လူမှုပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း ရေနမူနာ စစ်ဆေးခြင်း

csr-water-sampling01

ကြေးစင်တောင်နှင့် စံပယ်တောင် မိုင်းဆိုက် နှင့် တိုက်ရိုက် ပတ်သက်ဆက်နွယ်သော သဘာဝပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းများ အပေါ် ထိခိုက်မှုများကို ပွင့်လင်းမြင်သာစွာဖြင့် သေချာ စောင့်ကြည့်၊တိုင်းတာမှုများကို လူမှုပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း၏တာဝန်ယူမှု (Corporate Social Responsibility) အနေဖြင့် စတင်ဆောင်ရွက်ခဲ့သည်။ စံပယ်တောင် ကျင်းမှ မြေပေါ်ရေအချို့၏ ရေနမူနာများ စစ်ဆေးခြင်းကို မြန်မာယန်စီ Safety & Environment Department နှင့်မြန်မာ့ဦးပိုင်လီမိတက် တို့မှ ပူပေါင်းဆောင်ရွက် ခဲ့ကြသည်။

၎င်းအပြင် မြန်မာယန်စီ ဆိုက် အတွင်းရှိ Level ၅၅၅ မှ သန့်ရှင်းသောရေ ထုတ်လွှတ်မည့် တည်နေရာလမ်းကြောင်း ကို ရွေးချယ်ထားပြီး ရေမြောင်းပြောင်း လဲမှုများစောင့်ကြည့်ရန်၊ မြောက်ယမားချောင်းသို့ ထုတ်လွှတ်သည့်ရေ မြောင်းတစ်လျောက်၊ ယမားချောင်း၏အပေါ်နှင့် အောက်၊ ချင်းတွင်းမြစ်အပေါ် နှင့်အောက် စသည့်တို၏ ရေနမူနာများကို မြန်မာယန်စီ ဓာတ်ခွဲခန်းတွင် တိုင်းတာခဲ့သည်။၎င်းအပြင် မြန်မာယန်စီ ဆိုက်ပြင်ပ တတိယပါတီ အစိုးရအဖွဲအစည်း မန္တလေးတွင် တိုင်းတာပြီး နှိုင်းယှဉ် စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ မြန်မာယန်စီ ရေမြောင်းတစ်လျောက် ကို ဆယ်စုနှစ် အထက် စောင့်ကြည့်မှုများပြုလုပ်ခဲ့ပြီး သန့်ရှင်းသော ကံကုန်းမြေအောက်ရေအောင်မြင်စွာရရှိခဲ့သည်၊ မိုင်းကျင်းမှ မြေအောက်ရေ ဖြတ်တောက်နိုင်ခဲ့သည်၊ နေ့စဉ် နစ်နာရီလျှင် သန့်ရှင်းသောရေ ၃၀၀ မှ ၁၀၀၀ ကုဗမီတာ နှုန်းဖြင့် ယမားချောင်းအတွင်း ထုတ်လွှတ်နိုင်ခဲ့ပါသည်။

csr-water-sampling02

csr-water-sampling03
csr-water-sampling05

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.