လက်ပံတောင်း တောင်ကြားစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်

latpadaung 1

မြန်မာပြက္ခဒိန် အရ (ရ) လမြောက် ၊အောက်တိုဘာတွင် နှစ်စဉ် သီတင်းကျွတ်ပွဲတော်ကို ကျင်းပကြသည်။ နှစ်တစ် နှစ်၏ထင်ရှားသော ဘာသာရေးဆိုင်ရာပွဲ တော်တစ်ခုလည်းဖြစ်သည်။

ဘုရားများ ၊ နေအိမ်အဆောက် အဦးများ၊ပန်းခြံများတွင် ခမ်းနားစွာ မီးထွန်းပွဲတော် ကိုကျင်းပကြပြီး လူတိုင်းအတွက် ပျော်ရွှင်စရာကောင်း သည့်ဆောင်ရွက်မှုများစွာ ရှိသည်၊
လက်ပတောင်း တောင်ကြားစေတီ တော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် နှင့်ဆွမ်းဆန်စိမ်း လောင်းလှူတော် အလှူတော်မင်္ဂလာကို စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျော်ရွာ ကျေးရွာ အနီးတွင် နိုဝင် ဘာလ (၁) ရက်နေ့ ၂၀၁၇ တွင် ကျင်းပခဲ့သည်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် အဖွဲ့စည်းနှင့် ဒေသခံ များသည် လက်ပတောင်းတောင် တောင်ကြားစေတီတော်ကြီးတွင် မြတ်စွာဘုရားအားရည်မှန်းပြီး ဆီမီတစ်ထောင် ကပ်လှူပူဇော်ပွဲ ကိုကျင်းပ ကြသည်။
ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး အရှည် တည်တံခိုင်မြဲစေရန် ရည်သန်လျှက် စတုတ္တအကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကို ဂေါပကအဖွဲ့မှကြီးမှူး၍ မြန်မာဝမ်ပေါင် ကုမ္ပဏီ၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်၊ နှင့် နယ်မြေခံဒါယကာ ၊ဒါယိကာမ များစုပေါင်းပြီး လက်ပတောင်းတောင်ကြားစေတီ တော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ အမွေးနံသာ ကပ်လှူပူဇော်ခြင်း အခမ်းနားကိုကျင်းပခဲ့သည်။ ပင့်ဖိတ်ထားသော ဆရာတော် (၅၇) ပါးအား သံဃာ့ဒါန ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။ဤအခမ်းအနားသို့ မြန်မာယန် စီကုမ္ပဏီမှ ဌာနမှူးများ၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိ လူကြီးများတက် ရောက်ခဲ့ကြသည်။

 

latpadaung 2

latpadaung 6
latpadaung 7
latpadaung 3
latpadaung 4
latpadaung 5

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.