စီပီအာ လေ့လာသိရှိခြင်း

cpr training 1

"ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ကျန်းမာရေးကောင်းခြင်းထက် တန်ဖိုးထားစရာ ကျွနု်ပ်တို့ဘဝ၌ မရှိချေ။

ကျန်းမာရေးမကောင်းပါက ပျော်ရွှင်ခြင်းမရှိ၊ ငြိမ်းချမ်းခြင်းမရှိ၊ အောင်မြင်ခြင်းနတ္ထိ။ မြန်မာယန်စီသည် အလိုအလျောက်သက်ပြန်ရှုရန် လုပ်ရသော နည်းစဉ် (စီပီအာ) ပညာပေးသင်တန်းတစ်ခုအား ဝိုင်အိုင်စီမှ ဆရာဝန်များကြီးမှူး၍ အုပ်ချုပ်ရေးရုံးဟောင်း၌ ငါးရက်တာ သင်တန်းတိုတစ်ခု ဖွင့်လှစ်ပို့ချ သင်ကြားပေး ခဲ့ပါသည်။ စီပီအာဆိုသည်မှာ အိပ်ပျော်သည်နှင့် ဆင်တူပြီး ဆူညံသံကို ပြန်လည်တုန့်ပြန်မှုမရှိ ကိုယ်ခန္ဓာရှိ နေသာသူတစ်စုံတစ်ယောက်အား ပြန်လည်အသက်ရှုရန် လုပ်ရသော အဆင့်များပါသော နည်းစဉ် တစ်ခုဖြစ်သည်။ လုံးဝတုန့်ပြန်မှုမရှိ၊ လုံးဝအသက်ရှုမှုမရှိ ၊နှလုံးခုန်ရပ်သွားသူများသည် စီပီအာလုပ်ရပါမည်။ နှလုံးပြန်လည် အလုပ်လုပ်ရန်နှင့် ပြန်လည်သွေးလှည့်ပတ်မှုရှိစေရန် နှလုံးနှိုးဆွသည့်နေရာအား ဖိခြင်းနှင့် ပြန်လည်အသက်ရှုရန် အားကူပေးခြင်းများ နှစ်မျိုးပေါင်းစပ်လုပ်ခြင်းဖြစ်ပါသည်။ လူတစ်ယောက်၏အသက်အား အရေးပေါ်ကူညီရာတွင် စီပီအာသည် အလွန်တန်ဖိုးရှိပါသည်။ မြန်မာယန်စီ ဌာနအသီးသီးမှ သင်တန်းသားများ အားလုံးအတွက် ထိုသို့ အသိပညာပေးခဲ့ပြီး သင်တန်းဆရာမှာ ဝိုင်အိုင်စီမှ ဒေါက်တာ ဦးတင်တိုး ဖြစ်သည်။ ဝန်ထမ်းများတက်ရောက်မှု အဆင်ပြေစေရေးအတွက် မနက်ပိုင်း၊ ညနေပိုင်း နှစ်ဆိုင်းခွဲ၍ သင်ကြားပေးခဲ့ပါ သည်။

 

cpr training 2

cpr training 3
cpr training 5
cpr training 4
cpr training 6

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.