စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ အပေါ်ရှင်းလင်းထုတ်ပြန်ချက်

wbworking

ကျွန်တော်တို့ဝမ်ပေါင်ကုမ္ပဏီသည် ဒေသခံပြည်သူများ၏ အကျိုးစီးပွား အပြင်မြန်မာနိုင်ငံပြည်သူလူထုများအတွက်ပါ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ ထိထိရောက်ရောက် စဉ်ဆက်မပြတ် ဆောင်ရွက်အကျိုးပြုသွားမည်ဟု ကျွန်တော်တို့မှ အလေးအနက် ပြောကြားကတိပြုပါသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လက်ပတောင်းစီမံကိန်း အစီရင်ခံစာကို ကျွန်တော်တို့ကုမ္ပဏီမှဝမ်းပမ်းတသာဖြင့်ကြိုဆိုပါသည်။


တစ်ချိန်တည်းမှာပင် ကျွန်တော်တို့ ကုမ္ပဏီသည် ဒေသ၏စီးပွားရေးနှင့်လူမှု ရေးဖွံ့ဖြိုးတိုးတက်မှုအသီးသီးကို အလေးထားပါသည်။


ကျွန်တော်တို့ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံတွင်ကနဦးရင်းနှီးမြှုပ်နှံ မှုဖြင့်နှစ်ဦး သဘော တူစာချုပ် ချုပ်ဆိုသည့် အတိုင်းဆောင်ရွက် ရုံသာ မက ဒေသခံများ၏စီးပွားရေးနှင့် လူ မှုရေး စဉ်ဆက်မပြတ် တိုး တက်မှုကို ပိုမိုအလေးထား ဂရုစိုက်လျှက်ရှိပါသည်။


ဒေသခံ ပြည်သူလူထုများ၏ ဤစီမံကိန်းနှင့် ပတ်သက်သည့် လိုလားသည်များကို အချိန်မရွေး ဂရုစိုက်နားထောင်ပေးမည်ဖြစ်ပြီး ရင်းနှီးချစ်ကြည်စွာ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ကျွန်တော်တို့ကုမ္ပဏီသည် နိုင်ငံတကာ အကောင်းဆုံး စံချိန်စံညွှန်းများနှင့်အညီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အကောင်းဆုံး ဆောင်ရွက်သွားမည် ဟုလည်း ကတိပြုပါသည်။ ကျွန်တော်တို့ကုမ္ပဏီသည် သတ္တုတွင်းစီမံကိန်းပတ်ဝန်းကျင်ရှိ မိသားစုဝင်များနှင့် သားသမီးများတို့၏ လူမှုဘဝ ပိုမိုကောင်းမွန်အောင် ကြိုးစားဖြည့်ဆည်းပေးသွားမည်ဟု ကတိပြုပါသည်။ ကျွန်တော်တို့သည် ဒေသခံများ၏ လိုအပ်ချက်နှင့် ဆန္ဒများကို စိတ်ရှည်စွာ အလေးထား နားထောင်ပေးသွားမည်။ 

signature-MD-Wanbao

Mr Dong Yun Fei - Administration Manager
Myanmar Wanbao Mining Copper Limited

(for MWMCL General Manager)

 

 

 

 

 

 

 

 

 

 

wb

 


Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.