မြေယာပြန်လည်ဖော်ယူသည့်စီမံကိန်းကို တွန်းအားပေးလုပ်ဆောင်ခြင်း

 tailing

MYTCL မပေါ်ပေါက်မီ ရှေ့ပြေး လုပ်ဆောင်ခဲ့သော အစောပိုင်း သတ္တုတွင်း လုပ်ငန်းကြောင့် ယခုလက်ရှိ သတ္တုတွင်း လုပ်ကွက်၏ အရှေ့ဖက်မြေ ၁၅၀ ဟက်တာပေါ်တွင် အမြှုပ်ဖော် သတ္တု သန့်စင်စက်ရုံမှ နောက်ဆုံး စွန့်ထုတ်လိုက်သော သတ္တုရည်များသည် သတ္တုစွန့်ပစ်ကန် အဖြစ် တည်ရှိနေကာ ယင်းမှ ဒေသခံတို့သည် ကိုယ်ပိုင်ကြေးချက် လုပ်ငန်းဖြင့် ဝမ်းစာရေး ရှာဖွေကြပါသည်။

အဆိုပါဒေသ အတော်များများသည် ဒေသမြန်မာ အာဏာပိုင်တို့၏ စီမံကွပ်ကဲမှုအောက်တွင် ရှိပါသည်။ MYTCL သည် ISO 14001 အသိအမှတ်ပြု လက်မှတ်အတွက်၎င်း၊ မိမိငှားရမ်း အသုံးပြုရမည့် မြေဧရိ ယာပြင်ပ တစ်စိတ်တစ်ပိုင်းကို ကူညီရှင်းသန့်ပေးရန် လိုလိုလားလား စိတ်ထားဖြင့်၎င်း၊ အငှားမြေ ဧရိယာအတွင်းရှိ ကျန်ရစ်ခဲ့သော စွန့်ပစ်ယိုဖိတ်ထားသော သတ္တုအနှစ်များကို ရှင်းထုတ်ရန် ခွင့်ပြုပါက တာဝန်သိသိ လုပ်ဆောင်သွားရန် ခံယူထားပါသည်။
၂၀၀၆-၂၀၀၇ ခုနှစ်တွင် ကျောက်မျက် လမ်းမတလျှောက်နှင့် အချို့သောငှားရမ်းမြေတို့၏ မြေသား ထိခိုက်ပျက်စီးခဲ့သော အပိုင်းများကို ဒေသခံကန်ထရိုက်လုပ်သားများနှင့် ဖယ်ရှားခြင်းနှင့် မြေယာဖော် ထုတ်ပေးခြင်းတို့လုပ်ဆောင်ခဲ့ပါသည်။ စွန့်ပစ်မြောင်းမြီးအဟောင်းများကိုလည်း စွန့်ပစ်ကန်သို့ ပြန်လည် ပို့ဆောင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် အဆိုပါမြေများအား မိမိတို့စရိတ်ဖြင့် ပြန်လည်မြေယာမြေဖော် ထုတ်ခြင်း လုပ်ငန်း ပြီးစီးရေးအတွက်အကူအညီပေးရန် MYTCL မှ မြန်မာနိုင်ငံအစိုးရသို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပါသည်။ ဤလုပ်ငန်းသည် MYTCL မှ တာဝန်ယူဆောင်ရွက်ရန် မဟုတ်သော်လည်း မြေ ယာမြေကောင်းများ ပြန်လည်ပေါ်ထွန်းလာခြင်းဖြင့် လူထုအား ကူညီထောက်ပံ့ရန် လိုအပ်ခြင်းနှင့် သတ္တုတူးဖော် ထုတ်လုပ်မှုမှ မိမိတို့အား အဆိပ်သင့်စေသော ဒုက္ခ္ခနှင့် မလိုလားအပ်သော မြေအောက်ရေ ညစ်ညမ်းမှုကို ရပ်စဲသွားသင့်သည်ဟု ကျွန်ုပ်တို့ အမြင်ရှိပါသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ရာစုနှစ်များစွာ ညစ်ညမ်းနေခဲ့သော မြေဧက ၁၅၃ ဧကခန့် မှ စွန့်ပစ်မြောင်းမြီးများ ဖယ်ရှားခြင်းကို တာဝန်ယူဆောင်ရွက်သွားရန်အတွက် MYTCL သည် ဒေသအာဏာပိုင် အဖွဲ့အစည်း များထံ ချဉ်းကပ်ခဲ့ပါသည်။
၂၀၁၄ ခုနှစ် ဇန္နဝါရီလ (၆)ရက်နေ့တွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ အမွေဖြစ်သော ပတ်ဝန်းကျင်သို့ ယိုဖိတ် ထားသော စွန့်ပစ်ပစ္စည်းများကို နိုင်ငံတော် အစိုးရ၏ မြောင်းမြီး အားမြေယာဖော်ထုတ် အကူ အညီပေးရေး CSR စီမံကိန်းအဖွဲ့ နှင့်အတူ MYTCL သည် ယင်းဒေသအား ပူးပေါင်းပံ့ပိုးသည့်လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဒေသရှိ မြောင်းမြီး ဖယ်ရှားခြင်း နှင့် မြေ ယာမြေ ပြန်လည်ပြုစု ပျိုးထောင်ခြင်း လုပ်ငန်းအား ရက်ပေါင်း (၂၀၀)ကျော် ကာလ လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။
 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.