အလုပ်ရုံဆွေးနွေးပွဲ

jakarta-blo-visit01

MYTCL၏ကြေးနီသတ္တုတွင်း
အလုပ်သမားအဖွဲ့အစည်း
ဦးဆောင်မှုနှင့်အတူ
ဂျကာတာမြို့တွင်ကျင်းပသော
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲ

MYTCLကြေးနီ သတ္တုတွင်းအလုပ်သမားအဖွဲ့အစည်းအဖွဲ့ဝင်များအားအမျိုးသားရေးတာဝန်ရှိမှုများတာဝန်ပေးအပ်ခြင်း
 
မြန်မာယန်စီကော့ပါးလီမိတက်(MYTCL)သည် သတ္တုတွင်းလုပ်ငန်းများကို တာဝန်သိသော သတ္တုတူးဖော် ရေးဆာင်ပုဒ်နှင့် အညီရရှည်တည်တံ့နိုင်သော ၄င်း၏ ပူးပေါင်း ဆောင်ရွက်မှုဆိုင် ရာမူဝါဒများဖြင့်တစိုက်မတ်မတ်လုပ်ကိုင်လာသည်မှာ (၂၀၁၁ခုနှစ်)ကတည်းကပင်ဖြစ်သည်။
MYTCLသည် အပြည်ပြည်ဆိုင်ရာစံသတ်မှတ်ချက်များနှင့်ထာက်ခံမှုများပါရှိသည့်ပေါင်းစပ် စီမံခန့် ခွဲမှုစနစ် (IMS)ကိုအသုံးပြုလျက်ကုမ္ပဏီအဖွဲ့အစည်း၏အကြမ်းဖျင်းပင်မတန်ဖိုး၊ လုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေး၊ သင့်တင့်လျော်ညီသော ခန့်အပ်ငှားရမ်းမှုဆိုင်ရာ အစီ အမံ များ၊ကုမ္ပဏီဝန်ထမ်းများအတွက် တန်းတူညီမျှသောအခွင့်အလမ်းများကို ပွင့်လင်းမြင်သာမှု ရှိရှိဖော်ဆောင်ခြင်းအားဖြင့်မြန်မာနိုင်ငံတွင်အမျိုးသားရေးဥပမာသဖွယ်ရှိနေပေသည်။ အမှန်တကယ် အားဖြင့်(MYTCL)မှလုပ်ကိုင်နေသောစပါယ်တောင်နှင့်ကြးစင်တောင်စီမံကိန်းသည်အမျိုးမျိုးသောထောက်ခံချက်လက်မှတ်များကို ထိန်းသိမ်းလာသည်မှာ လွန်ခဲ့သော (၁၅)နှစ်ကျော်ကျော် ကပင်ဖြစ်ပြီး၊ (ISO9001,ISO14001&OHSA18001)စသည့်လုပ်ငန်းအတွက်မရှိမဖြစ်လိုအပ်သည့် ထောက်ခံ ချက်လက်မှတ်များကိုဆွစ်ဇာလန်နိုင်ငံ၏(SGS)စီမံခန့်ခွဲမှုစနစ်အောက်တွင်(၃)နှစ်တစ်ကြိမ်ပြန်လည် စီစစ်ထောက်ခံ၍ယနေ့ထက်တိုင် ဆက်လက်ထိန်းသိမ်းထားသည်။
 
