အခြေခံမီးသတ်ပညာသင်တန်း

2016 fire training1

မြန်မာယန်စီကော့ပါးလီမိတက်၏ အခြေခံမီးသတ်ပညာသင်တန်း (လက်နက်မဲ့) ဖွင့်ပွဲအခမ်းအနားကို ဆားလင်းကြီးမြို့နယ်၊ ကြေးနီမိုင်းမြို့၊ နဝရတ်ခန်းမတွင် ၂၈.၁၁.၂၀၁၆(တနင်္လာနေ့)တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲသို့ မြို့နယ် မီးသတ်ရုံးမှ အရာရှိများ၊ မြန်မာယန်စီဌာနအသိီးသီးမှ ဌာနမှူးများ၊ သင်တန်းတက်ရောက်မည့်သူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းဆရာမှ သင်တန်းသားများအား စစ်ရေးလေ့ကျင့်မှု၊ မီးသတ်ပညာနှင့် မီးလောင်ခြင်းနှင့် ပတ်သက်သမျှတို့ကို စိတ်ရှည်ရှည်နှင့် နားလည် သဘောပေါက်အောင် သေချာရှင်းလင်းပြသလက်တွေ့လုပ်ပြပါသည်။ သင်တန်းသားများမှလည်း မိမိတို့၏ ကိုယ်စွမ်း ဥာဏ်စွမ်း အစွမ်းကုန် ထုတ်သုံး၍ လေ့ကျင့်လိုက်နာ လက်တွေ့လုပ်သင်ယူခဲ့ကြပါသည်။ "မီးဘေးရှောင် မလောင်ခင်တား" ဟူသော ဆောင်ပုဒ်နှင့် အညီ သတိဝီရိယထားပြီး နေရမည်ဖြစ်သကဲ့သို့ မီးလောင်လာပါက" မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြိမ်း" ဟူသော မီးသတ်ဆောင်ပုဒ် ကိုလက်ကိုင်ထားပြီး လောင်နေသောမီးကို အမြန်ငြိမ်းသတ်ရမည်မှာ မီးသတ်သမားတိုင်း၏ တာဝန်သာဖြစ်ပေတေ့ာသည်။ မီးသတ်ခြင်း နှင့်ပတ်သက်၍ သင်တန်းသားများအတွက် ပိုမိုဗဟုသုတပိုသိမြင်လာစေပါသည်။ သင်တန်းကာလမှာ (၂၈.၁၁.၂၀၁၆) မှ (၉.၁၂.၂၀၁၆) ရက်နေ့အထိ ဆယ်ရက်တိုင်တိုင် သင်တန်းသား(၅၀)ဦးကို လက်တွေ့စာတွေ့သင်ကြားပေးခဲ့ပါသည်

 

2016 fire training2

2016 fire training7
2016 fire training8
2016 fire training3
2016 fire training4
2016 fire training5
2016 fire training9
2016 fire training10
2016 fire training11

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.