ရွာသာကျေးရွာ အသေးစားစီးပွားရေးသင်တန်း

ywatha-sme1

ကျေးရွာသူ/ ကျေးရွာသားများ ကိုယ်ပိုင်စီးပွားရေးအတွေးအမြင်နှင့် အိမ်တွင်းမှုလုပ်ငန်း အခွင့်အလမ်း ဖွင့်ပေး ရန်အလို့ငှာ ရွာသာကျေးရွာသို့ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၈.၁.၂၀၁၆)နေ့တွင် အောင်မြင်စွာပြုလုပ်ခဲ့ပါသည်။

Jဂျယ်လီ ၊ ယိုထုတ်လုပ်နည်း၊ ဇီးထုတ်အချဉ်လုပ်နည်း အပါအဝင် အိမ်တွင်းမှူသင်တန်းများပါ သင်ကြားပေးမည်ဟု သိရပါသည်။ သင်တန်းသူ သင်တန်းသား ၂ဝ ခန့် တက်ရောက်သည်ဟု သိရပါသည်။ အခမ်းအနားသို့ ညွှန်ကြားရေးမှူး ဦးမျိုးနိုင် ဦးစီးမှူး ဦးသိန်းမြင့်ထွေး ၊ ရပ်မိရပ်ဖများနှင့် အုပ်ချုပ်ရေးမှူးဦးခင်မောင်ဝင်းနှင့်သင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူ ကျေးရွာ ကျေးရွာသားများ တက်ရောက်ခဲ့ပါသည်။ သင်တန်းဆရာမ (၂) ယောက်နှင့် သင်ကြားပေးမည်ဟု သိရှိရသည်။ သင်တန်းဆရာများမှာ ဒေါ်မျိုးမြင့်စံ နှင့် ဒေါ်မေယုမော်တို့ ဖြစ်ပါသည်။ ကျေးရွာသူ ကျေးရွာသားများ အားလုံးသည် ထိုသင်တန်းဖွင့်လှစ်ပေးမှု အပေါ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအား ဝမ်းမြောက် ဘကျေးဇူးတင်ကြောင်း သိရှိရပါသည်။ အလားတူသင်တန်းများ ဖွင့်လှစ်လာပါကလည်း အမြဲတမ်းလှိုက်လှဲစွာ ကြိုဆိုပါကြောင်း သိရပါသည်။

 

ywatha-sme4

ywatha-sme3
ywathd-sme2

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.