ကျောက်မျက်ရွှေမြင်တင်ပွဲတော်

kyaukmet festival2

ကျောက်မျက်တောင်ပေါ်ရှိတည်ထားတော်မူသော ရွှေမြင်တင်ဘုရားကြီး၏ ကဆုန်ုလပြည့်ဘုရားပွဲတော်ကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိပါသည်။

တန်ခူးလဆန်းရောက်သည်နှင့် ဘုရားပွဲတော် ကျင်းပနိုင်ရန်အတွက် ကျေးရွာအတွင်း ရွာသူရွာသားများအား အစည်းအဝေးဖိတ်ကြား၍ ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်ကြပါသည်။ ဘုရားပွဲတော်ကျင်းပသည့် ကဆုန်လပြည့်နေ့တွင် အရပ်လေးမျက်နှာမှ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား ထမင်း/ဟင်း ဧည့်ခံကျွေးမွေးရန်အတွက် အလှူခံထွက်ကြပါသည်။ ကဆုန်လပြည့်ဘုရားပွဲတော်နေ့တွင် အနယ်နယ် အရပ်ရပ်မှ ဖိတ်ကြား၍ ကြွရောက်လာသော သပိတ်လုံးသံဃာတော်များအား လှူဒါန်းကြပါသည်။ ကဆုန်လပြည့်ဘုရားပွဲတော်ပြုလုပ်ကျင်းပလှူဒါန်းနိုင်ရန်အတွက် လိုအပ်သောနေရာများအား ကျောက်မျက် ကျေးရွာ သူကျေးရွာသားများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ကုသိုလ်ရှင်များ ပေါင်းစု၍ ကောင်းမှုအဖြစ် လုပ်ကိုင်ဆောင်ရွက်လှူဒါန်းကြပါသည်။ ပွဲတော်ကျင်းပသည့်နေ့တွင် ရွှေမြင်တင်ဘုရားရင်ပြင်ပေါ်၌ အမြို့မြို့ အနယ်နယ်မှ စေတနာရှင်၊ ကုသိုလ်ရှင်အပေါင်းတို့မှ ရွှေမြင်တင်စေတီတော်မြတ်အား ရွှေသင်္ကန်းကပ်လှူခြင်း၊ ဆီမီး၊ ရေချမ်း၊ ဆွမ်း၊ ပန်းများကပ်လှူပူဇော်ကြပြီး လှူဒါန်းမှုအစုစုအား ရေစပ်ချ အမျှအတမ်းပေးဝေကြပါသည်။ ဘုရားပွဲတော်ကျင်းပပြီး လပြည့်ကျော်(၁)ရက်(၂)ရက်ညများတွင် အောင်ပွဲအဖြစ် ပျော်ပွဲရွှင်ပွဲများဖြင့် နှစ်စဉ် နှစ်တိုင်းပြုလုပ်ကျင်းပကြပါသည်။

 

kyaukmet festival1

kyaukmet festival5
kyaukmet festival3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.