မိုင်းဆိုက်အတွင်း လမ်းပြုပြင်ခြင်း

road-upgrade 1

ကြေးစင်တောင်နှင့်စံပယ်တောင် စီမံကိန်း ၏ မိုင်းဂိတ် (၁) သည် ဝန်ထမ်းများ သက်ဆိုင်ရာ အလုပ်ဧရိယာမှ အသွားအပြန် ဖယ်ရီ ဘက်စကား များဖြင့် အမြဲတစေ အလုပ်ရှုပ်သောနေရာ ဖြစ်သည်။

ကြေးစင်တောင်နှင့် စံပယ်တောင် စီမံကိန်း တွင် အလုပ်လုပ် နေထိုင်သောသူများ ဆက်သွယ်ရေးတိုးတက်ကောင်းမွန်စေရန် လမ်းပြုပြင်ခြင်းလုပ်ငန်း ကို မြန်မာယန်စီမှ ၂၀၁၇ ၊ စက်တင်ဘာလ ၊၂၈ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။မြန်မာယန်စီ အုပ်ချုပ်ရေး ရုံးအသစ်မှ မိုင်ဆိုက် ဂိတ် (၁) ထိ နှစ်လမ်းသွားလမ်း ပြုပြင်နေပြီး အင်ဂျင်းနီယာ ဌာနမှ ဤစီမံကိန်းကို ဦးဆောင်ဆောင်ရွက် ခဲ့သည်။ ဝန်ထမ်းများ အန္တရယ်ကင်းစွာ လမ်းလျောက်နိုင်ရန် စင်္ကြန်လမ်း သည်လမ်းယခုအခါ ပြီးဆုံးသည်ကအဆင့်ရောက်ရှိပြီးဖြစ်သည်။ ဝန်ထမ်းများ ဆိုက်အတွင်း အသွား၊အပြန် ယာဉ်များဖြတ်သန်းသွားလာနေသော မိုင်းဂိတ်(၁) အဝင်ဧရိယာနေရာတွင် ခြောက်သွေ့သော ဖုန်ထူးခြင်းများ ဝန်ထမ်းများ ထပ်မံခံစားရလိမ့်မည်မဟုတ်တော့ပါ။
ဤသန့်ရှင်းသော ဧရိယာသည် အခြားသောနေရာများအတွက် နမူနာဖြစ်ပြီး အသစ်ဆောက်လုပ်ထားသည့် မိုင်းဂိတ်(၂) ထိ ဆောင်ရွက်ရန် စဉ်းသားဆဲဖြစ်သည်။ ဆေးရုံသို့သွားသည့် မိုင်းမြို့ အဓိကမိန်း လမ်းမ နှင့် ယခုနှစ်အတွင်း ဝန်ချီစက်များသယ်ဆောင်သည့် ကျောက်မျက် ဆိပ်ခံတံတား သို့သွားသည့် လမ်း တို့ကို လမ်းခင်းရန်လည်း စီမံကိန်းရေးဆွဲဆဲဖြစ်သည်။
 

road-upgrade 2

road-upgrade 3
road-upgrade 4

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.