မဟာစမ္ပာရုံသို့ ကွန်ပျူတာလှူဒါန်းခြင်း

kangon-computertraining1

မဟာစမ္ပာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝေပုလ္လ သာသနာပြု ဓမ္မကထိက ဆရာတော်နှင့် အရှင်ရာဇိန္ဒ စာရေးဆရာ (မောင်မင်းစိုး) ရွှေနံသာ၊ အရှင်ကေသရ၊ အရှင်သောပါလင်္ကာရ၊ အရှင်ဝိလာသ စသောဆရာတော်များ ဦးဆောင်၍ ရန်ကုန်မြို့ စာချဆရာတော်များနှင့် ကျေးရွာ ဆရာ၊ဆရာမများ၏ ပါဝင်ပံ့ပိုး ကူညီမှုဖြင့် ၁၃၆၈ ခုနှစ်မှစ၍ ကျောင်းသား/ကျောင်းသူ(၄ဝဝ)ကျော်တို့အား နှစ်စဉ် ကျောင်းပိတ်ရက် နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်းကြီးအား လည်းကောင်း၊ အင်္ဂလိပ်ဘာသာသင်တန်းနှင့် ကွန်ပျူတာ သင်တန်းတို့အားလည်းကောင်း (၂)တန်းဖြေပြီး ကျောင်းသားကျောင်းသူများမှ စ၍ စိတ်ပါဝင်စားသူ မည်သူ မဆို အုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံ၍ သင်ကြားတက်ရောက်နိုင်ကြပါရန် ဖွင့်လှစ်သင်ကြား ပေးနေပါသည်။

