×

Error

[SIGPLUS_EXCEPTION_SOURCE] Image source is expected to be a full URL or a path relative to the image base folder specified in the back-end but presidentchen is neither a URL nor a relative path to an existing file or folder.

ဝမ်ပေါင်ကုမ္ပဏီဥက္ကဌ မစ္စတာချန်သယ်ဖန်း ဇီးတောရွာဟောင်းသို့ သွားရောက်ခြင်း

after1

၂ဝ၁၃ ခု စက်တင်ဘာလ (၂၈)ရက်နေ့တွင် ဝမ်ပေါင်သတ္တုတူးဖော်ရေး ဥက္ကဌ မစ္စတာချန်သယ်ဖန်းနှင့် အထွေထွေမန်နေဂျာ မစ္စတာဂန်းရီတို့ ဦးဆောင်သော ဝမ်ပေါင် ကိုယ်စားပြုအဖွဲ့ သည် လက်ပံတောင်း စီမံကိန်းနယ်မြေအတွင်းရှိ ဇီးတောရွာဟောင်းသို့ သွားရောက်ခဲ့ကြောင်းသိရသည်။ ယခုကဲ့သို့ သွားရောက်ခဲ့ခြင်းမှာ ဝမ်ပေါင် ကုမ္ပဏီ နှင့် ဒေသခံများအကြား လပေါင်းများစွာ ကြိုးစား တည်ဆောက် ခဲ့သော ဆက်ဆံရေး ၏ အောင်မြင်မှု အသီးအပွင့်ဖြစ်သည်။ မြန်မာ ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် ဒေသခံများနှင့် ရင်းနှီးသော ဤကဲ့သို့ ဆက်ဆံရေးသည် နောက်ကြောင်းပြန်လှည့်သွားစရာ မရှိဟု ယုံကြည်သည်။ တစ်ချိန်တည်းမှာပင် ကျွန်တော်တို့သည် ရှင်းလင်းပြီး ရိုးသားသော ဒိုင်ယာလော့ဂ်များမှ တစ်ဆင့် လက်ရှိကိစ္စအရပ်ရပ်ကို ဖြေရှင်းနိုင်လိမ့်မည်ဟုလည်း တထစ်ချ ယုံကြည်ပါသည်။

ဇီးတောရွာသည် ကျွန်တော်တို့၏ အဖိုးတန်သော ပတ်ဝန်းကျင် အသိုင်းအဝိုင်းဖြစ်သည်နှင့် အညီ မြေယာပြန်လည်ချထားရမည့် ကျေးရွာများမှ တစ်ရွာ အပါအဝင် လည်းဖြစ်သည်။ ထိုနည်းတူစွာ မီဒီယာတွင် ဖော်ပြထားချက်များအရ ဝမ်ပေါင်ကုမ္ပဏီအပေါ် အထင်လွဲမှု အများအပြားရှိသော ကျေးရွာတစ်ရွာလည်း ဖြစ်ပါသည်။ဇီးတောရွာရှိ အိမ်ထောင်စုအများစုမှာ ယခုအချိန်တွင် ပြန်လည်ချထားပေးသည့် ရွာသစ်ရှိ အိမ်သစ်များသို့ ပြောင်းရွှေ့နေထိုင်ခြင်း များရှိပြီး ဝမ်ပေါင်မှ ပေးအပ်သော မြေယာလျော်ကြေးများကိုလည်း ရရှိနိုင်ပြီဖြစ်သည်။


ဝမ်ပေါင်ကုမ္ပဏီသည် ဇီးတောရွာနှင့် အမြင်မတူသည့် ကိစ္စရပ်များအားလုံး အတွက် မျက်နှာ ချင်းဆိုင် ပွင့်လင်းစွာ ဆွေးနွေးပြောဆိုနိုင်ရန ကြိမ်ဖန်များစွာ ချဉ်းကပ်ခဲ့ပါသည်။

ဇီးတောရွာသားများသည် ဝမ်ပေါင်ကုမ္ပဏီမှ ဆုံးဖြတ်ချက်ချပေးနိုင်သည့် သူများနှင့်သာ စကားပြောဆိုမည်ဟု ပြောဆိုခဲ့သဖြင့် ဝမ်ပေါင်မှ ကတိကဝတ်ပေးခဲ့ရာ ဥက္ကဌကြီးကိုယ်တိုင် ရွာသားများနှင့်တွေ့ဆုံရန် မြို့တော်ပေကျင်းမှ အထူးတလည်လာရောက်ခဲ့ခြင်းဖြစ်ပါသည်။

ကံမကောင်းစွာဖြင့် ဥက္ကဌ နှင့် အထွေထွေမန်နေဂျာ ဂန်းရီတို့ ဇီးတောရွာမှဘုန်းကြီးကျောင်းသို့ ရောက်ရှိသွားချိန်တွင်မူ ဘုန်းတော်ကြီးကျောင်းရှိ လူတစ်သိုက်မှာ တွေ့ဆုံဆွေးနွေးရန် မလိုလားကြောင်း တွေ့ရသည်။ ဝမ်ပေါင်ကုမ္ပဏီအဖွဲ့သည် ဝင်ခွင့်ရရှိရန်အတွက် စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ပါသည်။ ဥက္ကဌနှင့် အဖွဲ့သည် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်နှင့် တွေ့ဆုံနိုင်ရန်အတွက် လေးနက်စွာ ပန်ကြားခဲ့သော်လည်း အဆိုပါ တောင်းဆိုမှုသည် လျစ်လျှူရှုခံခဲ့ရပါသည်။ မစ္စတာချန်သယ်ဖန်း လည်း စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ ရသည်။ ဥက္ကဌချန် သည် သံဃာတော်များထံသို့လိပ်မူကာ စာတစ်စောင် ရေးချန်ထားခဲ့ရာတွင် ထိုစာ၌ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်း(face to face dialogue) သာလျှင် အများ၏ သဘောတူနားလည်မှု ကို တည်ဆောက်ရန်နှင့် မည်သည့်ကိစ္စရပ်မဆို ဖြေရှင်းနိုင်မည်ဖြစ်သည့် နည်းလမ်းဖြစ်သည်ဆိုသည့် သူ၏ ယုံကြည်မှုကို ဖော်ပြခဲ့သည်။သူသည် ဇီးတောရွာရှိ ရွာသားများအတွက် ပိုမိုကောင်းမွန်သောအနာဂတ်ကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးပမ်း တည်ဆောက်နိုင်ရန် နှင့် ရွာသားများနှင့်ဝမ်ပေါင်အကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးဖန်တီးနိုင်ရန် အတွက် ဘုန်းတော်ကြီး နှင့်တွေ့ဆုံခွင့်ရရန် ဆန္ဒရှိနေပါကြောင်း ရေးသားခဲ့ပါသည်။

စိတ်မကောင်းခြင်းများနှင့် အခက်အခဲများစွာ ရှိပါသော်လည်း မြန်မာဝမ်ပေါင်သည် အနီးပတ်ဝန်းကျင် ဒေသ ခံများအတွက် တံတားများတည်ဆောက်ပေးခြင်း အစရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း။

{gallery}presidentchen{/gallery}

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.