သစ်စေ့ကြဲပွဲတော်

 seedmaster

သမိုင်းဝင်သစ်စေ့ကြဲပွဲတော်အား ၂၀၁၃ခုနှစ် မေလ ၁၄ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စံပါယ်တောင် ကြေးစင်တောင် ( S & K) သတ္တုတွင်းရှိ စံပါယ်တောင်စွန့်ပစ်မြေပုံတွင် သစ်တောဝန်ကြီးဌာန တိုင်းဒေသ ဝန်ကြီးမှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ပါသည်။ ၄င်းပွဲတော်တွင် တိုင်းဒေသ သတ္တုတွင်းဝန်ကြီးဌာနမှ (၅)ဦး၊ သစ်တောဦးစီးဌာနမှ (၅၅)ဦး နှင့် မြန်မာယန်စီမှ (၆၅)ဦး စုစုပေါင်း တက်ရောက်လူဦးရေ (၁၂၅) ဦး ရှိပါသည်။

 
ဘောစကိုင်းမျိုးစေ့တစ်ခြင်းနှင့် ကုက္ကိုမျိုးစေ့ တစ်ခြင်းတို့အား ( S & K) စီမံကိန်းရှိ စွန့်ပစ်မြေပုံများ၏ ဆင်ခြေလျှောတလျောက်တွင် ကြဲပက်စိုက်ပျိုးခြင်းမှာ မိုင်းပိတ်သိမ်းရေး စီမံချက်နှင့် ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ၏ တစိတ်တပိုင်း အစပျိုးခြင်းပင် ဖြစ်ပါသည်။
၄င်းလုပ်ငန်းများဖြစ်မြောက်ရေးတွင် လုပ်ငန်စီမံစိစစ်ရေးဌာန၊ ဓါတ်သတ္တုတူးဖော်ရေးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန တို့မှ အဓိကပါဝင်၍ မြန်မာယန်စီကော့ပါးလီမိတက်၏ ကျန်ဌာနများမှလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါသည်။

img 2100

img 2175
img 2106
img 2102

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.