နောက်ဆုံးရသတင်းများ

elderly aged 01

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘိုး/ဘွားများအား ပူဇော်ကန်တော့ပွဲနှင့် တက္ကသိုလ်/တက္ကသိုလ်ဝင် ကျောင်းသား/သူ များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနား ကို မြန်မာဝမ်ပေါင်ကုမ္ပဏီ နှင့် မြန်မာယန်စီကုမ္ပဏီ တို့မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ခမ်းနားစွာ ကျင်းပခဲ့ပါသည်။

volleyball sepak takraw 01

ဘော်လီဘော အားကစားသည် လူကြိုက်များသော အားကစားဖြစ်ပြီး တစ်ဘက်လျှင် ကစားသမား၆ယောက်စီဖြင့် ကစားရသော အားကစားဖြစ်သည်။ အသင်းတစ်ခုစီသည် ဘောလုံးကို ပြန်လှည့်ရန်ကြိုးစားမှုသုံးခုရှိသည်။ ပိုက်ကျော်ခြင်းသည် ဘောလီဘော ကစားနည်းနှင့် ဆင်တူသော်လဲ လက်မသုံးဘဲ ခြင်းလုံးကို ခြေထောက်ဖြင့် ခတ်ရသော ကစားနည်းဖြစ်သည်။ မြန်မာယန်စီသည် ကျန်းမာရေးပိုမိုကောင်းမွန်စေရန် နှင့် ဝန်ထမ်းများ စည်းလုံးညီညွတ်စွာရှိရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်သည်။

sport festival 01

(၇၂)ကြိမ်မြောက်မြန်မာ့ လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မြန်မာယန်စီကုမ္ပဏီသည် မိုင်းဝန်ထမ်းမိသားစုများအတွက် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ၂၀၂၀ ဇန်နဝါရီလ ၁၈ရက်နေ့တွင် မိုင်းမြို့အားကစားကွင်းတွင် ကျင်းပပေးခဲ့ပါသည်။

football team 01

ဘောလုံးအားကစားသည် ကျွနု်ပ်တို့အတွက်ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေသည်။ ထိုအားကစားသည် ရုပ်ပိုင်းဆိုင်ရာအရ အားကစားသမားများ၏ မြန်နှုန်း၊ သွက်လက်မှု နှင့်အားအင်များကို ဖြည့်တင်းပေးရုံသာမက ကိုယ်လက်လှုပ်ရှားမှုနှင့် နှလုံးသွေးကြောဆိုင်ရာ ခံနိုင်ရည်ကိုလဲ တိုးတက်စေသည်။

safety induction video01

ကျန်းမာရေးနှင့်အန္တရာယ်ကင်းရှင်းရေးဗီဒီယိုများကိုကုမ္ပဏီများမှ ဝန်ထမ်းများနှင့်ဧည့်သည်များအားကုမ္ပဏီသို့မ ဝင်မီအန္တရာယ်များကိုသိရှိရန်နှင့် အန္တရာယ်ရှိပါကလိုအပ်သောကြိုတင်ကာကွယ်မှုများပြုလုပ်ရန်အသုံးပြုသည်။ အဖွဲ့အစည်း တော်တော်များများသည် သူတို့၏ ဝန်ထမ်းများနှင့်ကန်ထရိုက်တာများအားလုံးကို လုပ်ငန်းခွင်အခန်းကဏ္ဍတွင်စတင်မလုပ်ကိုင်မီ ပြည့်စုံသော အစိတ်အပိုင်းတစ်ခုအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းခြင်း ဆိုင်ရာ လုပ်ငန်းခွင်ဝင် ဗီဒီယိုကိုဖန်တီးကြသည်။

sport activities 01မြန်မာယန်စီကြေးနီကုမ္ပဏီလီမီတက်သည် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဝန်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်လာရေးအတွက် တစိုက်မတ်မတ်အကောင်အထည်ဖော်လျက် ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွက် အောက်ပါအားကစားလှုပ်ရှားမှုအသင်းကြီး ၃ ရပ်ကို စတင်ဖွဲ့စည်းလိုက်သည်။ ယင်းတိုမှာ
(က) မြန်မာယန်စီ မာရသွန်ကလပ် ( MMC)
(ခ) မြန်မာယန်စီ ဘော်လီဘောကလပ် (MVC) နှင့်
(ဂ) မြန်မာယန်စီ ဘောလုံးကလပ် ( MFC) တို့ဖြစ်ကြသည်။

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.