ထနောင်းကုန်းပရဟိတကျောင်း

htanaunggon orphan1

ထနောင်းကုန်းပရဟိတကျောင်းဟု လူသိများသည့် ပညာပဒေသာလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်အုပ်စု၊ ထနောင်းကုန်းကျေးရွာ၊ ရတနာဘုံပြန်ကျောင်းတိုက်အတွင်းတွင် တည်ရှိပါသည်။

ပရဟိတကျောင်းကို ၁၉ဝ၆ တွင် စတင်၍ ဆရာတော် ဦးကေသရမှ စတင်တည်ထောင်ခဲ့သည်။ ၁၉၃၅မှ ၁၉၄ဝထိ ဆရာတော် ဦးဩဘာသ၊ ၁၉၄ဝမှ ၁၉၅၆ထိ ဆရာတော် ဦးဇဝန၊ ၁၉၅၆ မှ ၁၉၉၇ ထိ ဆရာတော် ဦးနန္ဒိယ၊ ၁၉၉၇ မှ ယနေ့အထိ ဆရာတော် ဦးကောဝိဒတို့က အုပ်ချုပ်ထိန်းကျောင်းခဲ့ပါသည်။ ၁၉၆၂မှစ၍ အစိုးရအသိအမှတ်ပြုဂေဟာတစ်ခုဖြစ်ခဲ့၍ ၎င်းနှစ်၌ အလွတ်ပညာသင်မှတ်ပုံတင်ကျောင်း ဖြစ်လာကာ ထိုမှတဆင့် အစိုးရအလယ်တန်းကျောင်း ဖြစ်လာခဲ့သည်။ ၂ဝ၁၄ မှ ၂ဝ၁၅ ပညာသင်နှစ်မှစ၍ အလယ်တန်းကျောင်းမှတဆင့် အစိုးရအထက်တန်းကျောင်းဖြစ်လာခဲ့သည်။ ၁၉၆၂မှ စ၍ လူမှုဝန်ထမ်းဌာနမှ တစ်နှစ်လျှင် ဆန်အိတ်(၆ဝ)အိတ်ထောက်ပံ့ခဲ့ပြီး ယခုအချိန်၌ နှစ်စဉ် ထောက်ပံ့ငွေ ၁၅၃၈၅ိ/- ပေးအပ်ခဲ့ပါသည်။ ၂ဝ၁၅-၁၆ ပညာသင်နှစ်တွင် ကလေးဦးရေ ကျား(၉၃)ယောက်ရှိပါသည်။ လူမျိုးအားဖြင့် ဗမာ၊ ပအို့ဝ်၊ နာဂတို့ ပါဝင်ပါသည်။ မူကြို(၂)ယောက်၊ သူငယ်တန်း(၄)ယောက်၊ ပထမတန်း(၁၁)ယောက်၊ ဒုတိယတန်း(၈)ယောက်၊ တတိယတန်း(၁ဝ)ယောက်၊ စတုတ္ထတန်း(၁၃)ယောက်၊ ပဉ္စမတန်း(၁ဝ)ယောက်၊ ဆဋ္ဌမတန်း(၁၅)ယောက်၊ သတ္တမတန်း(၁၁)ယောက်၊ အဋ္ဌမတန်း(ရ)ယောက်နှင့် နဝမတန်း(၂)ယောက်ရှိပါသည်။ နှစ်စဉ် ပညာသင်နှစ်အစပိုင်း၌ လူဦးရေအပြောင်းအလဲရှိပါသည်။ ပရဟိတကျောင်းကို လှူဒါန်းလိုပါက နံနက်စာ(သို့)ညနေစာ အာဟာရဒါန ဝက်သားနှင့်ကျွေးမွေးလိုပါက အလှူငွေ (ရဝဝဝဝိ/-) ကျပ်၊ ကြက်သားနှင့်ကျွေးမွေးလိုပါက အလှူငွေ (၉ဝဝဝဝိ/-)ကျပ် ကုန်ကျမည်ဖြစ်ပြီး ရာသက်ပန် လှူဒါန်းလိုပါက အလှူငွေ သုံးသိန်း(၃ဝဝဝဝဝိ/-)ကျပ် ကုန်ကျပါမည်။ ပရဟိတကျောင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအရပ်ဒေသအသီးသီးရှိ ဆင်းရဲနွမ်းပါး၍ ပညာသင်ကြားနိုင်ခြင်းမရှိကြသော မိမဲ့၊ ဖမဲ့၊ မိဘမဲ့နှင့် ခိုကိုးရာမဲ့တိုင်းရင်းသားကလေးငယ်များ၏ လူမှုဘဝ အခက်အခဲများအား ကူညီကယ်တင်ပြုစု စောင့်ရှောက်ပျိုးထောင်ပေးရေးဖြစ်ပါသည်။ ပညာပဒေသ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ကြီးကြပ်မှုကော်မတီများမှာ ဥက္ကဋ္ဌ ဦးကောဝိဒ၊ ဒုဥက္ကဋ္ဌ ဦးမြင့်၊ အတွင်းရေးမှူး ဦးစိုးမိုးကျော်၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်မြင့်၊ အဖွဲ့ဝင် ဦးကျော်သန်း၊ ဦးမြင့်စော၊ ဦးသံလုံး၊ ဦးမြင့်သူ၊ စာရင်းစစ် ဦးအောင်မင်း၊ တွဲဖက်စာရင်းစစ် ဦးကြင်အောင်နှင့် ဘဏ္ဍရေးမှူး ဦးကောဝိဒတို့ဖြစ်ပါသည်။ ပရဟိတကျောင်းသို့ ဆက်သွယ်လိုပါက ဆရာတော်ဦးကောဝိဒ၊ ရတနာဘုံပြန်ကျောင်းတိုက်၊ ထနောင်းကုန်းကျေးရွာ၊ ကျောက်မျက်အုပ်စု၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖုန်း - ဝ၉၄၇ဝ၅၃၁၈၁၊ ဦးဖေခင်ဦး၊ စိမ့်စမ်းရေ ပရဟိတကူညီထောက်ပံ့ရေးအဖွဲ့၊ "ဧကရာဇ်" ပန်းချီ၊ အလှပြုပြင်ရေးနှင့် ကုန်မျိုးစုံရောင်းဝယ်ရေး၊ ဆိုင်းတန်းလမ်း၊ ဘုရားကြီးရပ်ကွက်၊ မုံရွာမြို့ ၊ ဖုန်း - ဝ၉၄၉၂၅၆ဝ၃၅(အိမ်)၊ ဝ၉၂၅ဝ၂ဝ၅၂၆၅ တို့ ဖြစ်ပါသည်။
 
 

 

htanaunggon orphan2

htanaunggon orphan4
htanaunggon orphan3
htanaunggon orphan5
htanaunggon orphan6
htanaunggon orphan8
htanaunggon orphan7

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.