ကျောက်ဖြူတိုင်ကျေးရွာမှ မီးရရှိရေး စီမံချက်

electricityproject

စစ်ကိုင်းတိုင်းဒေသကြီး၊ဆားလင်းကြီး မြို့နယ် ကျောက်ဖြူတိုင်ကျေးရွာရှိ ရွာသူ ရွာသား များသည် ယခင်ကာလ များကဲ့သို့ အလင်းမဲ့နေ့ရက်များ ကို မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ လျှပ်စစ်မီး ရရှိရေးစီမံချက် ကျေးဇူးဖြင့်ကျော်ဖြတ် နိုင်ခဲ့ပြီး ကျောက်ဖြူတိုင်ကျေးရွာကို လျှပ်စစ်မီးလှူဒါန်းပွဲကို ကျင်းပနိုင်ခဲ့ပါပြီ။
ကုမ္ပဏီမှလှုဒါန်းသောကျပ်သိန်း(၄၀)သိန်းကုန်ကျသောစာကြည့်တိုက်နှင့်ကျပ်သိန်း (၅၂၂)သိန်းကုန်ကျသောလျှပ်စစ်မီးလင်းရေးတို့အတွက် ဖွင့်ပွဲကို ၃.၁၂.၁၃ နေ့ရက်တွင် ကျင်းပနိုင်ခဲ့ပြီး ကျေးရွာလူထု (၁၀၀၀)ကျော်ကို အကျိုးခံစားနိုင်စေခဲ့ပြီးဖြစ်ပါသည်။.

လက်ပတောင်းတောင်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်းသည် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ ဦးဆောင် ညွှန်ကြားရေးမှုး မစ္စတာဂန်းရီသည် လည်း နှင့်အတူကျေးရွာလူထုပါဝင်လျှက်ပျော်ရွှင်စွာ ဖွင့်လှစ်ပေးခဲ့ပါသည်။

အသက်(၄၀)ကျော်အရွယ် ကျောက်ဖြူတိုင်မှ အမျိုးသမီးကြီးတစ်ဦးက " ကျွန်မ ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီစီမံကိန်းကြောင့် အလွန်ပျော်ရွှင်ခဲ့ရပါတယ်........ဒီကျောင်းအဆောက်အဦးနှင့် စာကြည့် တိုက်လှူဒါန်းသည့်အတွက်ကလေးများ၏ ပညာရေးကောင်းမွန်လာ မှာကတော့ အမှန်ပါပဲ"
ကျောက်ဖြူ တိုင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများသည် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ (CSD) ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးရေး စီမံချက်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပါသည်။နိုဝင်ဘာလနောက်ဆုံးအထိ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီ၏ (CSD)လုပ်ငန်းများဖြစ်သည့် လမ်းပြင်ခြင်း၊ စာသင်ကျောင်းများဆောက်လုပ်လှူဒါန်းခြင်း၊ သောက်သုံးရေ ရရှိအောင် စီမံဆောင်ရွက်ပေးခြင်း ၊ ကျေးရွာများ လျှပ်စစ်မီး ရရှိရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆေးရုံဆောက်လုပ်လှူဒါန်းပေးခြင်း၊ ပတ်ဝန်းကျင်ဒေသ(၃၃)ရွာအား နေ့စဉ်အခမဲ့ ဆေးဝါးကုသပေးခြင်းတို့ အတွက်ကျပ်ငွေသန်းတစ်ထောင်ကျော် သုံးစွဲခဲ့ပြီးဖြစ်ပါသည်။ မြန်မာ-ဝမ်ပေါင် မန်နေဂျင်းဒါရိုက်တာ မစ္စတာဂန်းရီမှလည်း "မြန်မာ-ဝမ်ပေါင်အနေနဲ့ လူထုကိုအဓိကထား ဂရုစိုက်ပါမယ်..... ဒီစီမံကိ်န်းကြီးဖွံ့ဖြိုးတိုးတက်လာသလို ပတ်ဝန်းကျင်ဒေသခံ လူထုဖွံ့ဖြိုး တိုးတက်လာအောင်လုပ်ပေးသွားမှာဖြစ် ပါတယ်...... ဒေသခံလူထုနဲ့အတူပူးပေါင်းဆောင်ရွက်သွားမည်ဟု" ပြောကြား သွားခဲ့ပါသည်။

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.