ဂုဏ်တောကျေးရွာသို့ကူညီခြင်း

gondaw7

ယမားချောင်း ကမ်းပါး ပေါ်တွင် တည်ရှိသော ဂုဏ်တောကျေးရွာ သည် ချင်းတွင်မြစ်နှင့် ယမားချောင်းတို့၏ ရေလျှံကွင်းတွင် ရှိ၍ အန္တရာယ် ကျရောက်နိုင်သော ဧရိယာထဲ တွင်လည်း တိုက်ရိုက်ပါဝင်နေသည်။

ဩဂုတ်လ(၃)ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် MYTCL စီမံခန့်ခွဲမှုနှင့် ဆက်သွယ်၍ သဲအိတ်နှင့် မြေအိတ်များ စီတန်းခြင်းဖြင့် ရေကြီးမှုအား တားဆီး ကာကွယ်နိုင်ရန် အကူအညီတောင်းခံခဲ့သည်။
ဂုဏ်တောကျေးရွာတွင် အိမ်ထောင်စုပေါင်း (၂၁ဝ)ရှိပြီး စုစုပေါင်း ဒေသခံဦးရေမှာ (၁၂ဝဝ)ယောက်ဖြစ်သည်။ ဩဂုတ်လ (၄)ရက်နေ့မှ (၆)ရက်နေ့အထိ MYTCL သည် သဲအိတ်၊ မြေအိတ် များကို မြေသယ် ကားတစ်စီးပြီး တစ်စီးကျေးရွာသို့ပေး ပို့ကာ ရေကြီးမှုအား တားဆီးကာကွယ်ခဲ့ပါသည်။
MYTCL၏ နောက်ထပ် မြေသယ်ကား အစီးနှစ်ဆယ်ကျော်ဖြင့် မြေအိတ်၊ သဲအိတ် လိုအပ်နေသော အခြားကျေးရွာသို့ ပေးပို့ကူညီမှုကို လည်း ကျေးရွာသူ ရွာသားများက များစွာ ကျေးဇူးတင်ခဲ့ကြသည်။
 

gondaw1

gondaw2
gondaw3
gondaw4
gondaw5
gondaw9
gondaw6
gondaw8

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.