လုံခြုံရေးအထူးတပ်ဖွဲ့သင်တန်းဆင်းပွဲအခမ်းအနား

security training1

မြန်မာယန်စီ၏ လမ်းညွှန်မှုအောက်တွင်ရှိသော လုံခြုံရေးအထူးတပ်ဖွဲ့သင်တန်းအမှတ်စဉ် (၁/၂ဝ၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ၃.၂.၂ဝ၁၇ ( သောကြာ) နေ့တွင် မိုင်းမြို့နဝရတ်ခန်းမတွင် ကျင်းပခဲ့ပါသည်။

စပယ်တောင်၊ကြေးစင်တောင် သတ္တုတွင်း အတွက်မြန်မာ ယန်စီမှ ခန့်အပ်ထားသော လုံခြုံရေးဌာနနှင့် မီးသတ်ဌာနရှိ လုံခြုံရေး ဝန်ထမ်းများအား ပို၍ကောင်းမွန်သော အရည်အသွေးများမြှင့်တင် စေရန်အတွက် Peace Rays Security Service Company မှ သင်တန်းများပေးလျှက်ရှိပါသည်။ သင်တန်းဆင်းပွဲအခါသမယတွင် သင်တန်းသားများ၊ MYTCL အရာရှိများ၊ MEHL အရာရှိများ၊ သင်တန်းဆရာများ တက်ရောက်ကြပါသည်။ ဤအထူးသင်တန်းသည် လုံခြုံရေးနှင့် ဆုံးရှုံးမှုထိန်းသိမ်းရေး၊ ကုမ္ပဏီတွင်းလုံခြုံရေးနှင့် မီးသတ်ဝန်ထမ်းများအတွက် ၎င်းတို့၏ လက်ရှိ လုပ်ငန်း တာဝန်များ အတွက် အထောက်အကူပြုစေရန်ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သောနှစ်များတွင်လုံခြုံရေးဌာနရှိတာဝန်ကြီးမားသောနေရာများတွင် လုပ်ငန်းလိုအပ်ချက်အရ ပညာမတတ်သောကျေးရွာသားများ၊ အတိုင်းအတာတစ်ခုလောက်သာပညာတတ်သော သူအများစုကိုခန့်အပ် ဖွဲ့စည်းခဲ့ရသည်။ သတ္တုတွင်းလုပ်ငန်းတွင် Grade-7နှင့်အထက်ရာထူးများသည် ပညာရေးအဆင့်မြင့်ရမည်ဖြစ်ပြီး အနည်းဆုံး အလယ်တန်းပညာ တတ်မြောက်ထားရမည် ဖြစ်သည်။အလုပ်အကိုင်အခွင့်အလမ်းနှင့်အတူ လူမှုအသိုင်းအဝိုင်းအား ကူညီနိုင်ရန် အတွက်MYTCL စီမံခန့်ခွဲမှုဖြင့် ပညာမတတ်သော၊ ကျွမ်းကျင်မှုမရှိသောကျေးရွာသားများကို လုံခြုံရေးကဏ္ဍတွင်လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။ သတ္တုတွင်း ဝန်းကျင်ရှိအဆောက်အဦး၊ ပစ္စည်းများအတွက် ခြံစည်းရိုးခတ်ခြင်း (သို့မဟုတ်)အတားအဆီးပြုလုပ်ခြင်းများ ကိုခွင့်ပြုချက်ပေးခြင်းမရှိသည့်အတွက် လုံခြုံရေးသည်သတ္တုတွင်းလုပ်သားများအတွက် စွန့်စားမှုတစ်ခုဖြစ်သည်။ ရွာသားများ၊ လယ်သမားများ၊ တိရစာ္ဆန်များနှင့် တိရစာ္ဆန်ထိန်းကြောင်းသူများသည် သတ္တုတွင်းအတွက်ငှားရမ်းထားသော မြေပေါ်သို့အဆက်မပြတ် ကျူးကျော်ခြင်းသည်၎င်းတို့နှင့် အလုပ်သမားများအတွက်အန္တရာယ်ဖြစ်စေသည်။ကျေးရွာများနှင့်လုံခြုံရေး ပြဿနာများကြောင့် လုံခြုံရေးအထူးတပ်ကိုဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ MYTCL တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများသည်၎င်းတို့၏ တာဝန်ဝတ္တရားများကို နားလည်သိရှိ စေရန်နှင့် အုပ်စုကိုကျွမ်းကျင်စွာခေါင်းဆောင်နိုင်အတွက် ဤသင်တန်းအသစ်ကို အပိုင်း(၃)ပိုင်းဖြင့်သင်ကြား ခွင့်ပြုခဲ့ သည်။ MYTCL၏ မန်နေးဂျင်းဒါရိုက်တာသည် တိုးတက်မှုကိုအလွန်သဘောကျခဲ့ပြီး သင်တန်းအား အကန့်အသတ်မရှိ ဆက်လက် ခွင့်ပြုထားခဲ့ပါသည်။ သင်တန်း၏ ပထမအသုတ်သည် (၄)ပတ်ဖြစ်ပြီးနေ့စဉ် လေ့ကျင့်ခန်းများ၊သင်တန်းများပို့ချလျှက်ရှိပါသည်။
 

security training2

security training3
security training4
security training5
security training6
security training7

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.