ဝန်ထမ်းများအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ

eng contest1

၂၀၁၇ ခုနှစ်အတွက်နှစ်စဉ်ကျင်းပလျှက်ရှိသော မြန်မာယန်စီကုမ္ပဏီ၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဆုချီးမြှင့်သော ဒုတိယအကြိမ်မြောက် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို စက်တင်ဘာလ (ရ)ရက်၊ ကြာသပတေးနေ့တွင် မိုင်းမြို့ခန်းမ၌ ကျင်းပခဲ့သည်။

ထိုပြိုင်ပွဲသို့ ဝန်ထမ်း (၂၀၀)ကျော်နှင့် အရာရှိများ တက်ရောက်ခဲ့ပြီး နောက်ဆုံးစကာတင်ပြိုင်ပွဲဝင် (၁၀) ဦးတို့၏ ယှဉ်ပြိုင်လိုသောစိတ်နှင့် ကြိုးစားအားထုတ်မှု များကို ချီးမွမ်းခဲ့ကြသည်။
ဒိုင်လူကြီး (၆) ဦးမှလည်း နောက်ဆုံးစကာတင်ပြိုင်ပွဲဝင်များကို မေးရန်အတွက် မေးခွန်းများကို လျှို့ဝှက်စုစည်း မေးမြန်းခဲ့ကြသည်။ မေးခွန်းများကို ဖြေဆိုချိန်များသည် အလွန် စိတ်ဝင်စားဖွယ်ကောင်းခဲ့သည်။ အထူးသဖြင့် ပြိုင်ပွဲဝင်များအနေဖြင့် ဒေါ်လာသန်းပေါင်းများစွာသာ ရခဲ့မယ်ဆိုလျှင် ၎င်းငွေများနှင့် ဘာလုပ်ကြမလဲဟူသော မေးခွန်းထွက်ပေါ်လာတဲ့အချိန်ပါပဲ။ ပြိုင်ပွဲသည် ကြီးကျယ်ခမ်းနားခဲ့ပြီး ပထမနေရာ ရရှိဖို့အတွက်သည်လည်း ပြိုင်ပွဲဝင်များကြားအလွန်နီးကပ်လာပါသည်။
ဒါကတော့ ပြိုင်ပွဲကြီးတစ်ခုလုံး၏ ဒုတိယပိုင်းပဲဖြစ်ပါတယ်။ ပထမပိုင်းတွင် လွယ်ကူခဲ့ပါသည်။ ပြိုင်ပွဲဝင်များရဲ့ အပြောစမ်းရည်များကို မတူညီသော ဘောင်အတွင်းမှနေ၍ ဒိုင်များမှ နောက်ဆုံးစကာတင် (၁၀) ဦးကိုရွေးချယ် ပေးခဲ့ပါသည်။ အပိုင်း (၂) ပိုင်းလုံးမှ ရမှတ်များနှင့် ရလာဒ်များသည် ပြိုင်ပွဲဝင်များ၏ ဘာသာစကား အသုံးပြုမှု၊ နားလည်မှုစွမ်းရည်၊ အပြောစွမ်းရည်နှင့် အရေးအသားစွမ်းရည် စသည်တို့ကို အခြေခံထားခြင်းဖြစ်ပါသည်။ အဓိက အရေးအကြီးဆုံးမှာ အရေးအသားနှင့် အပြောစွမ်းရည်ကို တင်ဆက်သော နေရာတွင် ရှင်းလင်းပြတ်သားမှုနှင့် ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှုပဲဖြစ်ပါသည်။
ယခုနှစ်တွင် ပြိုင်ပွဲဝင်ခဲ့ကြသော ပြိုင်ပွဲဝင်အားလုံးကို ပိုမိုအားပေးရန်နှင့် ပြိုင်ပွဲဝင်များရဲ့ ခက်ခက်ခဲခဲ ကြိုးစားအားထုတ် မှုများကို အသိအမှတ်ပြုရန်အတွက် ငွေသားဆု (၁၀)ဆု ချီးမြှင့် ပေးမှာဖြစ်သည်။ ပြိုင်ပွဲဝင်ဆုအနေနှင့် အမှတ်တရ ပစ္စည်းနှင့် ငွေ ၅ သောင်းကျပ်ကို နှစ်သိမ့်ဆုရှင် ၇ ဦးအားပေးအပ်ချီးမြှင့်ခဲ့သည်။ နှစ်သိမ့်ဆုရရှိသွားသူများမှာ -
