ကျောင်းသားများတစ်ကိုယ်ရေသန့်ရှင်းရေးဟောပြောပွဲ

healthtalk4

ကြေးစင်တောင် နှင့် စံပယ်တောင် မိုင်း တည်ရှိသည့် လွန်ခဲ့သော နှစ် နှစ်ဆယ်ကျော်ကတည်းက မိုင်းအဖွဲ့အစည်းသည် လူမှု့အဖွဲ့အစည်းတွင် တက်ကြွစွာပါဝင်သည့် အဖွဲ့ဝင်တစ်ခုဖြစ်လာခဲ့ပါသည်။ ပရဟိတလုပ်ငန်းများကို အိုင်ဗင်ဟိုး ခတ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။
လူမှု့အဖွဲ့အစည်းများသို့ လှူဒါန်းမှုများ နှင့် ပညာရေးဆိုင်ရာ ဟောပြောပွဲများ ၊ ဤဒေသအတွင်းရှိ ကျောင်းများ ကို စတင်ဖွဲ့စည်း တည် ထောင်ပေးခဲ့သည်။

၂၀၁၁ ခုနှစ်တွင် မြန်မာယန်စီမှ လူမှု့ပတ်ဝန်းကျင်အဖွဲ့အစည်များ ဖွံဖြိုးတိုးတက်ရေး အစီအစဉ်များ ကို စတင်ဆောင်ရွက် ခဲ့ပြီး လှူးဒါန်းမှုများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်ခဲသည်။ ၂၀၁၂ ခုနှစ်မှ စတင်၍ နယ်လှည့်ဆေးကုသရေး အဖွဲ့သည် လမ်းကြမ်းသည့်ဒဏ်ကိုခံကာ ကျေးရွာများ သို့ တိုက်ရိုက်သွားရောက် ခဲ့ပြီး အသေးစားဆေးဝါးကုသမှု များ အတွက် နယ်လှည့်ဆေးကုသမှုအဖွဲ့မှ လူမှု့အဖွဲ့အစည်းများအား ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ခွင့်ပြုခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီး မြို့နယ် ကျောက်မျက် အုပ်စု ကံကုန်းကျေးရွာ အ.ထ.က စာသင်ကျောင်းဝန်းအတွင်း ၁.၁၂.၂၀၁၄ နေ့ နံနက် (၁၁း၀၀)ခန့်တွင် မြန်မာယန်စီကုမ္ပဏီ mobile medical team အဖွဲ့မှ Sister ကြီး ဒေါ်ရှိုင်းနီးမွန်းမှ တစ်ကိုယ်ရေ သန့်ရှင်းရေး နှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူများအား ပညာပေး ဟောပြောခဲ့ပါသည်။
 
healthtalk2
healthtalk1
healthtalk3
healthtalk5
healthtalk6
healthtalk7
healthtalk8
healthtalk10
healthtalk12
healthtalk13
healthtalk16
healthtalk19

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.