ကထိန်သင်္ကန်းလှူဒါန်းခြင်းအခမ်းအနား

kahtain 2

မိုးရာသီ၏သင်္ကတ၊ မြန်မာတို့၏ ဝါဆိုအချိန်အခါသမယမှ ဝါကျွတ်အချိန်အခါ သို့ ရောက်ရှိလာပြီဖြစ်သည်။ သံဃာတော်များ ဝါတွင်းကာလ ၃လပတ်လုံး သီတင်းသီလဆောက်တည် ပြီးချိန် ၊ ဘုန်းကြီး ကျောင်းများတွင် ကထိန်ခင်း ချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။

ကထိန်ဆိုသည်မှာ ဘာသာရေးဆိုင်ရာရိုးရာ အချိန်အခါဖြစ်ပြီး အောက်တိုဘာလတစ်လလုံးနှင့် နိုဝင်ဘာလ ( တန်ဆောင်မုန်းလပြည့် နေ့ထိ ကျင်းပသော ပွဲတော်တစ်ခုဖြစ်သည်။ ဘုန်းကြီးမျာ၏သီလ စင်ကြယ်မှု အတွက် ကထိန် သင်္ကန်နှင့် အခြားလှူဖွယ် ပစ္စည်းများကို သစ်သားဖြင့်ပြူလုပ်ထားသော ပဒေသပင် များပေါ်တွင် ချိတ်ဆွဲခြင်း နှင့် ရှေးအစဉ်အလာအရ ဝတ်နည်းတော်နှင့်အညီ ချုပ်လုပ်ပြီးသော သင်္ကန်းများကို လှူဒါန်းကြသည်။
ဤကာလတွင် အဖွဲ့အစည်းနှင့်မြန်မာယန်စီကုမ္ပဏီတို့ကြား အပြန်အလှန် ဆောင်ရွက်မှု့များ ၊ မိုင်းမြို့ တွင်း၌လည်း လှုပ်ရှားမှုှု့များရှိကြသည်။ ဤယဉ်ကျေးမှုှု့ဆိုင်ရာ ပွဲတော်ကို စီနီယာတရုတ်လူမျိုးများ နှင့် ကနေဒီယန် မန်နေဂျာများ ပါဝင် ဆင်နွှဲခဲ့ကြပြီး မိုင်းရုံးဝန်ထမ်းများ၏ အစီစဉ်ဖြင့် ဘုန်းကြီးကျောင်းများသို့ လှူဖွယ်ပစ္စည်း များလည်းးပါဝင် လှူဒါန်းခဲ့ကြသည်။
မြန်မာယန်စီ ကုမ္ပဏီ၏ ၂၈ ကြိမ်မြောက် ဘုံကထိန်အလှူပွဲတော်ကို မိုင်းမြို့၊ နဝရတ် ခန်းမတွင် အောက်တိုဘာ ၂၂ရက်နေ့တွင် ကျင်းပခဲ့သည်။ မိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ၊ ဆရာ၊ဆရာမများနှင့် မြန်မာယန်စီကုမ္ပဏီမှ ဌာနအသီးသီးမှ ကထိန်ပွဲတော်တွင် ပါဝင်ခဲ့ကြပြီး ကထိန်သင်္ကန် နှင့် အခြားလှူဖွယ်ပစ္စည်းများ ကို ဘုန်းကြီးကျောင်းများသို့ လှူဒါန်းခဲ့သည်။လှူဒါန်းသောပစ္စည်းများမှာ မျက်နှာသုတ်ပဝါ၊ ဆပ်ပြာ၊ အလှဆင်ချိတ်ဆွဲထားသည့် ပိုက်ဆံများ နှင့် အခြားလှူဖွယ်ပစ္စည်းများဖြစ်ကြ သည်။ ပဒေသာပင်ဟုခေါ်သော (သစ်ပင်ပုံစံ) သစ်သားဖြင့် အလှဆင်ထားသည့် ပေါ်တွင် လှူဒါန်းသည့် ပစ္စည်းများ ကိုအလှချိတ်ဆွဲကြသည်။ မဲစနစ်ဖြင့် ဆုံးဖြတ်ထားသော ပဒေသပင်များကို သက်ဆိုင်ရာဘုန်းကြီး ကျောင်း များသို့ ကားဖြင့် သယ်ဆောင်ပြီး ကထိန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲ ကြသည်။ လှူဒါန်းရန် မဲကြသည့် ဘုန်းကြီးကျောင်းများ မှာ ညောင်ပင်ကြီးကျေးရွာ မှ နှင်တောကျောင်းတိုက် ၊ ကျော်ရွာ ကျေးရွာ မှ ဇေယျာသီရိကျောင်းတိုက် ၊ ဖောင်း ကားကျေးရွာ မှ အောင်ချမ်းသာကျောင်းတိုက် တို့ဖြစ်ကြသည်။
တန်ဆောင်းမုန်း လပြည့်နေ့တွင် ကျင်းပသည့် ဤပွဲတော်ကို မီးထွန်းပွဲတော်ဟူ၍လည်းသိ ကြပြီး ကောင်းမွန်သော အခွင့် အရေးများရရှိစေခြင်း ပျော်ရွှင်စေရန် အတွက် ကျင်းပခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ဘုရား ဟောကြားခဲ့သည့်အတိုင်း သံဃာတော်များ ဥပုဒ်သီလဆောက်တည်ပြီးချိန် ဝါတွင်းကာလ ပြီးဆုံးပြီး သီတင်းကျွတ် အချိန်အခါသို့ ရောက်ရှိပါသောကြောင့် မင်္ဂလာလက်ထက်ပွဲများ ကိုလည်းတစ်ဖန်ပြန်လည် ကျင်းပကြသည်။
 

kahtain 1

kahtain 3
kahtain 6
kahtain 5
kahtain 7

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.