ဦးမြတ်လင်းစိုး (HEW)၊ ဦးထွန်းထွန်းဝင်း (HEW)၊ ဦးစိုးဝဏ္ဏ (QHSE)၊ ဒေါ်မွန်မွန်စိုး (HEW)၊ ဦးတည်နိုင်ထွန်း (HR)၊ ဦးဝင်းကျော်သူ (Supply) နှင့် ဦးအောင်ကိုဇင် (Mining) တို့ဖြစ်သည်။
တတိယဆုကို HR Admin & Training ဌာနမှ ဒေါ်လဲ့ရည်ဝင်းမှရရှိခဲ့ပြီး အမှတ်တရ ပစ္စည်းနှင့် ငွေသားဆု (၁) သိန်း ၅သောင်းကျပ်တိတိကို ချီးမြှင့်ခဲ့သည်။
ဒုတိယဆုကို QHSE Department မှ ဦးသက်ညီညီဆွေမှ ရရှိခဲ့ပြီး အမှတ်တရပစ္စည်းနှင့် ငွေသားဆု ၂ သိန်းကျပ်ကို ချီးမြှင့်ခဲ့သည်။
ပထမဆုကို ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်အရ Mining Division မှ ဦးဇင်ကိုကိုက ရရှိခဲ့ပြီး ငွေသားဆု ၂ သိန်း ၅ သောင်းကျပ်နှင့်အတူ Mining Division အတွက် ဂုဏ်ယူဝင့်ကြွားနိုင်မဲ့ ပထမဆု လက်ဆောင်ကို ပေးအပ်ချီးမြှင့်ပါသည်။
ဤပြိုင်ပွဲကိုကျင်းပနိုင်ရန်အတွက် အုပ်ချုပ်ရေးအရာရှိများမှ လှုံ့ဆော်တိုက်တွန်းပေးခဲ့ပြီး အဖွဲ့အစည်းတွင် အင်္ဂလိပ်စာ ဘာသာစကား လေ့လာမှု စွမ်းရည်တိုးတက်လာမှုကို အားပေးရန်အတွက် ဦးဆောင်ညွှန်ကြားရေးမှူးက ကူညီထောက်ပံ့ပေးခဲ့ပါသည်။ အရေးကြီးစာရွက်စာတမ်းများအားလုံး၊ the ISO system များ၊ the Integrated Management system (IMS) ၊ International Design များအားလုံးနှင့် report structures များအားလုံးကို အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားထားခြင်းဖြစ်ပြီး သတ္တုတွင်း၏ စီမံခန့်ခွဲမှု အရေးကြီးသော အချက်အလက်များကို လည်း၎င်းဘာသာဖြင့်ရေးသားထားပါသည်။ ထိုသူတို့၏ အင်္ဂလိပ်စာ လေ့လာခြင်း၊ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြု ဖော်ထုတ်ပေးရာလည်းရောက်ပါသည်။ ဤအစီအစဉ်သည် ကုမ္ပဏီအတွင်း မြန်မာယန်စီ၏ အနာဂတ်ခေါင်းဆောင်များပေါ်ထွက်လာမှုကို အကူအညီပေးပြီး လက်ရှိ အပြည်ပြည်ဆိုင်ရာ နည်းစနစ်များနှင့်လည်းသင့်လျော်ကိုက်ညီမှာဖြစ်ပါတယ်။
အားလုံးသောစကာတင်ပြိုင်ပွဲဝင် (၁၀) ဦးကိုလည်းဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ထို့အပြင် ပါဝင်ခဲ့သူများနှင့် မြန်မာယန်စီကုမ္ပဏီ၊ ဦးဆောင်ညွှန်ကြားရေးမှူး၏ ထိပ်တန်း(၁၀) ဦးစာရင်တွင်မပါဝင်ခဲ့သူများကိုပါ လာမည့်နှစ် ပြိုင်ပွဲစင်မြင့်ပေါ်မှာ ထပ်မံတွေ့မြင့်ရဖို့ မျှော်လင့်မိပါသည်။
 

eng contest3

eng contest4
eng contest6
eng contest5

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.