ကွင်းဆင်းလေ့လာခြင်း

dsta field training1

မြန်မာယန်စီကုမ္ပဏီမှလုပ်ကိုင်လျှက်ရှိသော မုံရွာစံပယ်တောင်၊ ကြေးစင်တောင် သတ္တုတွင်းစီမံကိန်းသည် အရှေ့တောင် အာရှအတွင်းတွင် တက္ကသိုလ်များနှင့် အဖွဲ့အစည်းများအတွက် သင်တန်းမြေပြင်အဖြစ် မကြာခဏ လာရောက် ကွင်းဆင်း လေ့လာရန်သင့်တော်သောစီမံကိန်းဖြစ်သည်။

တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)၊ အမှတ်စဉ် (၂၂)ဗိုလ်လောင်းသင်တန်း(တတိယနှစ်)မှ ဗိုလ်လောင်း(၁၄)ဦးနှင့် အုပ်ချုပ်သူ(၃)ဦးသည် ၊ ဥက္ကဌ ( မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်) ၏ခွင့်ပြုချက်ဖြင့်စံပယ်တောင်၊ကြေးစင်တောင် ကြေးနီစီမံကိန်းသို့ (၁၈.၆.၂၀၁၇) မှ (၁၅.ရ.၂၀၁၇) ရက်နေ့ထိ ကွင်းဆင်းလေ့လာခြင်းပြုလုပ်ခဲ့ပါသည်။ ဗိုလ်လောင်းများ ကွင်းဆင်းလေ့လာရေးလာရောက်စဉ် နေထိုင်ရေးအတွက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ စီစဉ်ဆောင်ရွက် ပေးပြီး၊ ကွင်းဆင်းလေ့လာရေးတွင် လက်တွေ့လေ့လာသင်ယူမှုများအတွက် မြန်မာယန်စီကုမ္ပဏီမှ စီစဉ်ဆောင်ရွက်ပေးသည်။
စီမံကိန်းသို့ လာရောက်လေ့လာသော အထူးဧည့်သည်တော်များကို နွေးထွေးစွာကြိုဆိုပြီး၊ ၎င်းတို့၏လုပ်ငန်း အတွေ့အကြုံများနှင့် အသိပညာ အတတ်ပညာများကို မျှဝေပေးသည့်အတွက် မြန်မာယန်စီကုမ္ပဏီမှဝန်ထမ်းများကို အထူးကျေးဇူးတင်ပါသည်။
 

dsta field training4

dsta field training5
dsta field training7
dsta field training6

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.