ဝမ်ပေါင်မှ CESMS အစီရင်ခံစာ အကျဉ်းချုပ် ထုတ်ပြန်

မြန်မာဝမ်ပေါင်ကြေးနီသတ္တု တူးဖော်ရေးလိမိတက်သည် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် သက်ရောက်မှု အကဲဖြတ်ခြင်း အစီရင်ခံစာ (ESIA)အရ ဦးစားပေးဆောင်ရွက်၍ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း တည်ဆောက်ရေး၏ ကနဦး ရှေ့ပြေး လုပ်ငန်းစဉ်များကို စတင်ရန် ရည်ရွယ်ထားပါသည် ။.

အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဧပြီလ ၁၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော အစည်းအဝေးတွင် ESIA အဆိုပြုချက်ကို နိုင်ငံတော်မှ လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း အကောင်အထည်ဖော်ရေးကော်မတီ နှင့်အတူ အကြီးတန်း နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ ဦးဆောင်သော လွတ်လပ်စွာ ကြီးကြပ်စောင့်ကြည့်သော အဖွဲ့ (Independent Monitoring Team) တို့နှင့် ဆွေးနွေးသဘောတူညီမှု ရယူခဲ့ပြီး ဖြစ်ပါသည်။

လက်ပံတောင်းတောင် ကြေးနီသတ္တုစီမံကိန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စစ်ကိုင်းတိုင်းဒေသကြီး၏ တောင်ပိုင်းတွင် တည်ရှိပါသည်။ ကြေးနီစီမံကိန်းသည် စစ်ကိုင်းတိုင်း ဒေသကြီး၏ အကြီးဆုံးမြို့ဖြစ်သော မုံရွာမြို့မှ (၅)ကီလိုမီတာ (လမ်းအားဖြင့် ၂၆ ကီလိုမီတာ) ခန့် ကွာဝေးပါသည်။

မုံရွာမြို့သည် မန္တလေးမြို့မှ အနောက်ဘက် (၁၁ဝ)ကီလိုမီတာတွင် တည်ရှိသည်။ လက်ပံတောင်းကြေးနီသတ္တုသိုက်သည် မုံရွာမြို့ ဧရိယာအတွင်းရှိ စံပယ်တောင်၊စံပယ်တောင် (တောင်)နှင့် ကြေးစင်တောင်၊ လက်ပံတောင်းတောင် အစရှိသော ကြေးနီသတ္တုသိုက်(၄)ခုအနက် အကြီးဆုံး သတ္တုသိုက် ဖြစ်ပါသည်။ အဆိုပါ သတ္တုသိုက်(၄)ခုတွင် စုစုပေါင်းကြေးနီသယံဇာတ (၇၅) ရာခိုင်နှုန်း တည်ရှိရာလည်းဖြစ်သည်။

View or Downloadpdf icon

Wanbao Presents the CESMS Executive Summary

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.