင်းဆောင်ရွက်သော သက်ကြီးရွယ်အိုများ ကနဦးထောက်ပံ့မှု အကျိုးပြုလုပ်ငန်းများ၊ ပညာရေး နှင့် စီမံချက်ချတည်ဆောက်ထားသည့် အဆောက်အဦး၊ လျှပ်စစ်ဓါတ်အားထောက်ပံ့မှု၊ လမ်းပန်းဆက်သွယ်ရေးစသော ဝန်ဆောင်မှုများအား အောင်မြင်စွာအကောင်အဖော်ဆောင်ရွက်ပေးနိုင်သော နှစ်တစ်နှစ် ဖြစ်သည်။ စီမံကိန်း၏ရသုံးမှန်းခြေနှစ် ကုန်ဆုံးရန်နီးကပ်လာပြီဖြစ်၍ တက်နိုင်သောမှန်းခြေငွေကြေးဖြင့်သာ အသုံးချနေရပါသဖြင့်လုပ်ငန်းအသေးစားအများအပြားကို လုပ်ဆောင်ပေးပါသည်။(၂၀၁၄-၁၅) CSR နှင့် လူထုဖွံ့ဖြိုးရေးဆိုင်ရာ ရသုံးမှန်းခြေဘဏ္ဍာရေးနှစ်မှာ (၂၀၁၅) ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် ပြီးဆုံးတော့မည်ဖြစ်သည်။
 

.

 

 

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.