အလုပ်ချိန်ဆုံးရှုံး ထိခိုက်မှုမရှိသော ရက် ၇၀၀၀ ပြည့်အခမ်းအနား

supplylti 1

အောက်တိုဘာလ ၂၀၁၇ ရက်နေ့တွင် မြန်မာယန်စီကုမ္ပဏီ၏ ဝယ်ယူထောက်ပံရေးဌာနမှ အောင်မြင်မှုများနှင့် တိုးတက်မှုများ ထပ်မံတိုးမြှင့် ရရှိခဲ့ပါသည်။

၁၉၉၉ ခုနှစ်မှစ၍ မြန်မာယန်စီကုမ္ပဏီ၏ ဝယ်ယူထောက်ပံရေးဌာနတွင် ထိခိုက်မှုကြောင့် အလုပ်ချိန်ဆုံးရှုံးမှုများ ကိုသီးခြားမှတ်တမ်းတင်ထားခြင်းမရှိခဲ့သော်လည်း ၎င်းဌာနရှိ အလုပ်သမားများသည် အလုပ်(၂၄)နာရီ အတွင်း မည်သူတစ်ဦးမှ ထိခိုက်ခြင်း၊လွဲမှားခြင်းများ ဖြစ်ပွားမှုမရှိသောကြောင့် (၁၈)နှစ်တွင်း မထင်မှတ်စွာ ရယူခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် အခမ်းအနားသို့ OM Mr. Glenn Wallis တက်ရောက်ခဲ့ပြီး ဝယ်ယူထောက်ပံရေးဌာနမှ မန်နေဂျာ ချိန်စီယူ နှင့် ဌာနမှုး ဦးချစ်အေး သို့ အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။ ဌာနရှိ အလုပ်သမား (၆၀) အား ဆုလက်မှတ်များပေးအပ်ခဲ့ပြီး လက်ဆောင် အဖြစ် နာရီများ ဆုချီးမြှင့်ခဲ့သည်။
ဤဆုနှင့် ပတ်သက်၍ ယခုလူကြီးမင်းတို့ ရောက်ရှိပြီးသော နေရာကို ဆက်လက်ပြီးကာကွယ်စောင့်ရှောက်ပါဟု Mr. Glenn Wallisမှ ဂရုတစိုက် ပြောကြားခဲ့ပါသည်။အောင်မြင်မှုနှင့် ပတ်သက်ပြီး ဝင့်ကြွားစရာမလို၊ နေ့စဉ် နေ့ တိုင်းလောင်စာများ အန္တရာယ်ရှိသော ကုန်ပစ္စည်းများ ကိုင်တွယ်ရခြင်း၊စီမံခန့်ခွဲခြင်း နှင့်လေးလံသောဝန်များကို နေ့စဉ်အဝင်အထွက် သယ်ဆောင်ရခြင်း၊ လေးလံသော ကုန်ပစ္စည်းများ နှင့်အတူ နေ့စဉ်အမျှ လုပ်ဆောင်ရသော ဝန်ထမ်းများ သည် မထင်မှတ်ထားသော စွမ်းဆောင်မှုများ ကို နားလည်ပြီး တိုးတိတ်စွာ ဂုဏ်ယူနိုင်ပါသည်။ အလုပ်သမားများသည်ကောင်းမွန်စွာလုပ်ဆောင်ခဲ့သည့်အတွက် မန်းနေဂျင်း ဒါရို်က်တာ ကိုယ်စား ကျွနု်ပ်မှ ဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။လူကြီးမင်းတို့ ရရှိထားသော အောင်မြင်မှု အတွက် များစွာအထင်ကြီးမိပါသည်။ ဝန်ထမ်းများအားလုံး အန္တရယ်ကင်းရှင်းကြပါစ!
 

supply 6supply 11

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.