နောက်ဆုံးရသတင်းများ

labor 01

မေလ ၁၃ရက်နေ့ မြန်မာယန်စီတွင် အလုပ်သမားဥပဒေနှင့် စက်ရုံစုံစမ်းစစ်ဆေးရေးဌာနမှ အရာရှိများနှင့် မြန်မာယန်စီမှ အရာရှိဝန်ထမ်းများဖြစ်သော ဦးအုန်းလွင်မြင့်၊ ဦးသန်းနိုင်စိုး၊ ဦးသိန်းစိုး၊ ဦးလွင်မျိုးအောင်၊ ဦးကျော်ဝေနှင့် operation မန်နေဂျာ Mr.Wallis တို့နှင့် တွေ့ဆုံ၍ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါသည်။ ဆားလင်းကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဒေါက်တာသိန်းနိုင် နှင့် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်တို့လဲ ပူးပေါင်းပါဝင်ခဲ့ပါသည်။

disinfectionchamber 01

မကြာမီက COVID-19 ရောဂါကူးစက်မှု လျှော့ချနိုင်ရန်အတွက်ပိုးသတ်ဆေးဖျန်းသော လုပ်ငန်းစဉ်ကို စတင်စမ်းသပ် ခဲ့ကြပါသည်။ အခန်း၊ အလုံပိတ်နေရာ၊  အကန့်အသတ်ရှိသောနေရာ သို့မဟုတ် ဂိတ်နေရာမှတစ်ဆင့် ပိုးသတ်ဆေးဖျန်းသည့် လုပ်ငန်းစဉ်ကိုစတင်လုပ်ဆောင်ရန်အတွက် တီထွင်ခဲ့ကြပါသည်။ ပိုးသတ်ဆေးကိုအလိုအလျောက်ပျံ့နှံ့စေခြင်းအားဖြင့် လူတစ်ဦး သည်အခန်း၊ အလုံပိတ်နေရာ  ကန့်သတ်ထားသောအခန်း သို့မဟုတ် ဂိတ်သို့ဖြတ်သန်းသွားသည်နှင့်တစ်ပြိုင်နက် အာရုံခံကိရိယာ သို့မဟုတ် လှုပ်ရှားမှုအာရုံခံကိရိယာထည့်သွင်းထားသော ဆင်ဆာမှ စတင်အလုပ်လုပ်ကာ ပိုးသတ်ဆေးရည် အလိုအလျောက်စတင်ဖျန်းမည်ဖြစ်ပါသည်။ ပိုးသတ်ဆေးဖျန်းရန် ကြာမြင့်ချိန်မှာ စက္ကန့် ၂၀ မှ ၃၀ ခန့်အထိရှိသည်။

disinfection donation 01

COVID-19 ဗိုင်းရပ်စ်သည်ပတ်ဝန်းကျင်တွင် ရက်ပေါင်းများစွာ အသက်ရှင်သန်နေထိုင်နိုင်သည်။ COVID-19 ကာကွယ်ခြင်းတွင် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်နှင့်နေ့စဉ်သုံးပစ္စည်းများ ပိုးသတ်ရန် အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့၏လက်များသာမက ပတ်ဝန်းကျင်များကိုပါ သန့်ရှင်းရေးလုပ်ရန်လိုအပ်ပါသည်။

pandemic 01

COVID-19 ဗိုင်းရပ်စ်အသစ်ဟာ ယခုအခါတွင် ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့နေပါသည်။ COVID-19 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့ကြပါသည်။ COVID-19 သည် အအေးမိခြင်းနှင့် ပြင်းထန်သောရောဂါများမှ စတင်ဖြစ်ပွားစေသောဗိုင်းရပ်စ် တစ်ခုဖြစ်သည်။ ၎င်းဗိုင်းရပ်စ်သည်အသက်ရှူလမ်းကြောင်းဆိုင်ရာစနစ် (ချောင်းဆိုးခြင်းနှင့်နှာချေခြင်းမှတစ်ဆင့်) သို့မဟုတ် ကူးစက်မှုရှိသောသူများနှင့်တိုက်ရိုက်ထိတွေ့ခြင်းမှလဲ တဆင့်ကူးစက်နိုင်ပါသည်။

covid 19 01

ကြိုတင်ကာကွယ်ခြင်းဆိုသည်မှာ ကျန်းမာရေးစောင့်ရှောက်မှု အမျိုးအစားတစ်ခုဖြစ်ပြီး  ရည်ရွယ်ချက်မှာ  အနာရောဂါကုသခြင်းမှစပြီးကျန်းမာလာခြင်းနှင့်  ကျန်းမာရေးကိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခြင်းတို့ဖြစ်ပါသည်။ ကြိုတင်ကာကွယ်ခြင်းသည် ကျွန်ုပ်တို့အားကျန်းမာလာအောင်ကူညီပေးခြင်း၊ လိုအပ်ပါက ချက်ချင်းကုသမှုခံယူနိုင်ခြင်း နှင့်  ကျန်းမာရေးဆိုင်ရာကုန်ကျစရိတ်များကိုလဲလျော့ချပေးပါသည်။ ယခုအခါတွင် COVID-19 ဗိုင်းရပ်စ်အသစ်ဟာ ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့နေပါသည်။ COVID-19 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကမ္ဘာကပ်ရောဂါအဖြစ်သတ်မှတ်ခဲ့ကြပါသည်။

Strategy Report 2020-2021mytcl report 2021 250x351front View/Download here

 

MYTCL Logo Footter

Please publish modules in offcanvas position.