MYTCL ဝန်ထမ်းများဖြင့် တည်ထောင်ထားသော ကြေးနီသတ္တုတွင်းအခြေခံအလုပ်သမားအဖွဲ့အစည်း (CMBLO)ကို MYTCL ၏ အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးရာနှင့် လက်ချင်းချိတ်ဆက်လုပ်ကိုင်ဆောင်ရွက်ရန်အလို့ငှာ သတ္တုတွင်းကုမ္ပဏီ၏ အဖွဲ့ဝင်ဝန်ထမ်းပေါင်း(၈၀၀)ကျော်အား စုစည်း၍ ၂၀၁၂ ခုနှစ်၊ မြန်မာနိုင်ငံအလုပ်သမားဥပဒေအသစ်အရ မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ ယခု (၃) နှစ်တာကာလအတွင်း (CMBLO) သည် ကုမ္ပဏီဝန်ထမ်း အဖွဲ့ဝင်များအတွက် မြဲမြံစွာထောက်ပံ့ပေးသောတည်ဆောက်ပုံအဖြစ် ပြောင်းလဲတိုးတက်လာပြီး၊ အဖွဲ့အစည်း၏ အပတ်စဉ် (၂)ဖြစ်သော အလုပ်အမှုဆောင်အဖွဲ့ဝင်များကိုလည်း ရွေးချက်တင်မြှောက်ပြီးဖြစ်သည်။
(၂၀၁၄) ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ သဘောတူညီချက် (၈၇) အရ မြန်မာနိုင်ငံသတ္တုတွင်းအလုပ်သမားအဖွဲ့ချုပ် (MFWM)ကို (CMBLO) နှင့် အခြားသော အလုပ်သမားအဖွဲ့များ၏ စိတ်ပါဝင်စားမှုနှင့် စွမ်းဆောင်နိုင်မှုများအားဖြင့် နိုင်ငံ၏အလုပ်သမားရေးရာလုပ်ငန်းများကိုပါဝင်ကူညီလုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ သို့ဖြစ်ပါ၍ ဦးသောင်းညွှန့်၊ (CMBLO) ဥက္ကဌအား မြန်မာနိုင်ငံတဝန်းလုံးရှိ သတ္တုတွင်းအလုပ်သမားများအား ဦးစီးဆောင်ရွက်ရန်အတွက် (MFWM) အဖွဲ့ချုပ်၏ အကြီးအမှူး (President) အဖြစ် ထမ်းဆောင်ရန် ရွေးချယ်ခဲ့သည်။
(MYTCL CMBLO) သည် (၂၀၁၂) ခုနှစ်မှ (၂၀၁၄) ခုနှစ် နှစ်ကုန်အထိ အလုပ်သမားအဖွဲ့အစည်း၏ ရှေ့ဆက် လုပ်ဆောင်ရာလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့ပြီး၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ် စသည်များတွင် ကျင်းပပြုလုပ်သော ဒေသဆိုင်ရာ သုံးဦးသုံးဖက်တွေ့ဆုံပွဲများနှင့် ဆွေးနွေးပွဲများကိုတက်ရောက်ကာ လုပ်ငန်းဆိုင်ရာဆက်ဆံရေးများ မည်သို့ကောင်းမွန်အောင်ဆောင်ရွက်ရမည်၊ အနိမ့်ဆုံးအခြေခံလစာအတွက် လိုအပ်ချက်များကို မည်သို့သတ်မှတ်ရမည်၊ စက်မှုလုပ်ငန်းများတွင် လူငယ်များနှင့် အမျိုးသမီးဝန်ထမ်းများကို မည်သို့သင်တန်းပေးလေ့ကျင့်ရမည် စသည်များကို လေ့လာမှတ်ယူခဲ့ကြသည်။MYTCL ၏ အပြည့်အဝထောက်ပံ့မှုအားဖြင့် (CMBLO) ၏ အောင်မြင်မှုရရှိစေရန် မည်သည့်နေရာတွင်မဆို တက်နိုင်သလောက် ဆက်လက်ကူညီဆောင်ရွက်ရန် ရှိနေမည်ဖြစ်သည်။ (၂၀၁၃) ခုနှစ်တွင် (CMBLO) ၏ အကူအညီဖြင့် MYTCL ၏ ဝန်ထမ်းများအားလုံး အလုပ်သမားခန့်အပ်မှုဆိုင်ရာစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။(၂၀၁၄) ခုနှစ်တွင် MYTCL အထွေထွေမန်နေဂျာမှ ကြေးနီသတ္တုတွင်းမိုင်းမြို့တွင် အလုပ်သမားရေးရာ အဆောက်အဦးတည်ဆောက်ရန်နှင့် ပိုမိုထိရောက်သောလုပ်ငန်းလည်ပတ်မှုဖြစ်ပေါ်စေရန်အတွက် စက်ပစ္စည်းများနှင့် အခြားသောဝန်ဆောင်မှုများကို ထောက်ပံ့ပေးရန် သဘောတူဆောင်ရွက်ခဲ့သည်။
(၂၀၁၄) ခုနှစ်၊ ဒီဇင်ဘာလတွင် (MWFM) အကြီးအမှူး (President) ဦးသောင်းညွှန့် (ဝယ်ယူထောက်ပံ့ရေးဌာန၊ မြန်မာယန်စီကော့ပါးလီမိတက်)အား အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင်ကျင်းပမည့် ''အာဆီယံနိုင်ငံများရှိ သတ္တုတွင်းလုပ်ငန်းများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်စေရန်အတွက် သုံးဦးသုံးဖက် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ''သို့တက်ရောက်ပါရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO) မှ ဖိတ်ကြားခဲ့သည်။ ဦးခင်မောင်ဆွေ (ခေတ္တဌာနမှူး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ မြန်မာယန်စီကော့ပါးလီမိတက်) မှအတူတကွ လိုက်ပါလျက်၊ ဦးသောင်းညွှန့် (CMBLO) တို့သည် ဒီဇင်ဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ ၄င်းတို့အဖွဲ့အစည်းနှင့် ကုမ္ပဏီတို့ကြား ပူးပေါင်းဆောင်ရွက်နေမှုများမှာ သိသိသာသာတိုးတက်နေကြောင်းတင်ပြခဲ့သည်။ MYTCL သည် (CMBLO) နှင့် ကုမ္ပဏီတို့အကြား တည်ဆောက်ထားသော အပြန်အလှန်ဆက်သွယ်မှု တည်တံ့စေရန်ရည်ရွယ်၍ ထိုချိန်းဆိုမှုအတွက် လုပ်ငန်းဆိုင်ရာခရီးသွားမှု အကျိုးခံစားခွင့်များနှင့်အတူ ထောက်ပံ့ပေးခဲ့သည်။
