ကျောက်မျက်ကျေးရွာတွင်လူထုကျန်းမာရေးအကြံပြုဆွေးနွေးခြင်း

kyaukmyet educationtalk1

ဒေသခံများနှင့် ပွင့်လင်းမြင်သာသော ဆက်ဆံရေးရရှိရန် မြန်မာယန်စီကြေးနီစီမံကိန်း၏ အစီအစဉ်များအနက် လမ်းညွှန်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲများပြုလုပ်လျှက်ရှိ ပါသည်။

မြန်မာယန်စီ အမှတ်(၁) ကြေးနီစီမံကိန်း(စံပါယ်တောင်နှင့်ကြေးစင်တောင်) လုပ်ဆောင်မှုများနှင့် လှုပ်ရှားမှုများကို သဘောပေါက်နားလည်မှု တိုးမြှင့်စေရန်အလို့ငှာ မြန်မာယန်စီမှ ဘေးအန္တရာယ်ကင်းစင်ရေး ဌာနနှင့်လူမှုဖွံ့ဖြိုးရေးဌာနမှအဖွဲ့ဝင်များသည် ကျောက်မျက် မူလတန်းကျောင်းသို့ သွားရောက်ပြီး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများ၊ မိဘများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ကျေးရွာသူ ကျေးရွာသားများ စိတ်ဝင်တစားတက်ရောက်ခဲ့ကြပါသည်။
ဟောပြောပွဲ၏ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်ဧရိယာများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို စီမံကိန်းမှ မည်သို့စီမံခန့်ခွဲလုပ်ဆောင်နေကြောင်းနှင့် ထိုသို့ပြုလုပ်ခြင်းဖြင့် မိုင်းလုပ်ငန်းများပြီးစီးသောအခါ ပတ်ဝန်းကျင် ထိခိုက်မှုမရှိပဲစဉ်ဆက်မပြတ် ဖွံဖြိုးစေရန် လုပ်ငန်းလုပ်ဆောင်မှုများကို ဦးတည်ထားပါသည်။ ကျောင်းသူ ကျောင်းသားများအတွက် လိုအပ်သော စာအုပ်များ၊ခဲတံများလှူဒါန်းခဲ့ပါသည်။ ဤအစီအစဉ်ကို ၂ဝ၁၁နှစ်စမှ အစပြု၍ မြန်မာယန်စီ၏ ပရဟိတ အစီအစဉ်အစောပိုင်းကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါသည်။
 

kyaukmyet educationtalk3

kyaukmyet educationtalk4
kyaukmyet educationtalk2

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.