ကံကုန်းကျေးရွာ၏ ဗုဒ္ဓပူဇနိယပွဲတော်

kangon festival3

ကံကုန်းကျေးရွာ၏ သာသနာ့ရိပ်မွန်ဘုန်းကြီးကျောင်းတော်ကြီးအတွက် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တော်သလင်းလဆန်း ၁၂ ရက်နေ့တွင် ကျင်းပလေ့ရှိပါသည်။

ပွဲတော်အတွင်းတွင် ကျေးရွာလူထုသည် နီးစပ်ရာ မိတ်ဆွေများကို ဖိတ်ကြား၍ ကျွေးမွေးဧည့်ခံလေ့ရှိသည်။ ချောတိုင်တက်ပွဲများကိုလည်း တီးလုံးများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်တီးကာ အမျိုးသားများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြန်သည်။ သပိတ်လုံးများယူ၍လည်း သံဃာတော်များကို မဲနှိုက်၍ လှူဒါန်းကြပါသည်။ ဆွမ်းဆန်စိမ်းလောင်းပွဲများကိုလည်း သဒ္ဓါတရားထက်သန်စွာ လောင်းလှူကြပါသည်။ ပွဲတော်လာသူများကိုလည်း ရင်အေးစေရန် အအေးများလည်း တိုက်ကျွေးပါသည်။ အချဉ်ကြိုက်သူများအတွက်လည်း အချဉ်များကို ဇလုံကြီးထဲထည့်က ကြိုက်သလောက်စားဆိုပြီး ကျွေးမွေး ကြသူများလည်း ရရှိပါသည်။ ညပိုင်းများတွင်လည်း လူငယ်များ သီချင်းများသီဆိုကာ ဖျော်ဖြေကြပါသည်။ ပျော်ရွှင်ကြည်နူးစရာ ကုသိုလ်ပွားစရာ ပွဲတော်တစ်ပွဲ ဖြစ်ပါသည်။

 

kangon festival1

kangon festival2
kangon festival4

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.