မြန်မာယန်စီ CSD Rep ဆိုက်လည်ပတ်ခြင်း

sitevisit 2

ကြေးစင်တောင်နှင့်စံပယ်တောင်စီမံကိန်းတွင် မိုင်းပိတ်သိမ်းခြင်းသည် မြန်မာယန်စီကုမ္ပဏီ၏ အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်ပါသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် PR & CSD ၊ အော်ပရေးရှင်းမန်နေဂျာ Mr. Glenn R. Wallis သည် ကျေးရွာ CSD ကိုယ်စားလှယ် များကို မိုင်းဆိုက်အတွင် ကွင်းဆင်း လေ့လာရန် ဒုတိယအကြိမ်ဖိတ်ကြားခဲ့ပြီး လူပုဂ္ဂိုလ်များ ကိုယ်တိုင်အနီကပ်စစ်ဆေးခဲ့ကြသည်။ ဆိုက်အတွင်းသို့ မဝင်ရောက်မီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင်ဘေးအန္တရာယ် ကင်းရှင်းရေး ဌာန တာဝန်ခံ၊အရာရှိ ဦးရဲငွေ မှ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သတ် သည်တို့ကို CSD ကိုယ်စား လှယ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းတို့ လည်ပတ်မည့်နေရာတွင် လိုအပ်သော PPE များကိုလည်း ပြင်ဆင်ခဲ့ကြသည်။ Mr. Glenn R. Wallis သည်၎င်းဦးဆောင်သော လေ့လာ ရေးအဖွဲ့ကို လုပ်ဆောင်မှုများ၏ အစီအစဉ်များကို ပိုမိုရှင်းလင်းထင်ရှားစေရန် လှုပ်ရှားမှုများကို ရှင်းလင်းပြီး လုပ်ငန်းခွင်တွင်းသို့ လိုက်လံပြသ ခဲ့ပါသည်။ဆိုက်အတွင်း လေ့လာနေစဉ် လုပ်ဆောင်မှုများနှင့် စပ်လျဉ်းပြီး မေးခွန်းများ၊အကြံပြုချက်များရှိခဲ့ပြီး Mr Wallis မှလည်း နည်းပညာပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်ချက်များ ပြောခဲ့သည်။ကံကုန်းကျေးရွာ မှ CSD ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးမိုးခိုင်ဦးမှ ဆိုက်တွင်လေ့လာတွေ့ရှိမှု နှင့်ပတ်သက်သည့် မေးခွန်းအချို့နှင့်တစ်ကွ ကုမ္ပဏီသို့ စာတစ်စောင်ပေးပို့ခဲ့သည်။ဆိုက်တွင်း လေ့လာမှူပြီး ဆုံးသည့်တိုင် တွေ့ရှိချက်များအပေါ် CSD ကိုယ်စားလှယ်များ၏အသေးစိတ်မေးမြန်းမှုများကို PR & CSD ဌာနမှူး ဦးကျော်မိုးမှ ပြန်လည်ဖြေကြားခြင်းများပြူလုပ်ခဲ့သည်။
 

sitevisit 7

sitevisit 5
sitevisit 9
sitevisit 4
sitevisit 1

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.