မြန်မာဝမ်ပေါင်ကုမ္ပဏီ မှ CSD team မှဒေသဖွံ့ဖြိုးရေးနှင့် လူမှုရေးလုပ်ငန်းများကိုစဉ်ဆက်မပြတ်လုပ်ဆောင်

csd team

မြန်မာဝမ်ပေါင်ကုမ္ပဏီ မှ CSD team ဖွဲ့စည်း၍ ဒေသဖွံ့ဖြိုးရေးနှင့်လူမှုရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိ

မုံရွာ မေ ၂၇
မြန်မာဝမ်ပေါင်ကုမ္ပဏီသည် ပြည်သူ့လွတ်တော် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းစစ် ဆေးရေး ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များ အတိုင်း ဒေသဖွံ့ဖြိုးရေးနှင့် CSR (Corporate Social Responsibilities) လူမှုရေး လုပ်ငန်းများကို အကောင်အထည် ဖော်လျှက်ရှိသည်။
ကုမ္ပဏီ၏ CSR လုပ်ငန်းများကို ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ရန် အတွက် မြန်မာဝမ်ပေါင်ကုမ္ပဏီသည် CSD (Community Social Development) team ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိ သည်။ရှေးဦးစွာ မေလ ၂၁ရက်နေ့တွင် မိုးကြိုပြင် (တ)နှင့် မိုးကြိုပြင်(မ) ကျေးရွာများကိုသွားရောက်၍ ရဟန်းသံဃာများ၊ကျေးရွာဒေသခံများနှင့် တွေ့ဆုံပြီး CSD team ကိုဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်တာများကို ရှင်းပြခဲ့သည်။ဒေသခံအများစုကလည်း ဒေသ၏ လိုအပ်ချက်များကို CSD အဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်းသိရသည်။

CSD teamနှင့် တွေ့ဆုံရာတွင် မိုးကြိုပြင်ရွာ ဒေသခံများက ရေရရှိရေး၊လျှပ်စစ်မီးရရှိရေးနှင့် အလယ်တန်းကျောင်းဖွင့်လှစ်ပေးနိုင်ရေးကို တင်ပြခဲ့ပါသည်။လက်ရှိအချိန်တွင် ရွာရှိကလေးငယ်အများစုမှာ မူလတန်းဖြင့်သာ ပညာရေးရပ်တန့်ခဲ့ရကြောင်း၊ရွာတွင် အလယ်တန်းကျောင်းမရှိသဖြင့် (၂)မိုင်ခန့်ကွာဝေးသော Mine Town သို့ပညာသွားသင်နေရကြောင်းသိရှိခဲ့ရ သည်။ မေလ ၂၅ ရက်နေ့တွင် CSD team သည် အဖွဲ့(၄)ဖွဲ့ခွဲကာ ဖောင်းကား(တ)၊ မိုးကြိုပြင် (တ) ၊မိုးကြိုပြင်(မ)၊မိုးကြိုပြင်(လ) ရှိ ရွာသားများနှင့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။မေ ၂၆ တွင် ဝါးတန်းကျေးရွာ မှကျေးရွာကော်မတီနှ င့်တွေ့ ဆုံခဲ့သည်။ရွေပန်းခိုင်နှင့်သဲတောရွာများသို့လည်းသွား ရောက်ပြီး ဒေသခံများ၏ လိုအပ်ချက်များဂရုတစိုက်နားထောင်ကာ ရွေပန်းခိုင်ရွာ ရွာဦး ဘုန်းတော်ကြီးကျောင်း ပြန်လည်မွမ်းမံတည်ဆောက်ပေးနိုင်ရေး ကို ကုမ္ပဏီသို့ပြန်လည်တင်ပြပေးသွားမည်ဖြစ်ပါသည်။ ယမန်နေ့တွင်အဖွဲ့(ရ)ဖွဲ့ခွဲကာ လယ်တီ၊ရွာရှည်၊ ပလောင်၊တောင်ပလူ ၊ဝါးတန်း ၊ရွေပန်းခိုင်နှင့် သဲတော စသည့် ရွာ(ရ)ရွာကို သွားရောက်ပြီးကျေးရွာစာကြည့်တိုက်များဖွဲ့စည်းခြင်းနှင့် လူမှုရေးစစ်တမ်း ကောက်ယူမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.