ယခုနှစ် ၁၃၇၇-ခုနှစ် (၂ဝ၁၆ခုနှစ်)ဆိုလျှင် ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်းသည် (၁ဝ)ကြိမ် မြောက်ဖြစ်မည်ဖြစ်ပြီး အင်္ဂလိပ်စာသင်တန်းနှင့်ကွန်ပျူတာသင်တန်းမှာ (၅)ကြိမ်မြောက် မည်ဖြစ်ပါ သည်။ နှစ်စဉ် ပထမအသုတ်အား (၂)တန်းဖြေပြီးမှ (၉)တန်းဖြေပြီးအထိ ကျောင်းသားကျောင်းသူများအား သင်ကြားပေးပြီး ဒုတိယအသုတ်အား (၁ဝ)တန်းဖြေပြီးမှ တက္ကသိုလ်ကျောင်းသားကျောင်းသူများအား သင်ကြားပေးပါသည်။ သင်တန်းနည်းပြဆရာတော်များမှာ မဟာစမ္ပာရုံဆရာတော် ဘဒ္ဒန္တဝေပုလ္လ (သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ၊ ဓမ္မကထိက)ကံကုန်းရွာ၊ အရှင်ကေသရ မဟာစမ္ပာရုံကျောင်းတိုက် ကံကုန်းရွာ၊ အရှင်သောပါကာလင်္ကာရ(ပရိယတ္တိသာသနာလင်္ကာရသာမဏေကျော်၊ ဂဏဝါစကသာမဏေကျော်၊ သာသနဓဇဓမ္မာစရိယ၊ ပရိယတ္တိသာသနဟိတဓမ္မာစရိယ၊ Diploma, B.A, M.A(Thesis) ITBMU ကမ္ဘာ့ဝိပဿနာဗိမာန်ကျောင်း၊ မရမ်းကုန်း၊ရန်ကုန်)၊ အရှင်ဝိလာသ စာချကထိက (ဓမ္မာစရိယ) ကမ္ဘာ့ဝိပဿနာဗိမာန်ကျောင်း၊မရမ်းကုန်း၊ ရန်ကုန်တို့ဖြစ်ပါသည်။ သင်တန်းနည်းပြဆရာများမှာ မောင်စိုးမင်းဦး B.A(Myanmar)၊ မစိုးမြတ်မွန် B.Sc(Pys;) M,Sc( Hons;)၊ မသန်းသန်းစိုး B.Sc(Pys;)၊ မဟေမာသင်း B.Sc(Phys;)၊ မသန္တာဝင်း B.Sc(Bio-Chem) တို့ဖြစ်ပါသည်။ ကွန်ပျူတာသင်တန်းဖြစ်မြောက် အောင်မြင်ရေးအတွက် N-G Link Computer Center Sales, Services & Training မိသားစု နှင့် (ITC Computer Center & Training) မိသားစုတို့မှ ပါဝင်ကူညီကြပါသည်။ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသူ/ကျောင်းသားများ၏ နွေရာသီကျောင်းပိတ်ရက်များကို တန်ဖိုးရှိရှိ အကျိုးရှိရှိ ကုန်ဆုံးစေရန်၊ မိမိရပ်ရွာ၊ မိမိဘာသာ၊ မိမိသာသနာကို ယုံကြည်လေးစား၊တန်ဖိုးထားတတ်သော မျိုးဆက်သစ် ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များ ဖြစ်လာစေရန်(မိရိုးဖလာဗုဒ္ဓဘာသာဝင်မှသည် စစ်မှန်သော ဗုဒ္ဓဘာသာဝင်များဖြစ်လာစေရန်)၊ ယနေ့ခေတ်ကမ္ဘာသုံးဘာသာစကား(International Language) ဖြစ်လာမည့်အင်္ဂလိပ်ဘာသာကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေ၍ ကွန်ပျူတာနည်းပညာများ စနစ်တကျတတ်မြောက်စေရန် ဤသင်တန်းကြီးမှ စာတွေ့လက်တွေ့နှစ်မျိုးပေါင်းစပ်ကာပြုစု ပျိုးထောင် လေ့ကျင့်သင်ကြားပေးသည့်အတိုင်း ကျင့်သုံးနိုင်ကြ၍ အရေးပါအရာရောက်သော ကျောင်းသား/ကျောင်းသူ များဖြစ်လာစေရန်ရည်ရွယ်၍ ဤသင်တန်းကြီးကို ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။ စာသင်ဆောင်တဲ(၄)ဆောင်၊ ကွန်ပျူတာ(၁၅)လုံးဆံ့မှန်လုံခန်းနှင့် စာကြည့်ဆောင်တို့ကို တည်ဆောက်၍ ကွန်ပျူတာ(၁၅)လုံးနှင့် သင်ကြားပေးလျှက်ရှိသည်။ မြန်မာယန်စီမှလည်း ကွန်ပျူတာ(၁)စုံ လှူဒါန်းပေးပါသည်။ ၄ တန်းဖြေပြီး ၉ တန်းဖြေပြီး ကျောင်းသား၊ကျောင်းသူများကို ပထမဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်နှင့် အဆင့်မြင့်တန်းဆိုပြီး အဆင့်(၅)ဆင့်ခွဲ၍ စာမေးပွဲအောင်မြင်သော ကျောင်းသား၊ကျောင်းသူများထူးချွန်သော ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုလက်မှတ်နှင့်ဆုများချီးမြှင့်၍ ၂ တန်း ၃ တန်းဖြေကျောင်းသား၊ ကျောင်းသူများကို လွယ်အိတ်၊ထီး၊ဖိနပ်များစသော ကျောင်းသုံးပစ္စည်းများကို ကံစမ်းမဲဖောက်၍ လှူဒါန်းခြင်း ဆုပေးပွဲအခမ်းအနားအောင်ပွဲအဖြစ် "ယဉ်ကျေးမှု ဂုဏ်ရည်ဓမ္မသဘင် နှင့် လိမ္မာယဉ်ကျေး လမ်းညွှန်ပေး"သော စာပေဟောပြောပွဲများကို အခွင့်အခါသင့်သလို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

 

kangon-computertraining2

kangon-computertraining3
kangon-computertraining4
 kangon-computertraining5
 kangon-computertraining7
 kangon-computertraining8
 kangon-computertrainign9

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.