မြန်မာပြည်နှင့်ဝမ်ပေါင်ကုမ္ပဏီ အနာဂတ်အတွက်အတူလက်တွဲခြင်း

Press Release

dscf1565
၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သတ္တုတွင်း ဝန်ကြီးဌာန လက်အောက်ရှိ အမှတ်(၁) သတ္တုတွင်း လုပ်ငန်းသည် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် ဝမ်ပေါင် သတ္တုတူးဖော်ရေးတို့ နှင့် လက်ပံတောင်း ကြေးနီ သတ္တုတွင်း ဆိုင်ရာ ပြင်ဆင်မွမ်းမံထားသည့် Product Sharing Contract (အချိုးကျ ခွဲယူခြင်း)စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါပြင်ဆင်ချုပ်ဆိုသော စာချုပ်သည် လုပ်ငန်း အကျိုးအမြတ်မှ (၅၁) ရာခိုင်နှုန်းကို နိုင်ငံတော်အစိုးရမှ ရယူမည်ဖြစ်ပြီး ကျန်(၄၉) ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့်ဝမ်ပေါင်မှ အသီးသီး ရရှိမည်ဖြစ်ပါသည်။

ပြင်ဆင်မွမ်းမံထားသော စာချုပ်တွင် လုပ်ငန်းမှ အသားတင်အမြတ် နှစ်ရာခိုင်နှုန်းကို လူမှုပတ်ဝန်းကျင်ရင်းနှီးမြှုပ်နှံမှုအတွက် တရားဝင်အသုံးပြုသွားရမည်ဖြစ်သည်။အဆိုပါ စာချုပ်တွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေးနှင့် ကာကွယ်ရေးများအတွက် ဝမ်ပေါင်ကုမ္ပဏီမှ မိုင်းတွင်းပိတ်သိမ်းချိန်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ(၂)သန်းကို သတ္တုတူးဖော်နေစဉ်ကာလတစ်လျှောက် အချိူး ကျရန်ပုံငွေတစ်ခုအဖြစ် ထားရှိသွား ရန်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းပြုစုသွားမည့် နည်းပညာကို လုပ်ငန်းစတင် လည်ပတ်ချိန်မှသည် မိုင်းပိတ်သိမ်း သည့်တိုင်အောင် ဆောင်ရွက်သွားရန် စီမံထားရှိပါသည်။ ကျွန်တော်တို့သည် အဆိုပါ သဘောတူညီမှု ချုပ်ဆိုနိုင်သည်အထိရောက်ရှိုခဲ့သည့် အတွက်မြန်မာအစိုးရနှင့်မြန်မာပြည်သူပြည်သားတို့နှင့်အတူ အထူး ဝမ်းမြောက် မိပါသည်။ကျွန်တော်တို့သည် မိုင်းလုပ်ငန်းစတင်သည်နှင့်မြန်မာပြည်သူပြည်သားများ၏ အနာဂတ်ကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် စိတ်အားထက်သန်လျှက်ရှိနေပါသည်။

 View or Download here  pdf icon

Myanmar Wanbao: Hand in Hand into Future (English) 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.