ကျားတွင်းတောင် ဘုန်းတော်ကြီးကျောင်း

kyadwintaung generator1

မြန်မာယန်စီကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူးမှ အထူးအလှူအဖြစ်ပေးလှူသော မီးစက်တစ်လုံးကို ၂၀၁၇ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျားတွင်းတောင်ဘုန်းတော်ကြီးကျောင်းမှလက်ခံရရှိခဲ့သည်။

စံပယ်တောင်၊ကြေးစင်တောင် သတ္တုတွင်း စီမံကိန်း၏ ငှားရမ်းလုပ်ကိုင်နေသောမြေဧရိယာအတွင်းတည်ရှိနေသော ကျားတွင်းတောင်ဘုန်းတော်ကြီးကျောင်း၏ ဆရာတော်မှ(6,500 W) ရှိသော မီးစက်တစ်လုံးအား ဝမ်းမြောက်စွာလက်ခံခဲ့သည်။ အနာဂတ်တွင် သတ္တုတွင်းစီမံကိန်းမှ စွန့်ပစ်မြေစာပုံများသည် ၎င်းဘုန်းတော်ကြီးကျောင်းပတ်ပတ်လည်တွင် စုပုံသွားမည်ဖြစ်သည့်အတွက်ကြောင့် ဘုန်းကြီးကျောင်းသည် သတ္တုတွင်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်လာမည်ဖြစ်သောကြောင့် ဘုန်းတော်ကြီးကျောင်းအတွက် အထူးအလေးပေးစဉ်းစား ကူညီပေးခြင်းဖြစ်သည်။ ကြေးစင်တောင် စွန့်ပစ်မြေစာပုံသည် ဘုန်းကြီးကျောင်း၏အမြင့်ထက် အနည်းငယ်နိမ့်ဆင်းလာမည်ဖြစ်သည့်အတွက် နောက်ပိုင်းတွင် လက်ရှိအသုံးပြုနေသော လမ်းအစား ပို၍ကောင်းမွန် သောနေရာတွင် လမ်းသစ်ကိုဖောက်လုပ်ထားရှိပေးမည်ဖြစ်သည်။ ကျားတွင်းတောင်ထိပ်တွင်တည်ရှိနေသော သမိုင်းဝင် ဘုန်းတော်ကြီးကျောင်းအတွက်လိုအပ်သော ရေနှင့် စွမ်းအင်(လျှပ်စစ်) ကို တိုက်ရိုက်သွယ်တန်းပေးမည်ဖြစ်သည်။

 

kyadwintaung generator2

kyadwintaung generator3
kyadwintaung generator4

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.