နိုင်ငံအဝန်း ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုးခြင်း

japanese vaccine5

ဂျပန်ဦးနှောက်ရောင် ရောဂါကို အာရှကျေးလက်ဒေသများတွင် အဓိကအားဖြင့်တွေ့ရသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးသူငယ်များ ဂျပန်ဦးနှောက်ရောင်ရောဂါ ခံစားနေရသည်ကို နှစ်စဉ် ရှာဖွေစမ်းသပ်မှုများလုပ်ခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည် Gavi ၊ UNICEF နှင့် WHO တို့နှင့်ပူးပေါင်းဆောင်ရွက် ပြီး မြန်မာနိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးသည့်အစီစဉ်ကို ဆောင်ရွက်ခဲ့သည်။ကာကွယ်ဆေးထိုးနှံခြင်း ရည်ရွယ်ချက်မှာ ရောဂါကာကွယ်နိုင်ရန် နှင့်ရောဂါမှ သေဆုံးခြင်းကိုလျှော့ချရန်ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ စီစဉ်မှုဖြင့် အသက် (၅) နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းသားများကို ကျောင်းအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်းအစီစဉ်ဖြင့် ၂၀၁၇ နိုဝင်ဘာလတွင်လည်းကောင်း၊ အသက် (၉)လမှ (၅)နှစ်အထိကလေးများ၊ ကျောင်းမနေသည့်ကလေးလူငယ်များကို ၊ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးအစီစဉ်ဖြင့် ၂၀၁၇ ဒီဇင်ဘာလတွင်လည်းကောင်း၊ ကာကွယ်ဆေးထိုးရန်လုပ်ဆောင်ခဲ့ သည်။မိုင်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်း ပြီးစီးဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် မိုင်းမြို့ဆေးရုံတွင် အသက် (၉)လမှ (၅)နှစ်အထိကလေးများကိုကာကွယ်ဆေးထိုးပေးခဲ့ပြီး ဆရာဝန်နှင့် သူနာပြုများမှ ကလေးသူငယ်များ အန္တရယ်ကင်းစေရန် နာရီအနည်းငယ်ကြာစောင့်ကြည့်ခဲ့သည်။

 

japanese vaccine3

japanese vaccine4
japanese vaccine1
japanese vaccine2

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.