စပါယ်တောင်သတ္တုတွင်းပိတ်သိမ်းမှု

11

ဒီတစ်ကြိမ်လည်း မီဒီယာတွင် မမှန်ကန်သည့် သတင်းများ ရှိနေပြန်ပါပြီ။
သို့သော် ကျွန်ုပ်တို့သည် မည်သို့ဆိုစေ ၄င်းတို့ကို အလေးထားပါသည်။
သတင်းအမှန်ရရှိရန်အတွက် ကျွနု်ပ်တို့၏ ပြည်သူ့ဆက်ဆံရေးဌာနတွင် ကျွန်တော်တို့ ပေးနိုင်သောသတင်းအချက်အလက်အသေးစိတ်ကို ရယူပါရန် လေးစားစွာ အကြံပြုအပ်ပါသည်။
၄င်းတို့၏ (Web Site) နှင့် ချိတ်ဆက်ထားသောဆောင်းပါးတွင်လည်း မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။အောက်ပါအချက်များမှာ ၄င်းတို့မှပြည်သူလူထုထံဖော်ပြသော သတင်းအမှားများကို အမှန်သိရှိစေရန်ဖော်ပြခြင်းဖြစ်သည်။

 

၁။ (Knight Pièsold)အကြံပေးအဖွဲ့မှMYTCLအတွက် သတ္တုတွင်းပိတ်သိမ်းမှုဆိုင်ရာအသေးစိတ်အကြံပေးအချက်များအားရေးဆွဲပြီးဖြစ်၍ ၄င်းအစီအစဉ်အတိုင်း လက်ရှိတွင်ဆောင်ရွက်နေပြီဖြစ်သည်။စပါယ်တောင်သတ္တုတွင်းပိတ်သိမ်းမှု ကနဦးအစီအစဉ်ကို ၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြင်ဆင်ရေးဆွဲထားပြီး၊လုပ်ဆောင်ရန်အတည်ပြုပြီးဖြစ်သည်။
ဤစီမံကိန်း၏ရည်ရွယ်ချက်မှာအကယ်၍စပါယ်တောင်ချိုင့်အားဟင်းလင်းဖွင့်ထားရှိပါကလေထု၊ရေထုထဲရှိ ဒြပ်စင်များနှင့်ထိတွေ့ပြီး
နောင်တချိန်တွင်ဖြစ်ပေါ်လာနိုင်သည့် မည်သို့သောပတ်ဝန်းကျင်ထိခိုက်မှုမျိုးကိုမဆိုရှောင်ရှားရန်ဖြစ်သည်။နောက်ဆုံးတွင် ဤအစီအစဉ်သည် ဒေသရှိသတ္တုတွင်းတူးဖော်ခြင်း၏ ပတ်ဝန်းကျင်ဆိုင်ရာခြေရာများကိုလျှော့ချနိုင်မည်ဖြစ်သည်။
 
၂။ ၄င်းပိတ်သိမ်းမှုအစီအစဉ်တွင် သတ္တုတွင်းတူးဖော်ရာကျင်းချိုင့်အားသင့်တော်သောပိတ်သိမ်းမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာဘေးကင်းလုံခြုံမှုကိုဖြစ်စေသောမြေမျက်နှာသွင်ပြင်တည်ဆောက်မှုအတွက် မြေထုထည်များကိုအသေးစိတ်ဖော်ပြထားသည်။
စပါယ်တောင်သတ္တုတွင်း၏အနက်နှင့် ကြေးစင်တောင်သတ္တုတွင်းတို့နှိုင်းယှဉ်၍ ဖြည့်ရမည့်မြေထုထည်ကိုမဖော်ပြထားပါ။ အဘယ့်ကြောင့်ဆိုသော် ၄င်းသတ္တုတွင်းများ၏ ပမာဏအရွယ်အစားသည် အလုံးစုံမတူညီသောကြောင့် ဖြစ်သည်။
၃။ စပါယ်တောင်ချိုင့်၏ ကံကုန်းရေအောင်းလွှာအားဖြတ်တောက်ရန် (Knight Pièsold) အကြံပေးအဖွဲ့မှ ဘူမိနည်းပညာနှင့် မြေအောက်ရေအင်ဂျင်နီယာပိုင်းဆိုင်ရာယိုစိမ့်မှုအဟန့်အတားကိုဖန်တီး၍ရေအောင်းလွှာကိုထိန်းချုပ်ထားမည်။ ၄င်းအတားအဆီးသည် မည်သို့သောမြေအောက်ရေမျှ သတ္တုတွင်းချိုင့်ထဲသို့ ပြန်လည်စီးဝင်ခြင်းကိုရပ်တန့်ပေးမည်။
ထို့နောက် ၄င်းမြေအောင်းရေကို ညစ်ညမ်းမှုမပါရှိဘဲသဘာဝနည်းလမ်းအတိုင်းမြေအောက်တွင်ပြန်လည်ချိတ်ဆက်ပေးပြီး၊နောက်ဆုံးတွင်ထိုဧရိယာ၏မြေအောက်ရေကို
ပြန်လည်ပေါင်းစပ်ဖြည့်ပေးမည်။
သတ္တုတွင်းချိုင့်ကိုမြေအောက်ရေနှင့်အဆက်ဖြတ်ထားပြီးအပင်များကြီးထွားရန်အတွက် မိုးရေများကိုသွယ်တန်းစီးဆင်းစေလျက်ရေချိုများရှိသောကုန်းမြေအဖြစ်ပုံဖော်ကာအပင်များကိုစိုက်ပျိုးမည်ဖြစ်သည်။
၄။ MYTCL သည် တစ်လလျှင် (Cathode Copper) ကြေးနီတန်ချိန် (၄၀၀၀၀) တန် ထုတ်လုပ်မှုမရှိပါ။ ၄င်းပမာဏသည် လက်ရှိတစ်နှစ်ထုတ်လုပ်မှုနှုန်းထက် ပို၍များသည်။

Sabetaung Closure by Eleven Media

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.