MYTCL မှရွှေပန်းခိုင်ရွာတွင်ဟောပြောပွဲပြုလုပ်ခြင်း

shwepankhine school talk1

သတ္တုတွင်းစီမံကိန်းအနီးပတ်ဝန်းကျင်ကျေးရွာများတွင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးရန်နှင့် ကျန်းမာရေး အသိပညာများ တိုးတက်စေရန်အတွက် ဟောပြောပွဲအစီအစဉ်တစ်ခုအား MYTCL မှကိုယ်စားလှယ်များသည် ရွှေပန်းခိုင်ကျေးရွာမူလတန်းကျောင်း တွင်ပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲကိုMYTCL၏ QHSE ဌာန (အရည်အသွေး၊ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး) နှင့် CSD ဌာနမှအဖွဲ့ဝင်များဦးဆောင်၍ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲသို့ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ မိဘများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကျေးရွာသားများ စိတ်ဝင်စားစွာ တက် ရောက်ခဲ့ကြသည်။ ကိုယ်စားလှယ်အဖွဲ့သည် သတ္တုတွင်းလုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာထိန်းသိမ်းရေး ကိစ္စများကို ရေရှည်တည်တံ့စေရန်အတွက် ပြုပြင်ထိန်းသိမ်းရန် ကြိုစားလုပ်ကိုင်ဆောင်ရွက်နေကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် ကျောင်းသား/ကျောင်းသူများအတွက် စာအုပ်များ၊ ခဲတံများပေး အပ်လှူဒါန်း ခဲ့သည်။

 

shwepankhine school talk2

shwepankhine school talk4
shwepankhine school talk5
shwepankhine school talk6
shwepankhine school talk3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.