ကြက်ခြေနီ ရှေးဦးသူနာပြူသင်တန်း

firstaid 1

QHSE ဌာနမှူး ဦးထွန်းမြင့် ၊အော်ပရေးရှင်း မန်နေဂျာ မစ်စတာ ဝေါလစ်၊ တို့သည် မြန်မာယန်စီကုမ္ပဏီ၏ ကြက်ခြေနီသင်တန်း ဖွင့်ပွဲကို ကြိုဆိုခဲ့ကြသည်။

မြန်မာယန်စီကုမ္ပဏီသည် ၁၆ ကြိမ်မြောက် ရှေးဦးသူနာပြုသင်တန်းကို မိုင်းမြို့စာသင်ကျောင်း မြရတနာခန်းမ၌ ၂၃ရက် အောက်တိုဘာ ၂၀၁၇ တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။မြန်မာယန်စီကုမ္ပဏီမှ အခြေခံအားဖြင့် နှစ်စဉ်နှစ်တိုင်း အဖွဲ့စည်းသို့ ဖိတ်ကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ ၏လမ်းညွန်မှု အရ ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်သည်။ဤသင်တန်းပို့ ချမှုသည် အဓိကအားဖြင့် အလုပ်သမားများ မိမိတို့၏လုပ် ငန်းခွင်တွင် ရှေးဦးသူနာပြုနည်းများ ဆောင်ရွက်နိုင်ရန်ဖြစ်သည်။
မစ်စတာဝေါလစ်ပြင်ဆင်ထားသည့် အကြောင်းအရာများကို QHSE ဌာနမှူး ဦးထွန်းမြင့်မှ မြန်မာဘာသာစကား ဖြင့် တင်ပြခဲ့သည်။ မြန်မာယန်စီကုမ္ပဏီအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးသည် ပထမဦးစားပေးဖြစ်သည်။
ယနေ့ ကျွန်တော်တို့သည် ပန်းတိုင်သို့ နောက်တစ်ဆင့်တက်လှမ်းနိုင်စေရန် ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ် သည်။မြန်မာယန်စီကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဥက္ကဌ မစ်စတာ ကျန်းယူဖိန်း၊ ပတ်ဝန်းကျင်နှင့် ဘေး အန္တရာယ်ကင်းရှင်းရေး ဒါရိုက်တာ ကိုယ်စား အော်ပရေးရှင်း မန်နေဂျာ မစ်စတာ ဂရမ်းဝေါလစ် နှင့်အတူ ခရိုင် ဥက္ကဌ ဦးတင်အောင် တို့မှ ခရိုင်ကြက်ခြေနီ အသင်းနှင့် ခေါင်းဆောင် ဦးသူရထွန်တို့ အားနွေးထွေးစွာ ကြိုဆိုခဲ့ ကြသည်။
မန်နေဂျာ ၊ အလုပ်သမားများ၊ ပြည်ပမှလာရောက်နေထိုင်ကြသူများ ၊ ကန်ထရိုက်တာများ ၊ အလည်လာရောက်ကြသူများ၊နှင့် လေ့ကျင့်ပေးသူများ သည် တစ်ဦးနှင့်တစ်ဦးကြားတွင်း ခင်မင်းရင်းနှီး စွာလုပ်ကိုင်ကြသည် နှင့်အလျှောက် ကျွနု်ပ်တို့၏ မိုင်ဆိုက်အတွင်း တွင် ထိခို်က်ဒဏ်ရာရမှုများ မြင့်တက်လာသည်ကို တွေ့ရသည်။ ကျွနု်ပ်တို့ မိုင်းပတ်ဝန်းကျင်သည် အလွန်အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။ အကယ်၍ မိမိတွင် ရှေးဦးသူနာပြူ သင်တန်းနှင့် ပတ်သက်ပြီး လေ့ကျင့်မှု မရှိခဲ့ပါက ဗဟုသုတ တစ်စုံတစ်ရာမျှ သိရှိမည်မဟုတ်ပါ။ ဤရှေးဦးသူနာ့ြပု သင်တန်းသည် မိမိ၏လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်များ၊ လူစိမ်းများ၊ မိမိကိုယ်တိုင် ဘေးအန္တရာယ်ကင်း စေရန် ရည်ရွယ်ပြီးယနေ့မှစ သင်တန်းပို့ချ မည်ဖြစ်သည်။ ထိုအတွက်ကြောင့် ယနေ့မှစ ဤနေရာတွင် မိမိသည် ဘာကိုလေ့လာမည်ဆို သည်ကို ရင်ဝယ်ပိုက်ထားပါ။
 
" မိမိကိုယ်တိုင်ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမဦးစားပေးဖြစ်သည် - တစ်ဦးနှင့်တစ်ဦးဂရုစိုက်ပါ"
 
လေ့ကျင့်မှုသည် ယေ ဘူယျအား ဖြင့် သင်တန်း ပို့ချမှု တစ်ခုဖြစ်ပြီး အရွယ်ရောက်ပြီးသူများ နှင့် ကလေးသူငယ်များအား အရေး ပေါ် အခြေ အနေတွင်ကူညီနိုင်ရန် နည်းလမ်းများ သင်ကြားပေးခြင်းဖြစ်သည်။ သင်တန်းသို့ မကြာခဏဆိုသလို ပုံမှန် သင်တန်းသားအသစ် ၊ အဟောင်းများပါတက်ရောက် ခဲ့ပြီး ပြုပြင်မွမ်းမံမှုများ လက်တွေ့ဆောင်ရွက်ကြသည်။ မြန်ယန်စီကုမ္ပဏီ တြွင်ရှိသော ဌာနအားလုံးမှ စုစုပေါင်းဝန် ထမ်း (၅၈) ယောက် သည် ရှေးဦးသူနာပြု သင်တန်းသို့တက်ရောက်ခဲ့ပြီး (၅)ရက်တာ သင်တန်းပို့ချမည်ဖြစ် သည်။သင်တန်းဆရာများမှာ ယင်းမာပင် ခရိုင်ကြက်ခြေနီအသင်း၏ လမ်းညွန်မှုအရ ယင်းမာပင် ၊ ကနီတို့ မှ ကြက်ခြေနီအသင်းတို့ မှဖြစ်ပါသည်။

 

firstaid 2
firstaid 3

firstaid 4

firstaid 5

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.