မေတ္တာမွန်လူမှုကူညီရေးအသင်း၏ကထိန်အလှူ

myettarmon1

မေတ္တာမွန် လူမှုရေး ကူညီရေး အသင်းကို (၂ဝ၁၄ ) ခုနှစ် မေလတွင် နာယက ဦးသိန်းထွန်း ဥက္ကဌ ဦးအောင်ဇော်လင်းတို့မှ ဦးဆောင်၍ အသင်းသားလူငယ် ၅ဝ ကျော်ခန့်ဖြင့် ကော်မတီဖွဲ့၍ စတင် တည်ထောင် ခဲ့ပါသည်။

လူမှုကူညီရေးကား ၅ စီးဖြင့် မိုင်းမြို့ဝန်ထမ်းမိသားစုများ၏ လူမှုရေး ကျန်းမာရေး လုပ်ငန်းများကို ဆောင် ရွက်ခဲ့ရာ ယခုအချိန်ထိ လူနာတစ်ထောင်ခန့်အား မုံရွာ မန္တလေးဆေးရုံများသို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ပတ်ဝန်းကျင်ကျေးရွာ (၁၅)ရွာခန့်အား ပစ္စည်းများ ထမင်းထုပ်များ လှူ ဒါန်းပေးနိုင်ခဲ့ပါသည်။
၁၅.၁၁.၂ဝ၁၅နေ့တွင် ဝန်ထမ်းမိသားစုများ စုပေါင်း၍ အလှူငွေ (၁ဝ)သိန်းကျော်ခန့်ဖြင့် ဆားလင်းကြီးမြို့နယ် ဖိုလ်ဝင်တောင်တောင်အနီး ရွှေချမ်းစီတောတိုက်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ဒုတိယအကြိမ် မြောက် စုပေါင်းကထိန်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပလှူဒါန်းပေးနိုင်ခဲ့ပါသည်။ မေတ္တာမွန်လူမှုကူညီရေး အသင်းသည် မိုင်းဝန်ထမ်းမိသားစုများနှင့် ဘေးပတ်ဝန်းကျင်ရှိကျေးရွာများမှာ သာရေး နာရေးကိစ္စများကို၂၄ နာရီ အကူအညီပေးလျှက်ရှိပါသည်။ ၁၅၊၁ဝ၊၂ဝ၁၅တွင် မြန်မာယန်စီနှင့်ဦးပိုင်ကုမ္ပဏီ လူနာတင်ကားတစ်စီးနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းထားပါသည်။

 

myettarmon3

myettarmon2

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.