ဝန်ထမ်းမိသားစုများ၏ ကထိန်အလှူ

minekahtein2

မိုင်းမြို့မိသားစုကထိန် မြန်မာယန်စီနှင့် မိုင်းမြို့ဝန်ထမ်းများသည် မိသားစုများနှင့်အတူ( ၂၆) နှစ်မြောက် မိသားစု မဟာ ဘုံကထိန် လှူဒါန်းခြင်းအခမ်းအနားကို အ.ထ.က ကြေးနီတွင် နိုဝင်ဘာ ၁၁၊၂ဝ၁၅ နေ့တွင် ကျင်းပခဲ့ကြပါသည်။

ဤပွဲတော်ကို တန်ဆောင်မုန်းလ ကထိန်သင်္ကန်းကပ်လှူခြင်းဟု ခေါ်ပြီး မိုင်းမြို့အတွင်း နှစ်စဉ် ကျင်းပလေ့ရှိ၍ မြန်မာ ယန်စီ၏ ဝန်ထမ်းများနှင့် မြို့တွင်နေထိုင်သူများစုပေါင်းကာ ကျင်းပကြပါသည်။ ကထိန်ပွဲဟု အသိများသောသောထိုပွဲ သည် ဘုန်းတော်ကြီးများသို့ စုပေါင်းကထိန်လှူဒါန်းဆက်ကပ်ခြင်း၊ စားသောက်ဖွယ်ဘောဇဉ်နှင့် လက်ဆောင်ပဏ္ဏာများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဖြစ်ပါသည်။ လှူဒါန်းမှုများကို လမ်းတစ်လမ်းပြီး တစ်လမ်းလိုက်လံစုဆောင်းကြပြီး ရွေ့လျားနိုင် သော စင်များတွင် ချိတ်ဆွဲ၍ "ပဒေသာပင်" ဟု ခေါ်ကြပါသည်။ (ကမ္ဘာဦးအစနေ့ရက်များတွင် မည်သူမဆိုဆန္ဒပြု၍ ဆန္ဒပြုသည့်အတိုင်းရရှိသည် အပင်ကို ကိုယ်စားပြု၍ ခေါ်ခြင်းဖြစ်ပါသည်။) ထိုပဒေသာပင်များကို စနစ်တကျစီတန်း၍ လှူဒါန်းရန်အတွက် မိုင်းမြို့ကရွေးချယ်ထေားသော ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်ကြပါသည်။ ဤအချိန်လှူဒါန်းသော သင်္ကန်းကို ကထိန်သင်္ကန်းဟု ခေါ်ပါသည်။ ယခု ၂ဝ၁၅ခုနှစ်အခမ်းအနားတွင် မိုင်းမြို့မိသားစုမှ လှူဒါန်းခဲ့သည့် ဘုန်းကြီးကျောင်းများမှာ-
၁။ ဇမ္ဗုဝတီဘုန်းကြီးကျောင်း၊အေးကုန်းကျေးရွာ
၂။ ရွာသာကျေးရွာ ဘုန်းကြီးကျောင်း
၃။ ရွှေပန်းခိုင်ကျေးရွာ ဘုန်းကြီးကျောင်းများ ဖြစ်ပါသည်။
မြန်မာယန်စီဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့တို့မှ ပေးအပ်လှူဒါန်းခဲ့သော ပွဲတော်စုစုပေါင်းငွေပမာဏမှာ ၉၃ သိန်း ဖြစ်ပါသည်။ ( ၉၃ဝဝဝဝဝ ကျပ် သို့ အမေရိကန်ဒေါ်လာ ၆၆၅ ခန့် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

 

minekahtein

minekahtein1

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.