ပထမအကြိမ် Drill ကျွမ်းကျင်မှုဆိုင်ရာ ပြိုင်ပွဲ

drillcontest 10

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆုရရှိသောအလုပ်သမားများကို အသိမှတ်ပြုသည့်အနေဖြင့် "Drill ကျွမ်းကျင်မှုဆိုင်ရာ ပြိုင်ပွဲ ဆုပေးပွဲအခမ်းနား"ကို မြန်မာယန်စီကုမ္ပဏီတွင် ကျင်းပခဲ့ပါသည်။

မြန်မာယန်စီ သတ္တုတူးဖော်ရေးဌာနတွင် နိုဝင်ဘာ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့ထိ Drill ကျွမ်းကျင်မှုဆိုင်ရာ ပြိုင်ပွဲကို ကျင်းပခဲ့ပြီး မန်းနေဂျင်းဒါရိုက်တာ မစ်စတာ ကျန်းရီဖုန်းမှလည်း ဆုရရှိသူများကို ဆုချီးမြှင့်ခဲ့သည်။ထုပ်လုပ်ရေးဆိုင်ရာ drill operator များနှင့် Spotter များလည်း ဝင်ရောက်ကာယှဉ်ပြိုင်ခဲ့ပြီး တက်တက်ကြွကြွဖြင့် ပါဝင်ခဲ့ကြသည်။Drill ကျွမ်းကျင်မှုဆိုင်ရာ ပြိုင်ပွဲကို အဓိကအားဖြင့် လေ့ကျင်မှုဆိုင်ရာ စွမ်းရည်တိုးမြှင့်ရန် နှင့် လုပ်ငန်းကျွမ်းကျင် မှုများ တိုးတက်စေရန်ရည်ရွယ်ပါသည်။ ၎င်းပြိုင်ပွဲကို အခြေခံကျွမ်းကျင်သူများနှင့် နည်းပညာ ကျွမ်းကျင်ဝန်ထမ်းများကြားတွင် ပထမဆုံးအကြီမ် ပြုလုပ်ကျင်းပသည့် ပွဲဖြစ်ပါသည်။ပြိုင်ပွဲကို drill လေ့တွေ့မောင်းနှင်ပြသခြင်း နှင့် စာတွေ့မေးခွန်းများဖြေဆိုခြင်း ဖြင့်ဖွဲ့စည်းထား ပါသည်။ အနီးကပ်ကြီးကြပ်၍ ကြိုးကြိုးစား ယှဉ်ပြိုင်ပြီးနောက်ဆုံးတွင် ပါဝင်ယှဉ်ပြိုင်သူ ခြောက်ဦးမှ လည်း ဆုများရရှိခဲ့ကြသည်။
ဆုရရှိသူများကိုလည်း ယခုထက် မိမိတို့၏ကျွမ်းကျင်မှုကို ပိုမိုတိုးတက်စေပြီး ပိုမိုတိုးတက်စေရန် သင်တန်းများထပ်မံပို့ပေးမည့် အခွင့်အရေးတို့ကိုလည်းရရှိစေပါမည်။ ပြိုင်ပွဲဝင်များမှာ မိမိတို့၏ ကျွမ်းကျင်မှု၊စိတ်အားထက်သန်မှုတို့နှင့် ပူးပေါင်းဆောင်ရွက်လိုသော စိတ်ဓာတ်များ တိုးပွားလာစေ မည်ဖြစ်ပါသည်။
မြန်မာယန်စီ သတ္တုတူးဖော်ရေးဌာန နှင့် ဆုရရှိသည့်ထူးချွန်သည့်အလုပ်သမားများကို အသိမှတ် ပြုသည့် ဆုပေးပွဲသို့ HR ဌာနမှ ဌာနမှုး ဒေါ်သီသီဦး၊ OM Mr. Wallis တို့ လည်းတက်ရောက်ချီးမြှင့် ပေးခဲ့ပါသည်။
 

drillcontest 5

drillcontest 3
drillcontest 4
drillcontest 2
drillcontest 7
drillcontest 8

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.