မှန်ကန်မှုမရှိသောသတင်းများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းခြင်း

watersample1၂၀၁၅ ခုနှစ် စက်တင်ဘာလ (၃၀) ရက် နေ့ ထုတ် Daily Eleven သတင်းစာတွင် မြန်မာယန်စီ ကုမ္ပဏီက လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် စံပယ်တောင် ကြေးစင်တောင် စီမံကိန်း၏ ရေအရင်းအမြစ် စီမံခန့်ခွဲရေး နှင့် စပ်လျဉ်းပြီး မမှန်ကန်သည့် သတင်းတစ်ရပ်ကို ထည့်သွင်း ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းမှာ ပကတိ အခြေအနေမှန်နှင့် လွဲမှားနေပါသည်။ ြမန်မာယန်စီ ကုမ္ပဏီ သည် အစဉ်တစိုက် zero-discharge recycling system မူဝါဒကို ကျင့်သုံးလျက်ရှိခြင်းကြောင့် mining process တစ်လှေှျှာက်လုံးတွင် ညစ်ညမ်းရေ နှင့် အက်စစ်ရေများအားလုံးကို recycle အဖြစ် ပြန်လည် အသုံးပြုလျက်ရှိပါသည်။ မိုးရာသီတွင် သတ္တုထုတ်လုပ်ခြင်းမရှိသော သတ္တုတွင်း ဧရိယာအတွင်းရှိ မိုးရေတချို့သည် သတ္တုတွင်းဧရိယာ အတွင်းမှ ထုတ်လွှတ်ပေးနိုင်ပါသည် ။ သို့သော် ယန်စီ ကုမ္ပဏီ သည် အမြဲတစေ ရေအရည်အသွေး စစ်ဆေးခြင်းနှင့် တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ စက်တင်ဘာ ၂၆ ရက်နေ့ မနက်စောစောတွင် မိုးသည်ထည်းစွာ ရွာသွန်းသဖြင့် သတ္တုတွင်းဧရိယာ၏ အနောက်တောင်ဘက်တွင်မိနစ် (၄ဝ) အချိန်တိုကာလလေး အတွင်းမှာပင် မိုးရေချိန် (၆၇) မီလီမီတာ အထိ မြင့်တက်လာခဲ့သည်။ အဆိုပါ မိုးသည်ထန်စွာ ရွာသွန်းသော ကာလအတွင်း မိုးရေအနည်းငယ်မှာ သတ္တုတွင်းဧရိယာပြင်ပရှိ ချောင်းအတွင်းသို့ ကျော်လွန်ကာ စီးဆင်းသွားခဲ့ရာမှ မိုးသည်းထန်စွာ ရွာသွန်းခြင်း သို့မဟုတ် တခြားသေစေနိုင်သော အကြောင်းရင်းတချို့ကြောင့် သတ္တုတွင်း ဧရိယာအတွင်း သေဆုံးသွားသော ငါးများ လည်းအတူ မျောပါသွားခြင်း ဖြစ်ပေါ်ခဲ့သည်။ ကျွန်တော်တို့ စောင့်ကြည့်လေ့လာရေး အချက်အလက်များအရ ချောင်း၏ ရေအရည်အသွေးမှာ ပြောင်းလဲခြင်းမရှိသလို သတ္တုမိုင်း ပတ်ဝန်းကျင်ရှိ မြစ်ချောင်းများ စီးဆင်းမှုအပေါ်တွင်လည်း အကျိုးသက်ရောက်မှု မရှိခဲ့ပါ။
ဒေသခံလူမှုအသိုင်းအဝိုင်းနှင့် အစိုးရ အရာရှိများနှင့် ဆက်ဆံရေးတွင်လည်း မြန်မာယန်စီ ကုမ္ပဏီသည် ပွင့်လင်းမြင်သာစွာ ဆက်ဆံရေး မူကို ကျင့်သုံးလျက် ရှိပါသည်။ ယခု တစ်ခေါက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံများ၏ စိုးရိမ်ပူပန်မှုများ ရှိလာသည့် အတွက် မြန်မာယန်စီ၏
Community and Social Development ဌာန နှင့် Public Relation ဌာန တို့သည် ဒေသခံများနှင့် အချိန်မီ တွေ့ဆုံ၍ ရှင်းလင်းခဲ့ပါသည်။ ကျွန်တော်တို့အနေဖြင့် မလိုအပ်ဟု ယူဆပါသော်လည်း ကုမ္ပဏီအနေဖြင့် သတ္တုတွင်း ပြင်ပရှိ ပတ်ဝန်းကျင် ရေဧရိယာ ကို ရေနမူနာ ကောက်ယူ စစ်ဆေးခဲ့ပါသည်။ စစ်ဆေးချက် ရလဒ်အဖြေအရ ရေဧရိယာအားလုံး၏ ရေအရည်အသွေးမှာ ကမ္ဘာ့ဘဏ် ၏ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိပါသည်။ တစ်ချိန်တည်းမှာပင် ယန်စီကုမ္ပဏီသည် Third-party အဖွဲ့အစည်းသို့ ရေနမူနာကို ပေးပို့ကာ စစ်ဆေးစေခဲ့ပါသည်။ စစ်ဆေးချက် ရလဒ် ရရှိပါက အချိန်မီ ထုတ်ပြန်ပေးမည်ဖြစ်သည်။ မြန်မာယန်စီကုမ္ပဏီ အနေဖြင့် သတ္တုတွင်း ဧရိယာ အတွင်းရှိ ရေစီမံခန့်ခွဲမှု ကို ဆက်လက် အလေးပေး အာရုံစိုက်လျက်ရှိပါသည်။
စက်တင်ဘာလ (၂၇)ရက်နေ့တွင် ယင်းမာပင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ယန်စီကုမ္ပဏီသည် အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်းသော အခြေအနေအရပ်ရပ်ကို ဖုန်းမှ တစ်ဆင့် ရှင်းလင်းခဲ့ပါသည်။ စက်တင်ဘာလ (၃ဝ) ရက်နေ့တွင် ယင်းမာပင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော လူဆယ်ဦးကျော် အဖွဲ့ သည် မြန်မာယန်စီ ကုမ္ပဏီ သို့ ရောက်ရှိပြီး အခြေအနေအရပ်ရပ်ကို စစ်ဆေးခဲ့ပါသည်။ ကုမ္ပဏီမှ မိုးသည်းထန်စွာ ရွာသွန်းမှုကိစ္စရပ်နှင့် စပ်လျဉ်းသော အစီရင်ခံစာ ကို တင်ပြခဲ့ပြီး သတ္တုတွင်း ဧရိယာသို့လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာခဲ့ပြီး မြန်မာယန်စီ ကုမ္ပဏီ ၏ မိုးသည်ထန်းစွာရွာသွန်းမှုအပေါ် ပြင်ဆင်တုံ့ပြန်ထားမှုကို ကြီးကြပ် စစ်ဆေးခဲ့ပါသည်။ ကုမ္ပဏီကလည်း အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်းသော စစ်ဆေးမှု အချက်အလက်များ နှင့် ဓာတ်ပုံများ ကို တင်ပြခဲ့ကာ စီမံကိန်း အနီးပတ်ဝန်းကျင်ရှိ မည်သည့် ရေအရင်းအမြစ်၊ ပတ်ဝန်းကျင်နှင့် လူမှု ကျန်းမာရေးတို့ အပေါ် ဆိုးကျိုး သက်ရောက်မှုတစ်စုံတစ်ရာ မရှိကြောင်း သက်သေပြနိုင်ခဲ့ပါသည်။
 
စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် မြစ်ချောင်း ရေများအပေါ် သက်ရောက်မှုရှိခြင်း နှင့်စပ်လျဉ်းပြီး ကျွမ်းကျင်မှုရှိသော ပုဂ္ဂိုလ်နှင့် ပညာရှင် အဖွဲ့အစည်း ၏ စောင့်ကြည့်စစ်ဆေးခြင်းကို မြန်မာ ယန်စီအနေဖြင့် စိတ်ရင်းအမှန်ဖြင့် လှိုက်လှဲစွာ ကြိုဆိုပါသည်။ ရရှိလာသော အဖြေရလဒ် များကိုလည်း ကျွန်တော်တို့ထံသို့ အသိပေးကာ ပေးပို့စေချင်ပါသည်။
Daily Eleven ရှိ သတင်းထောက် တစ်ယောက်အနေဖြင့် လူတစ်ဦးတစ်ယောက်၏ မှန်ကန်ခြင်းမရှိသော တစ်ဖက်သတ်ပြောစကားကို ယုံကြည်ကာ ရေးသားမိခြင်းကြောင့် မြန်မာယန်စီ ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်ခြင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။ကျွန်တော်တို့၏ ရှေ့နေသည် အဆိုပါ မီဒီယာနှင့် ညှိနှိုင်းအဖြေရှာမည် ဖြစ်ပြီး တရားဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးအတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင် သွားပါမည်။
 

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.