အင်ဒိုနီးရှား၊ တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဩစတေးလျ စသည့်နိုင်ငံများနှင့် ဂျနီဖာမြို့မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း၏ အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့်၊ ကုလသမဂ္ဂမှ စက်မှုလုပ်ငန်းဆိုင်ရာ အရာထမ်းအဖွဲ့ဝင်များသည် ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း၏ ညီလာခံ သဘောတူညီချက် (C-176) စသောအကြောင်းအရာများရှိ ဗဟုသုတများ မျှဝေခြင်းနှင့် အခြားသောဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။အာဆီယံဒေသတွင်းနိုင်ငံများအသီးသီးရှိသတ္တုတူးဖော်ရေးကဏ္ဍများ စဉ်ဆက်မပြတ်တိုးတက်စေရန်နှင့် တည်ဆဲလုပ်ငန်းဆောင်တာများ မြှင့်တင်မှုအတွက် များစွာသောအလုပ်များနှင့် အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးလုပ်ငန်းများလိုအပ်နေဆဲပင်ဖြစ်သည်။
ဆွေးနွေးပွဲအခမ်းအနားအတွင်း MYTCL ကိုယ်စားလှယ်တက်ရောက်သူများမှ ဆွေးနွေးပွဲစင်မြင့်ထက်တွင် တက်ရောက်သူ အဖွဲ့ဝင်မိတ်ဆွေများသို့ မိတ်ဆက်ခဲ့ပြီး၊ ကုမ္ပဏီနှင့် အလုပ်သမားများကြား အပြန်အလှန်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ (OHS) လုပ်ငန်းခွင်ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ မူဝါဒများနှင့် အထောက်အထားလက်မှတ်များနှင့်စပ်လျဉ်း၍ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများကို တင်ပြခဲ့သည်။၄င်းတို့သည် (၂၀၁၃-၂၀၁၄) ခုနှစ် ကုမ္ပဏီ၏ (SHE Report) ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစီရင်ခံစာကို အပြည်ပြည်ဆိုင်ရာ လူထုဆီသို့ မျှဝေနိုင်ခဲ့ပြီး၊ MYTCL ၏ အလုပ်သမားများသာမက ၄င်း၏ လူထုအသိုင်းအဝိုင်းအပေါ်ထားရှိသည့် ပွင့်လင်းမြင်သာစွာဆောင်ရွက်မှုနှင့် ရည်ရွယ်ချက်များကိုလည်း တင်ပြနိုင်ခဲ့သည်။အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့အစည်း (ILO) ၏ အကြီးတန်းအရာရှိအပါအဝင် အခြားသောနိုင်ငံများမှ ကိုယ်စားလှယ်များသည် (SHE Report)ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစီရင်ခံစာမှာ အထူးအလေးထားစရာအလေ့အထကောင်းဖြစ်ကြောင်းနှင့် ဤသို့သော အလေ့အထကောင်းများကိုမွေးမြူသင့်သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။
MYTCL သည် (CMBLO) ၏ လုပ်ငန်းများကိုထောက်ပံ့ပေးရုံသာမက (ILO) ၏ ရည်ရွယ်ချက်များနှင့် ဦးစားပေး ဆောင်ရွက်ရမည့်အရာများဖြစ်သည့် ကုမ္ပဏီနှင့် အလုပ်သမားအကြား ဆက်ဆံရေးကိုတည်ဆောက်ရန်နှင်၊့ ကျန်းမာရေးနှင့် အကျိုးအမြတ် ကောင်းမွန်ဖြစ်ထွန်းစေနိုင်သော လုပ်ငန်းအသိုက်အဝန်းကို ဖန်တီးပုံဖော်ရန် စသောအချက်များကိုလည်း ထောက်ပံ့ကူညီပေးသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ ကြီးထွားလာသည်နှင့်အမျှ အဖွဲ့အစည်းများသည်လည်း အရေအတွက်အားဖြင့် များပြားလာပေမည်။(MFMW) ၏ အကြီးအမှူး တာဝန်ထမ်းဆောင်နေရပြီဖြစ်၍ (CMBLO) အနေဖြင့် လုပ်ငန်းများ ပိုမို၍လုပ်ဆောင်ရန်လိုအပ်ပြီး၊ အတွေ့အကြုံရှိ အဖွဲ့ဝင်များလည်း လိုအပ်လာမည်ဖြစ်သည်။မြန်မာနိုင်ငံမှ တက်ရောက်ခွင့်ရကုမ္ပဏီအသစ်အနေဖြင့်လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော(CMBLO) ကိုယ်စားလှယ်များ၏ အောင်မြင်မှုများကိုလည်းကောင်း၊ MYTCL နှင့် အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှုများကိုလည်းကောင်း MYTCL မှ များစွာဂုဏ်ယူမိပါကြောင်း တင်ပြအပ်ပါသည်။
 

jakarta-blo-visit02

jakarta-blo-visit03

jakarta-blo-visit05

jakarta-blo-visit07

jakarta-blo-visit08

jakarta-blo-visit16

 

jakarta-blo-visit10

jakarta-blo-visit09

jakarta-blo-visit11

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.