နောက်ဆုံးရသတင်းများ

h1n1 flu1

မြန်မာယန်စီကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ကူးစက်လာသော H1N1 ကပ်ရောဂါ ၊ ရာသီတုပ်ကွေးရောဂါအပေါ် အစိုးရ၏ ကာကွယ်ရေးအစီအမံများကို တစ်စိတ်တစ်ပိုင်းကူညီသောအားဖြင့် H1N1 flu ရောဂါလက္ခဏာများနှင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို မြန်မာယန်စီ နယ်လှည့်အခမဲ့ဆေးကုသရေးအဖွဲ့မှ လာရောက်ကုသသောလူနာများနှင့် ကျေးရွာသူ/ကျေးရွာ သားများကိုလက်ကမ်းစာစောင်များဖြန့်ဝေပေးလျှက်ရှိပါသည်။

dondaw health talk1

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု၊ ဒုန်းတောကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်း ၁၆.၈.၂၀၁၇ (ဗုဒ္ဓဟူးနေ့) နံနက် (၉း၃၀) နာရီတွင် မြန်မာယန်စီကုမ္ပဏီ၊ နယ်လှည့်အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့မှ Sister ကြီးဒေါ်ရှိုင်းနီးမွန်းမှ ရာသီတုပ်ကွေးရောဂါ Seasonal Influenze A (H1N1) ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျောင်းသားကျောင်းသူများအား ပညာပေးဟောပြောခဲ့ပါသည်။ ကျန်းမာရေးဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့တက်ရောက်ခဲ့ပါသည်။

tebinkan health talk1

ဘေးအန္တရာယ်ကင်းရှင်းရေးဌာနနှင့် လူမှုဖွံ့ဖြိုးရေးဌာနမှ ကိုယ်စားလှယ်များပါဝင်သော မြန်မာယန်စီ အဖွဲ့သည် တယ်ပင်ကန်ကျေးရွာ မူလတန်းကျောင်းသို့ ကျောင်းသူကျောင်းသားများအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့်ကျန်းမာရေးအသိပညာပေးရန်အတွက် ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

eng contest1၂၀၁၇ ခုနှစ်အတွက်နှစ်စဉ်ကျင်းပလျှက်ရှိသော မြန်မာယန်စီကုမ္ပဏီ၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဆုချီးမြှင့်သော ဒုတိယအကြိမ်မြောက် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို စက်တင်ဘာလ (ရ)ရက်၊ ကြာသပတေးနေ့တွင် မိုင်းမြို့ခန်းမ၌ ကျင်းပခဲ့သည်။

2017myayake schooltalk1

၂ဝ၁၇ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် MYTCLမှ အထူးဖွဲ့စည်းထားသော ပတ်ဝန်းကျင်လူမှုအဖွဲ့အစည်းများအားပညာပေးဖြန့်ဝေ ဟောပြောရန်အတွက် QHSE ဌာနနှင့် PR & CSD ဌာနမှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် မြရိပ်ကျေးရွာ အလယ်တန်းကျောင်း တွင် ကုမ္ပဏီ၏ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုလိုက်နာလုပ်ဆောင်နေမှုများကို အသိပညာပေးဟောပြောခဲ့ပါသည်။

security training1

မြန်မာယန်စီ၏ လမ်းညွှန်မှုအောက်တွင်ရှိသော လုံခြုံရေးအထူးတပ်ဖွဲ့သင်တန်းအမှတ်စဉ် (၁/၂ဝ၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ၃.၂.၂ဝ၁၇ ( သောကြာ) နေ့တွင် မိုင်းမြို့နဝရတ်ခန်းမတွင် ကျင်းပခဲ့ပါသည်။

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.