H1N1တုပ်ကွေးရောဂါအတွက် ပညာပေး

h1n1 flu1

မြန်မာယန်စီကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ကူးစက်လာသော H1N1 ကပ်ရောဂါ ၊ ရာသီတုပ်ကွေးရောဂါအပေါ် အစိုးရ၏ ကာကွယ်ရေးအစီအမံများကို တစ်စိတ်တစ်ပိုင်းကူညီသောအားဖြင့် H1N1 flu ရောဂါလက္ခဏာများနှင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို မြန်မာယန်စီ နယ်လှည့်အခမဲ့ဆေးကုသရေးအဖွဲ့မှ လာရောက်ကုသသောလူနာများနှင့် ကျေးရွာသူ/ကျေးရွာ သားများကိုလက်ကမ်းစာစောင်များဖြန့်ဝေပေးလျှက်ရှိပါသည်။

H1N1 Flu ရောဂါလက္ခဏာများ (လက်ကမ်းစာစောင်)
၁။ ချောင်းဆိုးခြင်း
၂။ ဖျားနာခြင်း (အဖျား ၃၇.၈ °C နှင့်အထက်) (၃ရက်အထက်ဖျားခြင်း)
၃။ နှာစေးခြင်း
၄။ ခေါင်းကိုက်ခြင်း
၅။ ခေါင်းမူးခြင်း
၆။ သတိလစ်ခြင်း
ရ။ ကိုယ်လက်များ နာကျင် ကိုက်ခဲခြင်း
၈။ လက်ဖျား၊ ခြေဖျားများအေးစက်ခြင်း
H1N1 ရောဂါကာကွယ်ရန်နည်းလမ်းများ
၁။ နှာခေါင်းစည်း MASK လုံခြုံစွာတပ်ဆင်ရပါမည်။
၂။ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့်အုပ်၍ဆိုးရပါမည်။
၃။ အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်းလက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောရပါမည်။
၄။ လူနေထူထပ်သောနေရာဒေသများသို့ မလိုလားအပ်ပဲသွားခြင်းများရှောင်ကျဉ်သင့်ပါသည်။
၅။ တုပ်ကွေးရောဂါလက္ခဏာပြပြီး ပုံမှန်ဆေးကုသကြည့်၍ ၂ရက်အထက်နေလို့မှ မသက်သာလျှင် နီးစပ်ရာ ဆေးရုံများသို့ အချိန်မှီ သွားရောကရမည်ဖြစ်ပါသည်။
 

h1n1 flu2

h1n1 flu3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.