လွတ်လပ်ရေးနေ့ ပွဲတော်

independence1

မြန်မာယန်စီကြေးနီလီမိတက်သည် နှစ်စဉ် အားကစားပြိုင်ပွဲများနှင့် ဖျော်ဖြေရေးဇာတ်အဖွဲ့များ ငှားရမ်း ကပြစေလျှက် ကျန်းမာဖျတ်လတ်စေရေးနှင့် သတ္တုတွင်းလုပ်ငန်းများနှင့်ပတ်သက်သော ပတ်ဝန်းကျင် ကျေးရွာမှ ကျေးရွာသူ/သားများနှင့် ဝန်ထမ်းများ၏ ဆက်ဆံရေးကို မြှင့်တင့်ပေးရန် ထောက်ပံ့အကူအညီပေး လုပ်ဆောင်နေပါသည်။

မိုင်းမြို့မိသားစုများသည် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဖျော်ဖြေရေး ဇာတ်သဘင်များကို ပျော်ရွှင်စွာကျင်းပကြပါသည်။ စံပါယ်တောင်နှင့်ကြေးစင်တောင် သတ္တုတွင်းစီမံကိန်း နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ဝန်ထမ်းများနှင့် မိသားစုများသည် ပြေးခုန်ပစ်၊ ဘောလုံးပွဲ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ (နဝရတ်ခန်းမအတွင်း)၊ မိုင်းမြို့ ဂေါက်ကလပ်တွင် ဂေါက်ရိုက်ပြိုင်ပွဲနှင့် စစ်တုရင် ပြိုင်ပွဲများကို မိုင်းမြို့ ဘောလုံးကွင်း၊ ဘော်လီဘောကွင်း စသည့်နေရာများတွင် ပါဝင်ယှဉ်ပြိုင်ကြ ပါသည်။ စိန်ကျော်သဘင် ဇာတ်အဖွဲ့သည် ၄.၁၁.၂ဝ၁၆နှင့် ၅.၁၁.၂ဝ၁၆နေ့များတွက် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေခဲ့ပါသည်။ မြန်မာယန်စီမှ ပြိုင်ပွဲတွင် ဆုရရှိသူများကို ထိုက်တန်စွာဆုချီးမြှင့်ပေးခဲ့ပါသည်။ ကျေးရွာသားများနှင့်ဝန်ထမ်းများအားလုံးသည် အားကစားပြိုင်ပွဲများတွင် အားကစားစိတ်ဓာတ် ယှဉ်ပြိုင်မှု စိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အားကစားပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

 

independence3

independence6
independence7
independence4
independence8
independence5
independence9
independence2

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.