စံပယ်တောင်ပိတ်သိမ်းခြင်းဆွေးနွေး

mineclosure meetingwithvillagers1

မြန်မာယန်စီအဖွဲ့အစည်း၏ မိုင်းပိတ်သိမ်းခြင်း အရေးကြီးဆုံးကဏ္ဍသည် စီမံကိန်းများနှင့် လိုက်လျောညီထွေသော ကုမ္ပဏီ၏ စေ့စပ်ညှိနှိုင်းမှုဖြစ်ပါသည်။

ထိုညှိနှိုင်းမှုအကောင်အထည်ဖော်ရန်အလိုငှာ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးမှုစီမံကိန်း ဖော်ဆောင်ရေး မန်နေဂျာ Mr. Glenn R. Wallis သည် အနီးအနားကျေးရွာကိုယ်စားလှယ်များအား အတူတကွ ခေါ်ဆောာင်ခဲ့ပြီး လုပ်ဆောင်မှုများ၏ အစီအစဉ်များကို ပိုမိုရှင်းလင်းထင်ရှားစေရန် လှုပ်ရှားမှုများကို ရှင်းလင်းပြသရန် လုပ်ငန်းခွင်တွင်းသို့လိုက်လံပြသခဲ့ပါသည်။
မိုင်းပိတ်သိမ်းခြင်းသည် အလွန်ရှုပ်ထွေးပြီး အင်ဂျင်နီယာအသေးစိတ်လုပ်ဆောင်မှုများသည် ကျေးရွာနေလူများအတွက် နားလည်မှုခက်ခဲရုံမျှမက သိမြင်ရန်ခက်ခဲပါသည်။ Mr. Wallis သည် လက်ရှိအလုပ်လုပ်နေသော စီမံကိန်းနေရာအချို့သို့ အလည်အပတ်ဖိတ်ခေါ်၍ မြေယာ ပြဿနာ၊မြေယာအသုံးပြုမှုနှင့်ပတ်သက်၍ ကျေးရွာလူထုစေ့စပ်ညှိနှိုင်းမှုတို့နှင့်အတူ နားလည်မှုတည်ဆောက်ခဲ့သည်။ မြန်မာယန်စီတာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများနှင့် CSD အဖွဲ့ဝင်များ စုစုပေါင်း (၁၁)ဦးအား ပွင့်လင်းမြင်သာစွာ ဆွေးနွေးရန် ၂ဝ.၄.၂ဝ၁၆ နေ့ မနက် (၉) နာရီတွင် စပယ်တောင် မိုင်းပိတ်သိမ်းမှုနှင့် အညစ်အကြေးစွန့်ပစ်မှုကို တိုင်ပင်ညှိနှိုင်းခဲ့ပါသည်။ မြန်မာယန်စီအစည်းအဝေးခန်းမတွင် Mr. Wallis သည် တင်ပြ ရှင်းလင်းခဲ့ပြီး မရှင်းလင်းသည်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ဒေသခံလူများသည် မြန်မာယန်စီ၏ စီမံကိန်းဆက်လက်လုပ်ဆောင်ရန် သဘောတူခဲ့ပြီး ကျေးရွာလူထုသည် လုပ်ဆောင်မှုများ နှင့် တိုးတက်မှုကို နားလည်မှုပေးခဲ့ပါသည်။ မြန်မာယန်စီမှ ဒေသခံများ၏ နားလည်မှုနှင့် ပူးပေါင်းပါဝင်မှုကို ချီးကျူးဂုဏ်ပြု၍ မိုင်းပိတ်သိမ်းခြင်းနှင့် ကျေးရွာလူထုစေ့စပ်ညှိနှိုင်းမှုနှင့် သက်ဆိုင်သောအဖွဲ့၏ ကောင်းသောအကြံပြုမှုများကိုလည်း လက်ခံချီးကျူးပါသည်။
Mr Wallis သည် စီမံကိန်း အသေးစိတ်နှင့် ပုံစံကိုလည်း ပွင့်လင်းမြင်သာစွာ လူထုနှင့် ဆက်လက်ညှိနှိုင်း လုပ်ဆောင် သွားမည်ဖြစ်ပါသည်။

 

mineclosure meetingwithvillagers2

mineclosure meetingwithvillagers6
mineclosure meetingwithvillagers3

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.